Unicode version 💜
အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက် xiaozhan စကားမပြောပေ
Yi Bo ကတော့ လမ်းမှာတွေ့သမျှအရာတိုင်းကို ပြောရင်း စကားမရှိစကားရှာနေသည်။
Xiaozhan ကတစ်လမ်းလုံး အင်း အဲ သာပြန်ပြောသည်။
အိမ်ရောက်တော့
မား မား က
"သားတို့ ပြန်တည့်သွားပြီလား ""မတည့်သေးဘူးမားမား "
Xiaozhan ရဲ့အဖြေကို Yi Bo တအံ့တဩကြည့်ရင်း
"ဘာလို့လဲ xiaozhan မင်းပဲခုဏ ချစ်ပါတယ်ပြောပြီး ""ချစ်တယ် Yi Bo တော်တော်လေးကိုချစ်တာ ဒါပေမဲ့ အခန်းထဲကို ရည်းစားဟောင်းခေါ်အိပ်တဲ့ သူကိုတော့ ငါခွင့်မလွတ်နိုင်ဘူး"
Xiaozhan အပြောကို မားမားက ခေါင်းငြိမ့်ရင်းသာ ဘာစကားမှ ဝင်မပြော
"ငါ နဲ့ Chu Chu ကရည်းစားဟောင်းဆိုတာ မှန်ပေမဲ့ အဲ့နေ့ညက ငါမူးလာလို့ ငါ့ကို အိမ်ပြန်ပို့ပေးတာ "
"အဲ့တာနဲ့ပဲ မင်းက အခန်းထဲမှာ အိပ်ခိုင်းလိုက်ရောပေါ့ တော်တော်ပေါတဲ့ မိန်းမပဲ "
"Xiaozhan !! မင်းဘယ်လိုစကားပြောလိုက်တာလဲ "
"Yi Bo မင်း ...မင်း.."
ဘာမှ ဆက်မပြောပဲ အိမ်ပေါ်ပြေးတက်သွားတဲ့ xiaozhan ကို ကြည့်ရင်း ......မားမားက
"သားကြီး ဘာလို့ငယ်လေးကို အော်တာလဲ သူဘယ်လောက်ဝမ်းနည်းမလဲ မင်းမစဉ်းစားဘူးလား"
"မားမားရယ် သူက သေချာ မသိပဲ ပြောနေတာကို"
"အေးပါ မင်းတို့ပါ မင်းတို့ပဲ ရှင်းကြတော့ မားမား သွားနားေတာ့မယ် "
Yi Bo တစ်ယောက် xiaozhan အခန်းရှေ့သွားပြီး တံခါးခေါက်လိုက်သည်။
ခဏကြာ တံခါးလာဖွင့်တော့
"Xiaozhan ငါတောင်းပန်ပါတယ် မင်းကို အော်လိုက်တာ အတွက် မင်းကိုရှင်းပြပါ့မယ် "
Xiaozhan တစ်ယောက် ကုတင်ပေါ်မှာ ထိုင်ရင်း Yi Bo က xiaozhan ဘေးဝင်ထိုင်ကာ ထိုနေ့ညက အကြောင်းစုံကို ရှင်းပြလိုက်သည်။
"ရပြီငါနားလည်ပြီ"
*ငါသူ့ကို ဘာလို့များကြာကြာ စိတ်မဆိုးနိုင်ရတာလဲ *