1 📷
13.4K 382 7
Z.C - U.C ©
~ပန်းက​လေးများပွင့်​​တော့မည်​...ဖူးတံဝင့်​လိုချီ...
ကျေးလက်​​တောရွာ၏ဓ​လေ့ထုံးစံအတိုင်း စာသင်​​ကျောင်း​ဆောင်​န​ဘေးမှ​နေ၍ ဖျတ်​​လျောက်​မိပါက က​လေးများ၏အသံသာကို သင်​ခန်းစာများနှင့်​တွဲဖတ်​၍ နားဆင်​ရသသည်​မှာနားဝင်​ချိုလှသည်​။
ထို့ပြင့်​ ည​နေ​​ဘက်​​ကျောင်းလွှတ်​သည်​၌ သူပြိုင်​ငါနိုင်​ ​ပြေးထွက်​လာ​သော အဖြူအစိမ်းခတ်​နွမ်းနွမ်းဖြင့်​ အပြုံးပန်းများပန်​ဆင်​ထား​သော ခ​လေးငယ်​များ၏ ပုံရိပ်​​ရောင်​တစ်​ချို့အား ကင်​မရာဖြင့်​ အမိအရရိုက်​ယူနိုင်​​​သော အခွင့်​အ​ရေး​ကောင်းတစ်​ခုပင်​ဖြစ်​သည်​။
ထိုသို့​သော ​မြင်​ကွင်းအား အမိအရဓာက်​ပုံရိုက်​ယူ​နေသည့်​ ​ကောင်​မ​လေးတစ်​​ယောက်​လဲရှိ​ပေသည်​။
ချလပ်​...ချလပ်​...ချလပ်​။
"​ဝေး...ဓာက်​ပုံဆရာမ​လေး ဓာက်​ပုံရိုက်​လို့မပြီး​သေးဘူးလားဗျ..."
မိမိ ဓာက်​ပုံရိုက်​​နေသည့်​အချိန် စိတ်​၀င်​တစားဖြင့်​ရိုက်​ကူး​နေသည့်​အချိန်​ ပုံမှန်​ဆိုချှင်​ ထိုသို့အသံကျယ်​ကျယ်​ဖြင့်​ပြုလုပ်​မိပါက စိတ်​မကြည်​နိုင်​မည်​ဖြစ်​​သော်​လဲ ​ကျေးလက်​သဘာဝအရ စကား​ပြောဆိုလျှင်​ အသံကျယ်​ကျယ်​ဖြင့်​သာ​ပြောဆိုကျပုံနှင့်​ နယ်​သူအရပ်​သားမဟုတ်​ပါက ၀မ်းပန်းတသာနှုတ်​ခွန်းဆက်​ကာ ​တွေ့သည့်​​နေရာ၌ပင်​ ရယ်​​မောစွာ​ပြောဆိုကျ​သော ဓ​လေ့ထုံးစံများ​ကြောင့်​ သူမစိတ်​မဆိုးမိ။
အ​မေးရှိလျှင်​ အ​ဖြေရှိရမည်​ဖြစ်​​သော​ကြောင့်​ ပြုံ၍ပင်​သာ စကားပြန်​လည်​ဆိုလိုက်​ပါသည်​။
"ပြီးပါပြီ တီ့တီ့ရဲ့ ဒီမှာခ​လေး​တွေ​ကျောင်းကပြန်​လာတဲ့ပုံကိုအမိအရရိုက်​​နေတာပါ ဦး​လေး​က ​တောင်​​ပေါ်ကပြန်​လာတာလား..."
"ဟုတ်​တယ်​​ဟေ့...ဟုတ်​တယ်​ဟ နင့်​အမိုး​လေးက သူ့အတွက်​ထင်းခုတ်​​ပေးပါအုန်းဆိုလို့ ​တောင်​​ပေါ်သွားရတာ​ဟေ့ တစ်​ခါထဲအမဲ​လေးဘာ​လေးရမလားဆိုပြီး​တော့​ပေါ့..."
LOVELY FIRST LOVE 📷✈[Completed-6]Where stories live. Discover now