part 2

46K 2.5K 30
                                    

Unicode version💜

"ရော့ Zhou Cheng  ငါ ကြက်ဥ မကြိုက်ဘူး "

"ကြက်ဥပဲ မကြိုက်တာလား ဘေးက ဝက်သားပြားရော"

"သေလိုက်လေ"

"Wang Yibo မင်းကလေ အမြဲ မင်းမကြိုက်တာဆို ငါ့ပဲကျွျးနေရအောင်ငါကမင်းမကြိုက်တာတွေ ပစ်တဲ့ အမိူက်ပုံးကြီးလား "

"စားမှာသာစားစမ်းပါ စကားကိုများတယ်"

ကြက်ဥကြော်တစ်ခုကို ဟိုပန်းကန်ပို့ လိုက် ဒီပန်းက်ပို့လိုက်နဲ့ အလုပ်ရူပ်နေတဲ့ လူနှစ်ယောက်က
အနောက်က မျက်ထောင့်နီနဲ့  စိုက်ကြည့်နေတဲ့ သူကို မတွေ့လိုက်ကြ

မေလျန်နဲ့ တူတူ ကန်တင်းထဲ ဝင်လာ‌စဉ်တွေ့ရတဲ့ မြင်ကွင်းကြောင့် Xiao Zhan တ‌စ်ယောက် ထမင်းပင်စားမဝင်တော့

"ငါ့စီနီယာကို သူက ဘာလို့ ဟင်းထည့်ပေးနေရတာလဲ ဟွန့် 😏..."

"Zhan Zhan ဘာပြောလိုက်တာ ကျဲ ကျဲ မကြားလိုက်လို့ "

"ဟင် ဘာမှ မဟုတ်ပါဘူး စားကောင်းတယ်လို့ ခေါက်ဆွဲက"

"အင်း အင်း စားလေ ကျဲ ကျဲ လဲ ပြီးရင် အစည်းဝေးရှိ‌သေးတယ် "

"ဘာအစည်းဝေးလဲ "

"First Semester ပြီးရင် ကျောင်းကပို့မဲ့ trip ကိစ္စ ဆွေးနွေးကြမလို့ "

"Trip က ကျဲကျဲတို့ တတိယနှစ်တွေပဲလား ပထမနှစ်ရော မပါဘူးလား"

" ပါတယ်လေ Zhan Zhan ရဲ့ အတန်းထဲမှာ သေချာရင်ပြောပြလိမ့်မယ်"

"တကယ်လား အဟိ"

မေလျန်တစ်ယောက် အားတက်သရော trip နဲ့ ပတ်သက်တာတွေ ကို မောင်လုပ်သူအား တခုချင်းပြောပြနေ‌တယ်

*Trip သွားရင်း စီနီယာနဲ့ ရင်းနှီးအောင်လုပ်ရမယ် ပြီးရင်ဖွင့်ပြော ခရီးက ပြန်လာတော့ ရည်းစားတွေ ဖြစ် အဟိ  မဆိုးဘူး အဲ့ အကြံကောင်းတယ် *

တ‌စ်ယောက်ထဲ အတွေး ကမ္ဘာထဲ ပျော်မြူး နေစဉ်

"Zhan Zhan ! Zhan Zhan! Xiao Zhan!!!!!! ဘာတွေတွေးနေတာလဲ ကျဲကျဲ ပြန်တော့မယ် နင်လဲ အတန်းသွားတက်တော့ "

မျက်လုံးနှစ်ဖက် ပိတ်သည်အထိ ပြုံး ပြရင်း

"အင်း ကျဲ  bye "

Crush's friend.( Completed )Where stories live. Discover now