part 1

135K 3.5K 115
                                    

Zawgyi version💜

Xiao Zhan တ‌စ်ယောက် စာသင်ခန်းရှေ့ သစ်ပင်အောက်မှာ လူတစ်ယောက်ကို စောင့်နေမိသည်။

"ဟူးး အခုထိမလာသေးဘူး ကြာလိုက်တာ "

ထိုစဉ် ပင်မ ဆောင်မှ အဝတ်အစား ကမင်းသားအလား ....

ကြွကြွရွရွနှင့် လျှောက်လာကာ ‌နောက်‌ကျောတွင်လဲ တယောတစ်လက် လွယ်၍ လျှောက်လာနေသောသူ

"အခုမှပဲ ထွက်လာတော့တယ် ဟွန့်..အနောက်က ကောင်မလေးတွေဆိုသည်မှာလဲ အမြဲ သူ့နောက်ပဲ လိုက်နေကြတာပဲ "

ဟု Xiao Zhan ပါးစပ်မှ ရေရွတ်လိုက်မိသည်။

‌နေ့တိုင်း Zhou Cheng အတန်းဆင်းချိန် လာစောင့်နေရသည်မှာလဲ Xiao Zhan ရဲ့ တနေ့တာ လူပ်ရှားမူ တွေထဲ က တစ်ခု အပါပင်

" ဟျောင့် မင်းကလဲ ဘာလို့ ဒီမှာ ထိုင်နေတာလဲ ကန်တင်းမှာပဲ ‌စောင့်နေပါဆို "

သူ့‌တည့်တည့်ကို ကြည့်ပြီး အော်ပြောနေသော Zhou Cheng ကြောင့်
Xiao Zhan သူ့ကို ပြောသည့် အထင်နှင့် မက်တပ်ရပ်ကာ လက် ပြန်ပြ လိုက်မိသည်။
ထိုစဉ်

"အတန်းချိန်က အဲ့လောက်ကြာမယ် မထင်လို့ပေါ့ အဲ့လိုမှန်းသိရင် အပြင်မှာစောင့်မနေဘူး အတန်းလိုက်တက်ပါတယ် "

ဆိုသော အသံ ကြောင့် Xiao Zhan အနောက် လှည့်ကြည့်မိလိုက်သည်

"ဟမ် Wang Yi Bo!! သူက ဘာလို့ ငါ့နောက် မှာ ထိုင်နေရာလဲ "

Xiao Zhan တစ်ေ‌ယာက် အတွေးနဲ့ မေးခွန်းထုတ်နေမိသည်။

"Zhan Zhan ဒီမှာ ဘာလုပ်နေတာလဲ "

စီနီယာ ဖြစ်သူ Zhou Cheng မှဆိုလာသည်။

"ဟို ဟိုလေ အော် မေလျန် ကျဲ ကျဲ ဆီလာတာပါ "

" အင်း အနောက်မှာ သူထွက်လာပြီ အကို ခဏစောင့်နေလိုက် "

"ဟျောင့် YiBo သွားမယ်လေ၊ Zhan Zhan အကိုသွားလိုက်ဦးမယ်နော် "

Xiao Zhan တစ်ယောာက် သူတိတ်တခိုးချစ်ရတဲ့ စီနီယာကို ပြုံးပြုံး
လေးသာကြည့်ရင်း ကျန်ခဲ့တော့သည်။

Zhou Cheng ဆိုတာက Xiao Zhan အလယ်တန်းကျောင်းသားဘဝ ကတည်းကချစ်ခဲ့ရ တဲ့ စီနီယာ တယောက်
တယောထိုးတာ အရမ်းတော်၊စာ‌လဲ အရမ်းတော်တဲ့ စီနီယာတစ်ယောက် *သူ့သူငယ်ချင်း အချေကောင်နဲ့တော့ ဘာမှကိုမဆိုင် *
နောက် အထက်တန်းအောင်ပြီးတက္က သိုလ်တက်တော့လဲ စီနီယာယူတဲ့ အနုပညာမေဂျာ ပဲလျောက်ခဲ့ တယ်
ကိုယ် ကိုတိုင် ကလဲ ပန်းချီ ဝါသနာလေးလဲ ရှိတော့ အဆင်ပြေသွားတာပေါ့

Crush's friend.( Completed )Where stories live. Discover now