ချိုပျစ်တဲ့ ငိုခြင်း

12 1 0
                                    


ပြောင်းစ ဆောင်းနွေ
ရွက်ဟောင်းကြွေလွင့်
ပင့်တက် ပူဖောင်း
ဝါရွက် ရော်ဆွေ
မော်မျှော်ကြည့် ဆဲ
ဝဲ လွင့် လျက် ဝေး။

ကတိ ရှိမှ
ချစ်ကြည့် မှာလား
သစ္စာပီတိ
ရှိမြဲမြံလည်း
ကွဲခွာ ရှင်သေ
ဘဝင် လှည်းသည်
လဲပြောင်း ဖြစ်ပျက်
ကွဲအက်တတ်။

ခါနွေလေရူး
သုန့်ဖြူးကျီစယ်
ချိုချဉ် ကို ဝယ်
နယ်ဖျား ရွာက
ကလေး များအား
ဝေစားခဲ့လျှင်
ရွှင်ပြေး လွှားလိမ့်။

နေလုံးစွေတော့
တွေ လွမ်း ပြန်တယ်
ကံဆုံ ချစ်လျက်
မာန်ဟုန် ရစ်ခဲ့
တုန်နေအောင်စွဲ
လောင်ဆဲ မသေရုံ
ကြုံကြာ ပေါင်းလှဲ့
မယ့်မောင် ရင်သွေး
ဟိုကလေးလိုပြေးလောက် ပီ။

***

(Zawgyi)

ပြောင်းစ ဆောင်းနွေ
ရွက်ဟောင်းကြွေလွင့်
ပင့်တက် ပူဖောင်း
ဝါရွက် ရော်ဆွေ
မော်မျှော်ကြည့် ဆဲ
ဝဲ လွင့် လျက် ဝေး။

ကတိ ရှိမှ
ချစ်ကြည့် မှာလား
သစ္စာပီတိ
ရှိမြဲမြံလည်း
ကွဲခွာ ရှင်သေ
ဘဝင် လှည်းသည်
လဲပြောင်း ဖြစ်ပျက်
ကွဲအက်တတ်။

ခါနွေလေရူး
သုန့်ဖြူးကျီစယ်
ချိုချဉ် ကို ဝယ်
နယ်ဖျား ရွာက
ကလေး များအား
ဝေစားခဲ့လျှင်
ရွှင်ပြေး လွှားလိမ့်။

နေလုံးစွေတော့
တွေ လွမ်း ပြန်တယ်
ကံဆုံ ချစ်လျက်
မာန်ဟုန် ရစ်ခဲ့
တုန်နေအောင်စွဲ
လောင်ဆဲ မသေရုံ
ကြုံကြာ ပေါင်းလှဲ့
မယ့်မောင် ရင်သွေး

***

ချစ်တတ်သောသူWhere stories live. Discover now