စစ်ကူးယဉ်

16 0 0
                                    


ဖေနဲ့မေ...
လွမ်း နေ့ရက်များ၊
မသေကန်းခဲ့
လက်ခြေပဲ့ထွက်၊
မှတ်မိသေးရဲ့
လက်ဆုံစားတဲ့၊
ထမင်းဝိုင်းလေး။

ကိုကို...
သားကို စ ပါ၊
မသွားရဲ့ တား
ပြုံးခဲ့ပြကာ၊
ကျည်ရာ ထပ်ထပ်
ဟပ်ခဲ့သေး။

ငယ့်ဆွေ...
ရွဲ့၍ပြေးလွှား၊
ကစားကွင်းပတ်
ကျောင်းကွက်လပ်မှာ၊
တို့ခြေရာတွေ
ရေတွက်လေ။

ကျည်ဆံတွေ...
ဆန်ဝဲလေထဲ၊
မှန်ခဲ့ ဒုန်းဒိုင်း
အပိုင်းပိုင်းပြတ်၊
တို့ခြေလက် ထက်
ကွက်လပ် ရင်မှာ
ပိုများသည်။

ကိုယ်ချင်းရယ်စာ...
ကိုယ့် အဖ အကို အမေ
ကိုယ့်ဆွေချစ်တွေ
ခွဲခွာရစ်လို့
အထီးတည်း။

စစ်ရယ် စစ်ရယ်
နစ်နာရကျိုး တန်ရဲ့လား...
ဟန်ဆောင်နှုတ်ပြုံး၊
ရုပ်အပုပ်ချင်း
ကြွင်းမဲ့ချစ်တွေ၊
သက္ကရာဇ်များက
လှောင်ဟားမည်။

စစ်ဟု ဒုက္ခ၊
မဖြစ်ခဲ့ငြား
သားနဲ့ ကိုကို၊
စနောက်ငိုလျှင်
မေက ငေါက်လိမ့်၊
နေအိမ်ဟာညံ
သံဗလံငွေ့၊
ဖေ့ကိုကြိုလိမ့်
ရေချိုအေးလေး၊
ပြေးခပ်မည်။

******

(Zawgyi)

ဖေနဲ့မေ...
လွမ်း နေ့ရက်များ၊
မသေကန်းခဲ့
လက်ခြေပဲ့ထွက်၊
မှတ်မိသေးရဲ့
လက်ဆုံစားတဲ့၊
ထမင်းဝိုင်းလေး။

ကိုကို...
သားကို စ ပါ၊
မသွားရဲ့ တား
ပြုံးခဲ့ပြကာ၊
ကျည်ရာ ထပ်ထပ်
ဟပ်ခဲ့သေး။

ငယ့်ဆွေ...
ရွဲ့၍ပြေးလွှား၊
ကစားကွင်းပတ်
ကျောင်းကွက်လပ်မှာ၊
တို့ခြေရာတွေ
ရေတွက်လေ။

ကျည်ဆံတွေ...
ဆန်ဝဲလေထဲ၊
မှန်ခဲ့ ဒုန်းဒိုင်း
အပိုင်းပိုင်းပြတ်၊
တို့ခြေလက် ထက်
ကွက်လပ် ရင်မှာ
ပိုများသည်။

ကိုယ်ချင်းရယ်စာ...
ကိုယ့် အဖ အကို အမေ
ကိုယ့်ဆွေချစ်တွေ
ခွဲခွာရစ်လို့
အထီးတည်း။

စစ်ရယ် စစ်ရယ်
ဟန်ဆောင်နှုတ်ပြုံး၊
ရုပ်အပုပ်ချင်း
ကြွင်းမဲ့ချစ်တွေ၊
သက္ကရာဇ်များက
လှောင်ဟားမည်။

စစ်ဟု ဒုက္ခ၊
မဖြစ်ခဲ့ငြား
သားနဲ့ ကိုကို၊
စနောက်ငိုလျှင်
မေက ငေါက်လိမ့်၊
နေအိမ်ဟာညံ
သံဗလံငွေ့၊
ဖေ့ကိုကြိုလိမ့်
ရေချိုအေးလေး၊
ပြေးခပ်မည်။

ချစ်တတ်သောသူWhere stories live. Discover now