part 3

32.5K 2.1K 22
                                    

Unicode version💜

Wang Yi Bo!
Wang Yi Bo!
Wang Yi Bo!!!

အားပေးသံတွေ  ဆူညံနေတဲ့  ပြိုင်ကွင်းထဲမှာ
ဆရာသမားက   Yamaha   အနက်ရောင်ပေါ်မှာ မျက်မှန်အနက်ကြီးတက်လို့  ဘေးနှစ်ဖက်မှာလဲ  အမိုက်စား Body   နဲ့ ကောင်မလေး  ၂ယောက်က ထီးဆောင်းပေးထားသေးတယ်။

ဒိုင်လူကြီး က ဝီစီ ပထမ တစ်ချက်မူတ်တော့ ဘေးက ရှော်တီ ၂ယောက်လဲ လမ်းအပြင် ထွက်သွားကြသည်။

Wang Yi Bo တစ်ယောက် ပဲများနေတာကရပ်ပီး ဆိုင်ကယ် ဦးထုပ်ဆောင်းကာ အသင့်ပြင်တော့သည်။

ဝီစီသံ အရှည်ကြီးနောက် .....
အနက်ရောင်ဆိုင်ကယ် ၂ စီး ပြိုင်တူထွက်သွားကြသည်။

At Xiao Zhan home,

မား!!!!

အော်ဟစ်ပြီးဝင်လာတဲ့ Xiao Zhan ကြောင့် ဖတ်လက်စ စာအုပ်ကို ဘေးချ ကာ ‌မော့ကြည့်လာသော Xiao Zhan မိခင်

အသားဖြူဖြူ ဆံပင် အတိုနဲ့ ခေတ်ဆန်ဆန် မိန်းမ တစ်ယောက် ပိုက်ဆံရှိသလို မာနကလဲ ကြီး တစ်ယောက်ထဲ ရှိတဲ့ သားအပေါ်လဲ တုန်နေအောင်ချစ်တဲ့ မေမေ

"လန့်လိုက်တာ သားရယ် ဘာဖြစ်လာလို့လဲ ပြောပါဦး"

"မားမား ကျောင်းအနုပညာမေဂျာကလူတွေကိုလေ ဆရာမတွေက trip လိုက်ပို့မှာ အာ့လေ  သားလိုက်လို့ရမလားဟင် "

မျက်နှာငယ်လေးနဲ့ အမေရဲ့လက်မောင်းကိုဖတ်ကာ ကလေးတယောက်လို ပူဆာနေသည်။

"ဘယ်ကိုပို့မှာမို့လို့ သားငယ်ရဲ့ "

"Indonesia က Bali island တဲ့ မားရဲ့ "

"သားလေးသွားချင်ရင် သဘောလေ  ဒါမဲ့ bodyguard တော့ခေါ်သွားနော် "

"ဟာ မားကလဲ သားကခလေးမှမဟုတ်ပဲ"

"သားကရေကြောက်တော့ စိတ်ပူတယ်ခလေးရဲ့ "

"မားကလဲ ကျောင်းက လူတွေနဲ့ သွားမှာလေ ဘယ်ကောင်းမလဲလို့ "

"မား Wang အိမ်တော်ကိုဖုန်းဆက်ကြည့်ပါဦးမယ်"

"ဆက်ပြီးဘာလုပ်မို့လဲ မားကလဲ "

"Wang သခင်လေးလဲ သွားမှာမှတ်လား သားတို့ဖို့ တစ်ခုခုစီစဉ်ဖို့လေ သွား သွား အဝတ်သွားလဲတော့ "

Crush's friend.( Completed )Where stories live. Discover now