တစ်နေ့တာ

38 2 0
                                    

ဟော နိုးပြန်ပြီ
ကဗျာကယာနဲ့ ပြင်ဆင်
ဖီးသပ်တင် မှန်အမြန်ကြည့်လျက်
ကျောင်းတက်ဇောလော။

ဟော ရောက်ပြန်ပြီ...
ဒီလော်ဘီ၊ ညီတန်းတဲ့ခုံတွေ
ဆုံလေခဲ့ မနက် နေ့ ညနေ
တွေ့လေအုန်းမည်စိုး။
ရှောင်ကွေ့ရန်ကြံ
ရှောင်လေတွေ့လေမျိုးနှင့်၊ ကိုယ့်စိတ်ကယ်မှန်တယ်
နောင်ဖန်မှ တိတ်တခိုး ပြန်ထိုင် ငိုရတယ်။လော်ဘီရယ် ကျောင်းထက်သာ ကျယ်ပါစေတော့
မရှောင်ရင် လွတ်တယ်တဲ့လေး
မလွတ်ချင်လို့ကို ရှောင်ခဲ့ ပြန်လေသည်။
အဲ့မှာသာပုန်း... မိမှာ သေချာသတဲ့လေး။

ဟော တက်ပြန်ပြီ
ဒီလက်ချာ၊ များပြားတဲ့လူတွေ
ရာကျော်တဲ့မျက်လုံးတွေ၊
ဆရာကိုကြည့်သူ၊ မှောက်သူ၊ တွေ သူတွေနှင့်
ကိုယ်ကတော့ ကြည့်ချင်သူကို လှမ်းသာကြည့်ရသည်။
အကြည့်တွေ...
သူက ဆရာ့ကို၊ ဆရာက ကိုယ်တို့ကို၊ ကိုယ်က သူ့ကို။
ဆရာက ဟာသပြောရင် သူရယ်တာကြည့်ကိုယ်မပြုံးဘဲ မနေနိုင်။
စာသင်ခြင်းတစ်ခုထက် ပိုခဲ့သော
လက်ချာတွေရယ်၊
ကျောင်းသားကို အားခွန်ပေးတယ်
ဉာဏရောပေါ့။

ဟောရောက်ပြန်ပြီ
ဒီကန်တင်း။
လူတိုးကြိတ်ညက်၊ မရှက်ရွံ့နိုင်
တိုး၍မှာရတဲ့ ကန်စွန်းပလိန်း
ခိုး၍ရှိုက်ရတဲ့ သူ့ရနံ့
အမြဲရနေကြ ဗစ်တိုးရီးယား ဆီးကရက်...

ဟော ရောက်ပြန်ပြီ
ဒီမှတ်တိုင်
သူက ဟိုဘက်၊ ကိုယ်ကဒီဘက်
ခွဲခွာရမည့်အတွက် နှုတ်ဆတ်ချင်ပေမယ့်
မဝံ့ရဲ။
ဝံ့ရဲစွာတော့ ကြည့်နိုင်သည်
ကားရှိတဲ့ ကောင်တွေ ခေါ်တင်ရင်
မလိုက်ဖို့ အကြိမ်ကြိမ်တောင်းတဲ့ ဆု
ပြည့်ခဲ့ပါတယ်။

ဟော အိမ်ပြန်ရောက်တော့
မင်းကို လွမ်းရင် စာမဖတ်နိုင်ဘူး။
ရေးထားတဲ့စာ အပုံအပင်ဟာ
ဖတ်သူမဲ့လျက်။
ရေးတဲ့သူကတော့ ရေးဆဲ၊
တစ်နေ့ မင်းကို ပေးရင် ဖတ်ပေးမှာလား။

*****

(Zawgyi)

ေဟာ နိုးျပန္ၿပီ
ကဗ်ာကယာနဲ႕ ျပင္ဆင္
ဖီးသပ္တင္ မွန္အျမန္ၾကည့္လ်က္
ေက်ာင္းတက္ေဇာေလာ။

ေဟာ ေရာက္ျပန္ၿပီ...
ဒီေလာ္ဘီ၊ ညီတန္းတဲ့ခုံေတြ
ဆုံေလခဲ့ မနက္ ေန႕ ညေန
ေတြ႕ေလအုန္းမည္စိုး။
ေရွာင္ေကြ႕ရန္ႀကံ
ေရွာင္ေလေတြ႕ေလမ်ိဳးႏွင့္၊ ကိုယ့္စိတ္ကယ္မွန္တယ္
ေနာင္ဖန္မွ တိတ္တခိုး ျပန္ထိုင္ ငိုရတယ္။ေလာ္ဘီရယ္ ေက်ာင္းထက္သာ က်ယ္ပါေစေတာ့
မေရွာင္ရင္ လြတ္တယ္တဲ့ေလး
မလြတ္ခ်င္လို႔ကို ေရွာင္ခဲ့ ျပန္ေလသည္။
အဲ့မွာသာပုန္း... မိမွာ ေသခ်ာသတဲ့ေလး။

ေဟာ တက္ျပန္ၿပီ
ဒီလက္ခ်ာ၊ မ်ားျပားတဲ့လူေတြ
ရာေက်ာ္တဲ့မ်က္လုံးေတြ၊
ဆရာကိုၾကည့္သူ၊ ေမွာက္သူ၊ ေတြသူေတြႏွင့္
ကိုယ္ကေတာ့ ၾကည့္ခ်င္သူကို လွမ္းသာၾကည့္ရသည္။
အၾကည့္ေတြ...
သူက ဆရာ့ကို၊ ဆရာက ကိုယ္တို႔ကို၊ ကိုယ္က မင္းကို။
ဆရာက ဟာသေျပာရင္ မင္းရယ္တာၾကည့္ကိုယ္မၿပဳံးဘဲ မေနနိုင္။
စာသင္ျခင္းတစ္ခုထက္ ပိုခဲ့ေသာ
လက္ခ်ာေတြရယ္၊
ေက်ာင္းသားကို အားခြန္ေပးတယ္
ဉာဏေရာေပါ့။

ေဟာေရာက္ျပန္ၿပီ
ဒီကန္တင္း။
လူတိုးႀကိတ္ညက္၊ မရွက္႐ြံ႕နိုင္
တိုး၍မွာရတဲ့ ကန္စြန္းပလိန္း
ခိုး၍ရွိုက္ရတဲ့ သူ႕ရနံ႕
အၿမဲရေနၾက ဗစ္တိုးရီးယား ဆီးကရက္...

ေဟာ ေရာက္ျပန္ၿပီ
ဒီမွတ္တိုင္
သူက ဟိုဘက္၊ ကိုယ္ကဒီဘက္
ခြဲခြာရမည့္အတြက္ ႏႈတ္ဆတ္ခ်င္ေပမယ့္
မဝံ့ရဲ။
ဝံ့ရဲစြာေတာ့ ၾကည့္နိုင္သည္
ကားရွိတဲ့ ေကာင္ေတြ ေခၚတင္ရင္
မလိုက္ဖို႔ အႀကိမ္ႀကိမ္ေတာင္းတဲ့ ဆု
ျပည့္ခဲ့ပါတယ္။

ေဟာ အိမ္ျပန္ေရာက္ေတာ့
မင္းကို လြမ္းရင္ စာမဖတ္နိုင္ဘူး။
ေရးထားတဲ့စာ အပုံအပင္ဟာ
ဖတ္သူမဲ့လ်က္။
ေရးတဲ့သူကေတာ့ ေရးဆဲ၊
တစ္ေန႕ မင္းကို ေပးရင္ ဖတ္ေပးမွာလား။

*****

ချစ်တတ်သောသူWhere stories live. Discover now