ချစ်မိသွားသောအခါ

132 6 0
                                    

ချစ်မိသွားသောအခါ
ရင်ဘတ်ဘယ်ခြမ်း၊ ကြမ်း၍ ခုန်သလော
မော၍ တုန်သလော။
ပရုတ်နွေးလိမ်းသော်လည်း
တိမ်းညွှတ်ပြန်သည့်၊ စိတ်သဏ္ဌာန်။
အတိတ်ချန်တော့မလား၊ နိဗ္ဗာန်ထိရွယ်သော်လည်း
ကံဇာတ်ရယ်တိုလှတယ်
မာန်ဓာတ်ကို စွန့်အုန်း။
ပြုံးလျက်ပါကွယ်
နှုတ်ဆတ်ပါတယ်
ရင်ခွင်မှာ ရွှဲနစ်တယ်
ချစ်မိနေတုန်း။

ချစ်မိသွားသောအခါ
ကြည့်ချင်လျက်နှင့် ရှောင်ရသည်
နှောင်ဖွဲ့ပိတ်ပင် စိတ်တွင်ညိုညစ်မှာစိုး၏။
ထိချင်လျက်နှင့် ခွာရသည်
လွှာခြားစီးကာ နီးလူဖြစ်သာ ကျေနပ်၏။
ရှုချင်လျက်နှင့် ရှုံ့ရသည်
ပူချင်လျက်နှင့် တုန့်ရသည်
မမြင်လွယ်သော စည်းကြိုးမျှင်ကို
နီးလွန်းလျှင်မှ သတိရသည်။

မီးသို့ပူလေ၊ ချစ်သူရှိရှိ
မရှိရှိ။
မက်မောတွေဝေ၊ စိတ်က လေလျက်
မြင်မြင်ချင်းချစ် မဟုတ်ပေမယ့်
အစဉ်နစ်ကာ ရင်း၍
ချစ်ကြိုက်မေ့ မဟုတ်
အသစ်ဟူ၍ ထပ်မဖြစ်နိုင်သလို
နေရာလွတ်ပင်မကျန်သည့်
လောင်မျိုက်ခြင်းမျိုး။

ချစ်မိသွားသောအခါ...
အချိန်တွေကို တန်ဖိုးထားတယ်၊ စိန်တွေက ဘာအရေးကြီးလဲ။
လမ်းမှာဆုံရင် နောက်ပြန်လှည့်မကြည့်ပေမယ့် စိတ်ဝိညာဉ်က ကိုယ်ကခွာလင့်ပြီ။
ငယ်ငယ်က ဆုံ၊ အခုဆုံဆုံ၊ ကြီးမှ ဆုံဆုံ
စစချင်း အဟုန်ကတော့ ဘယ်ဒုံးပျံမှ လိုက်မမီသလို၊
ဒုံးပျံတိုင်း နောက်ကောက်ကျန်ခဲ့လိမ့်မည့် လောင်စာမျိုးနဲ့။

အိပ်မပျော်ခင်ဆွေးတယ်၊ အိပ်ပျော်တော့ မက်သေးတယ်၊
အိပ်မပျော်တော့လည်း တွေးရပြန်တယ်။
ဒီလိုနဲ့ နောက်တစ်နေ့ ထပ်တွေ့ရပြန်ရင် ဘယ်လို တုန့်ပြန်မိမလဲကွယ်
ထပ်မတွေ့တော့ရင်တော့ ...

*****

*****

(Zawgyi)

ခ်စ္မိသြားေသာအခါ
ရင္ဘတ္ဘယ္ျခမ္း၊ ၾကမ္း၍ ခုန္သေလာ
ေမာ၍ တုန္သေလာ။
ပ႐ုတ္ေႏြးလိမ္းေသာ္လည္း
တိမ္းၫႊတ္ျပန္သည့္၊ စိတ္သဏၭာန္။
အတိတ္ခ်န္ေတာ့မလား၊ နိဗၺာန္ထိ႐ြယ္ေသာ္လည္း
ကံဇာတ္ရယ္တိုလွတယ္
မာန္ဓာတ္ကို စြန႔္အုန္း။
ၿပဳံးလ်က္ပါကြယ္
ႏႈတ္ဆတ္ပါတယ္
ရင္ခြင္မွာ ႐ႊဲနစ္တယ္
ခ်စ္မိေနတုန္း။

ခ်စ္မိသြားေသာအခါ
ၾကည့္ခ်င္လ်က္ႏွင့္ ေရွာင္ရသည္
ေႏွာင္ဖြဲ႕ပိတ္ပင္ စိတ္တြင္ညိုညစ္မွာစိုး၏။
ထိခ်င္လ်က္ႏွင့္ ခြာရသည္
လႊာျခားစီးကာ နီးလူျဖစ္သာ ေက်နပ္၏။
ရႈခ်င္လ်က္ႏွင့္ ရႈံ႕ရသည္
ပူခ်င္လ်က္ႏွင့္ တုန႔္ရသည္
မျမင္လြယ္ေသာ စည္းႀကိဳးမွ်င္ကို
နီးလြန္းလွ်င္မွ သတိရသည္။

မီးသို႔ပူေလ၊ ခ်စ္သူရွိရွိ
မရွိရွိ။
မက္ေမာေတြေဝ၊ စိတ္က ေလလ်က္
ျမင္ျမင္ခ်င္းခ်စ္ မဟုတ္ေပမယ့္
အစဥ္နစ္ကာ ရင္း၍
ခ်စ္ႀကိဳက္ေမ့ မဟုတ္
အသစ္ဟူ၍ ထပ္မျဖစ္နိုင္သလို
ေနရာလြတ္ပင္မက်န္သည့္
ေလာင္မ်ိဳက္ျခင္းမ်ိဳး။

ခ်စ္မိသြားေသာအခါ...
အခ်ိန္ေတြကို တန္ဖိုးထားတယ္၊ စိန္ေတြက ဘာအေရးႀကီးလဲ။
လမ္းမွာဆုံရင္ ေနာက္ျပန္လွည့္မၾကည့္ေပမယ့္ စိတ္ဝိညာဥ္က ကိုယ္ကခြာလင့္ၿပီ။
ငယ္ငယ္က ဆုံ၊ အခုဆုံဆုံ၊ ႀကီးမွ ဆုံဆုံ
စစခ်င္း အဟုန္ကေတာ့ ဘယ္ဒုံးပ်ံမွ လိုက္မမီသလို၊
ဒုံးပ်ံတိုင္း ေနာက္ေကာက္က်န္ခဲ့လိမ့္မည့္ ေလာင္စာမ်ိဳးနဲ႕။

အိပ္မေပ်ာ္ခင္ေဆြးတယ္၊ အိပ္ေပ်ာ္ေတာ့ မက္ေသးတယ္၊
အိပ္မေပ်ာ္ေတာ့လည္း ေတြးရျပန္တယ္။
ဒီလိုနဲ႕ ေနာက္တစ္ေန႕ ထပ္ေတြ႕ရျပန္ရင္ ဘယ္လို တုန႔္ျပန္မိမလဲကြယ္
ထပ္မေတြ႕ေတာ့ရင္ေတာ့ ...

*****

ချစ်တတ်သောသူWhere stories live. Discover now