မိုးလေကဖွဲ
တွဲလွဲယိုင် ဘောင်တန်းက ရေစက်။
ပြာမွဲမွဲ ဝေဟင်ကြောင့်
ငယ့်ရင်မှာ လှပ်။ငယ်တုန်းကပေါ့
ဆော့ရ ပျော်ရတာအမော။
မိုးရွာရင် သူလာခေါ်
အော်ဟစ်ပြေး မိုးရေကစားတယ်
အေးလို့ တုန်ရော။တတွတ်တွတ်တီ
ငှက်တို့မည် သိုက်ခွဲ။
အသိုက်ချင်း နီးသော်ငြား
ခြားလှသည် ဘဝ ဘဝ
နေ့ညကယ် ရှာရသည့် ဝမ်းစာ
တမ်းတ ၍လား။မနေ့ကွယ် မိုးတွေသည်းတယ်
ငယ့်ကိုယ်မှာ ရွှဲနစ်အောင်
ညဥ့်နက်မိုး ဓာတ်မီးတိုင်အောက်
လက် အိုင် ဖြောက်တုန်း။
မိုးရေတွေ စိုတော့
ဟိုအရင် ငယ်စဉ်ကို တမ်းတယ်
နွမ်းလျလျပြုံး။ပြေးလွှားသံနဲ့ ထပ်တူ
သူပေါ်လာတယ် ထီးတစ်ချောင်းနဲ့
ကျောင်းတက်ခဲ့တုန်းကလိုလား။
စိုနေပြီဘဲ၊ ထပ်စိုလဲ မထူးတော့သလို
အပိုတွေကို သူသိပ်လုပ်တယ်
ကျိတ်မှိတ် လူရိုး။ချစ်သော်လည်း မငြား
ငြားသော်လည်း မချစ်
ရင်နစ်စွာခွဲ။
မွဲပြာပြာ ကောင်းကင်
စင်ကြယ်တဲ့ မိုး
အစိုးမရတဲ့ နှလုံး
အဆုံးမရှိတဲ့ ပြာမှိုင်းမှိုင်းတွေအောက်
စောင့်ရစ် နေဆဲ။*****
(Zawgyi)
မိုးေလကဖြဲ
တြဲလြဲယိုင္ ေဘာင္တန္းက ေရစက္။
ျပာမြဲမြဲ ေဝဟင္ေၾကာင့္
ငယ့္ရင္မွာ လွပ္။ငယ္တုန္းကေပါ့
ေဆာ့ရ ေပ်ာ္ရတာအေမာ။
မိုး႐ြာရင္ သူလာေခၚ
ေအာ္ဟစ္ေျပး မိုးေရကစားတယ္
ေအးလို႔ တုန္ေရာ။တတြတ္တြတ္တီ
ငွက္တို႔မည္ သိုက္ခြဲ။
အသိုက္ခ်င္း နီးေသာ္ျငား
ျခားလွသည္ ဘဝ ဘဝ
ေန႕ညကယ္ ရွာရသည့္ ဝမ္းစာ
တမ္းတ ၍လား။မေန႕ကြယ္ မိုးေတြသည္းတယ္
ငယ့္ကိုယ္မွာ ႐ႊဲနစ္ေအာင္
ညဥ့္နက္မိုး ဓာတ္မီးတိုင္ေအာက္
လက္ အိုင္ ေျဖာက္တုန္း။
မိုးေရေတြ စိုေတာ့
ဟိုအရင္ ငယ္စဥ္ကို တမ္းတယ္
ႏြမ္းလ်လ်ၿပဳံး။ေျပးလႊားသံနဲ႕ ထပ္တူ
သူေပၚလာတယ္ ထီးတစ္ေခ်ာင္းနဲ႕
ေက်ာင္းတက္ခဲ့တုန္းကလိုလား။
စိုေနၿပီဘဲ၊ ထပ္စိုလဲ မထူးေတာ့သလို
အပိုေတြကို သူသိပ္လုပ္တယ္
က်ိတ္မွိတ္ လူရိုး။ခ်စ္ေသာ္လည္း မျငား
ျငားေသာ္လည္း မခ်စ္
ရင္နစ္စြာခြဲ။
မြဲျပာျပာ ေကာင္းကင္
စင္ၾကယ္တဲ့ မိုး
အစိုးမရတဲ့ ႏွလုံး
အဆုံးမရွိတဲ့ ျပာမွိုင္းမွိုင္းေတြေအာက္
ေစာင့္ရစ္ ေနဆဲ။*****
![](https://img.wattpad.com/cover/202266279-288-k96643.jpg)
YOU ARE READING
ချစ်တတ်သောသူ
Poetryချစ်တတ်သော သူများအတွက် ... ချစ်ခဲ့ ချစ်ဆဲ ချစ်လိမ့်အုန်းမည့် နှလုံးရင်မှ သက်ဆိုင်သူသို့ ... "ပွင့်လန်းခဲ့သော ပန်းကလေး၊ လွမ်းဆွေးလျက်သာ၊ ပက်ဖြန်းဆွတ်သော၊ ချစ်ဝတ်ရည်တို့ကို၊ ကျေးဇူး ချီပါသည်၊ ဤသစ္စာမှန်၊ ကမ္ဘာတန်လျှင်၊ ကြင်နာသက်ထား၊ လှပ်ဟပ်ပါစေသောဝ်...