မနက်ဖျား

10 1 0
                                    

ထုံမွှေးသင်းနံ့
ဆန့်ခါညည်းသံ
အဖန်ဖန်လွမ်း
နမ်းရှုံ့ ဖက်လှိမ့်
အိပ် မက်ကြခဲ့
သူနဲ့ကိုယ်။

အိပ်ရာကျဉ်းကျဉ်း
တင်းခွ ကန်ကြောက်
ရန်ဖြစ် စလျက်
ညအိပ်နောက်ကျ
ပျောက်ပျော် မွေ့သည့်
နေ့ညများ။

သင်ဖြူးဖျာ တစ်ချပ်
ကမ္ဘာ တစ်ဖက်အတွက်
အိပ်စက်မှောင်ညတွေမှာ
စောင်မပါတောင် ပြည့်စုံခဲ့ရဲ့
မေ့ဟန်ဆောင်သူ။

မနေ့ လေပြင်းဆွေတော့
ပြတင်းမှန်မှာ
အရိပ်သံပေါ်တိုင်း
မျက်စိ မမှိတ်တမ်း
မျှော်လွမ်းလင့်။

မိုးစင်လင်းတော့
နေမင်းဖြာဝင်
ကလကာ ဖျော့
မျော့ခါ လှုပ်ရမ်း
အနမ်းများ ဝေးလွင့်
နွေးဆိတ်၏။

နိုးထ လူလူ
ပူထူ ငူလျက်
ပျက်ချို့ယွင်းလှဲ့
ကိုယ်ခန္ဓာကို
စိတ်မပါဘဲ
ထမ်းရသည်။

ဟိုအရင်
ကြယ်စင်မှိတ်လျက်
လ ထိပ်သာစဉ်
ငြင်သာ စုံဖက်
ခုန်က ပွေ့သည့်
ညဥ့်များစွာကို
လွမ်းတသည်။

***
(Zawgyi)

ထုံမွှေးသင်းနံ့
ဆန့်ခါညည်းသံ
အဖန်ဖန်လွမ်း
နမ်းရှုံ့ ဖက်လှိမ့်
အိပ် မက်ကြခဲ့
သူနဲ့ကိုယ်။

အိပ်ရာကျဉ်းကျဉ်း
တင်းခွ ကန်ကြောက်
ရန်ဖြစ် စလျက်
ညအိပ်နောက်ကျ
ပျောက်ပျော် မွေ့သည့်
နေ့ညများ။

သင်ဖြူးဖျာ တစ်ချပ်
ကမ္ဘာ တစ်ဖက်အတွက်
မေ့ဟန်ဆောင်သူ။

မနေ့ လေပြင်းဆွေတော့
ပြတင်းမှန်မှာ
အရိပ်သံပေါ်တိုင်း
မျက်စိ မမှိတ်တမ်း
မျှော်လွမ်းလင့်။

မိုးစင်လင်းတော့
နေမင်းဖြာဝင်
ကလကာ ဖျော့
မျော့ခါ လှုပ်ရမ်း
အနမ်းများ ဝေးလွင့်
နွေးဆိတ်၏။

နိုးထ လူလူ
ပူထူ ငူလျက်
ပျက်ချို့ယွင်းလှဲ့
ကိုယ်ခန္ဓာကို
စိတ်မပါဘဲ
ထမ်းရသည်။

ဟိုအရင်
ကြယ်စင်မှိတ်လျက်
လ ထိပ်သာစဉ်
ငြင်သာ စုံဖက်
ခုန်က ပွေ့သည့်
ညဥ့်များစွာကို
လွမ်းတသည်။

***

ချစ်တတ်သောသူWhere stories live. Discover now