မှားယွင်းသော သံလိုက်များ

16 2 0
                                    

နေနဲ့လတို့ အတူထွက်ပြီး အတူပျောက်ကွယ်ရင်တောင်
တို့နှစ်ယောက်က အတူလျှောက်လည်လို့ မရနိုင်တဲ့ အချစ်မျိုး။

တို့ရဲ့ကမ္ဘာဟာကျဉ်းတယ်
မဲမှောင်တဲ့တိမ်တိုက်တွေနဲ့
ဆူညံတဲ့ ညဉ်းနက်တွေကြားမှာ
သူတို့လိုတော့ ကလေးငိုသံတွေ မကြားရနိုင်ဘူး။

လူတွေဟာ ကောင်းကင်က အရောင်စုံကို မြင်နိုင်တဲ့ တစ်နေ့ကျရင်
တို့နှစ်ယောက် အတူလက်တွဲပြီး
နောက်ဆုံးခုံမှာ ရုပ်ရှင်သွားကြည့်ကြတာပေါ့။

မေနဲ့ ဖေဟာ စိတ်ပူကြလိမ့်မယ်
သူတို့ ချစ်သလိုဘဲ နားလည်ကြတာကိုး၊အသက် ၂ခုကို စောင့်ရလိမ့်မယ်နော်။

အသက်ကြီးလာတာနဲ့ အမျှ၊
အတူသွားလာတာကို
ခင်တဲ့သူတွေက ခင်တာထက်ကို တစ်မျိုးမြင်တတ်ရင်ရော၊
လောကမှာ အထူးအဆန်းအဖြစ် အကြည့်အပြော မခံချင်ဘူး။

လူတွေဟာ ကြက်ဖကဘဲ တွန်ရပြီး
ကြက်မကဘဲ ဝပ်ရသလို၊
နေကို လက အုပ်ကွယ်ရင်လည်း မကြိုက်ကြ၊ကြောက်ကြလို့ နေမယ်။

ချစ်တာထက် အချိန်တွေ အတူတူကုန်နေတာကို ပိုယုံတယ်။
မေတ္တာထက် လက်ကလေး ဆုပ်ကိုင်ထားတာ ပိုမနွေးဘူးလား။
သစ္စာတုပြီး အပြစ်ရှုတာထက် အိပ်ကြတဲ့အတိုင်း မျက်စိမှိတ်လိုက်ပါလား။
ခေတ်တစ်ခုဟာ ၂ယောက်ထဲအတွက် ရွေးချယ်စရာတွေ အများကြီး။

စစ်ဖြစ်ရင်လဲ အတူတူ ပစ်ကြတာပေါ့၊
ကြည်တစ်တောင့် အပိုဆောင်ထားနော်၊
ခုတင်ကပ်ရက်မှာ အူဝဲအော်ပြီး ပြန်တွေ့မယ်။

အတူတူအိပ်တိုင်း
အတူတူမနိုးကြတာ အများကြီး၊
အဲ့တော့ မိုးလင်းပေါက် စကားပြောကြမယ်၊
သိပ်တော့ မရစ်ကြေး။

တစ်မနက် မေမေဘယ်မှာလဲလို့
သားလေးက မေးရင်...
ဂါဝန်စည်းပြီး တူတူ ဟင်းချက်ကြမယ်နော်။

***

(Zawgyi)

ေနနဲ႕လတို႔ အတူထြက္ၿပီး အတူေပ်ာက္ကြယ္ရင္ေတာင္
တို႔ႏွစ္ေယာက္က အတူေလွ်ာက္လည္လို႔ မရနိုင္တဲ့ အခ်စ္မ်ိဳး။

တို႔ရဲ႕ကမာၻဟာက်ဥ္းတယ္
မဲေမွာင္တဲ့တိမ္တိုက္ေတြနဲ႕
ဆူညံတဲ့ ညဥ္းနက္ေတြၾကားမွာ
သူတို႔လိုေတာ့ ကေလးငိုသံေတြ မၾကားရနိုင္ဘူး။

လူေတြဟာ ေကာင္းကင္က အေရာင္စုံကို ျမင္နိုင္တဲ့ တစ္ေန႕က်ရင္
တို႔ႏွစ္ေယာက္ အတူလက္တြဲၿပီး
ေနာက္ဆုံးခုံမွာ ႐ုပ္ရွင္သြားၾကည့္ၾကတာေပါ့။

ေမနဲ႕ ေဖဟာ စိတ္ပူၾကလိမ့္မယ္
သူတို႔ ခ်စ္သလိုဘဲ နားလည္ၾကတာကိုး၊အသက္ ၂ခုကို ေစာင့္ရလိမ့္မယ္ေနာ္။

အသက္ႀကီးလာတာနဲ႕ အမွ်၊
အတူသြားလာတာကို
ခင္တဲ့သူေတြက ခင္တာထက္ကို တစ္မ်ိဳးျမင္တတ္ရင္ေရာ၊
ေလာကမွာ အထူးအဆန္းအျဖစ္ အၾကည့္အေျပာ မခံခ်င္ဘူး။

လူေတြဟာ ၾကက္ဖကဘဲ တြန္ရၿပီး
ၾကက္မကဘဲ ဝပ္ရသလို၊
ေနကို လက အုပ္ကြယ္ရင္လည္း မႀကိဳက္ၾက၊ေၾကာက္ၾကလို႔ ေနမယ္။

ခ်စ္တာထက္ အခ်ိန္ေတြ အတူတူကုန္ေနတာကို ပိုယုံတယ္။
ေမတၱာထက္ လက္ကေလး ဆုပ္ကိုင္ထားတာ ပိုမေႏြးဘူးလား။
သစၥာတုၿပီး အျပစ္ရႈတာထက္ အိပ္ၾကတဲ့အတိုင္း မ်က္စိမွိတ္လိုက္ပါလား။
ေခတ္တစ္ခုဟာ ၂ေယာက္ထဲအတြက္ ေ႐ြးခ်ယ္စရာေတြ အမ်ားႀကီး။

စစ္ျဖစ္ရင္လဲ အတူတူ ပစ္ၾကတာေပါ့၊
ၾကည္တစ္ေတာင့္ အပိုေဆာင္ထားေနာ္၊
ခုတင္ကပ္ရက္မွာ အူဝဲေအာ္ၿပီး ျပန္ေတြ႕မယ္။

အတူတူအိပ္တိုင္း
အတူတူမနိုးၾကတာ အမ်ားႀကီး၊
အဲ့ေတာ့ မိုးလင္းေပါက္ စကားေျပာၾကမယ္၊
သိပ္ေတာ့ မရစ္ေၾကး။

တစ္မနက္ ေမေမဘယ္မွာလဲလို႔
သားေလးက ေမးရင္...
ဂါဝန္စည္းၿပီး တူတူ ဟင္းခ်က္ၾကမယ္ေနာ္။

***

You've reached the end of published parts.

⏰ Last updated: Feb 14, 2020 ⏰

Add this story to your Library to get notified about new parts!

ချစ်တတ်သောသူWhere stories live. Discover now