part 15

21.8K 1.5K 46
                                    

Unicode version 💜

ညမအိပ်ခင်ကတည်းက xiaozhan ကိုချော့ဖို့တွေးလိုက်တာ မနက်လင်းခါနီးအထိ အိပ်မရ
ကျောင်းသွားဖို့ ပြင်ဆင်လိုက်ပြီး xiaozhan ကိုခေါ်ဖို့ သူ့အခန်းဆီသွားတော့ အလုပ်သမားမလေးက xiaozhan ကျောင်းသွားပြီတဲ့

သူ့ကိုမမှီမှာစိုးလို့ အစောကြီး ထရတဲ့ ကိုယ့်ကိုကိုယ်သနားသွားတယ်

ပုံမှန်ဆို xiaozhan က အစောကြီးနိူးနေကြမို့ သူ့နဲ့ တွေ့အောင် အိပ်ရာ အစောကြီး ထ ရသည်။

ကျောင်းရောက်တော့ အတန်းတောင်မတက်နိုင်ပဲ အသဲအသန်သွားရှာတော့ ယုန်ပေါက်က
ဘောလုံးကန်နေသေးတယ်

"Xiaozhan  ငါစကားပြောချင်လို့ "

ကွင်းပြင်ကနေ  အော်နေတ့ဲYibo  ကို ကြည့်ပြီး မျက်စောင်းတစ်ချက်ထိုးလိုက်သေးသည်။

"Xiaozhan ငါခေါ်နေတယ်လေ "

ပြန်မပြောတာနဲ့ Yi Bo တစ်ယောက် ကွင်းထဲဝင်ကာ လက်ဆွဲပြီး ထွက်လာတော့ နောက်ကနေ ရက်ကန် ရက်ကန် နဲ့ ပါလာသည်။

ဘောကန်နေတဲ့သူတွေအကုန်လုံးကလဲ ပါးစပ်အဟောင်းသားတွေနဲ့

"မင်းဘာလုပ်တာလဲ Yi Bo အကုန်လုံးဝိုင်းကြည့်နေတယ်"

"အာ့ဆိုကားဆီလိုက်ခဲ့ "

ဆိုပြီးခေါ်ကာ အရင်ထွက် ထွက်သွားတဲ့ Yi Bo.
‌နောက်ကို ပြေးလိုက်သွားရသေးသည်။
ကားရှေ့ရောက်တော့

"ကားထဲဝင် "

"ဘာလို့လဲ ပြောစရာရှိရင် ဒီမှာ‌ပဲပြော ငါ ဘောလုံသွားကန်ဦးမို့ "

"Xiaozhan ဝင်ဆိုဝင် "

လက်ကနေဆွဲပြီး ကားထဲ အတင်းဝင်ခိုင်းလို့ ဝင်လိုက်ရသည်။
ကားထဲရောက်တော့

"ရော့ ဒီမှာ ငါမင်းကို မနေ့က အော်မိလို့တောင်းပန်တာ "

(ချော့တာနော်yi Bo လေးက😂 )
ရှေ့ကိုအတင်းထိုးပေးတဲ့ အိတ်ကို ဖွင့်ကြည့်တော့ အထဲမှာ ဘူးတစ်ဘူး ဖိနပ်ဘူးထင်တာပဲ
ဖွင့်ကြည့်လိုက်တော့မှ

Wow!!!

Xiaozhan လိုချင်နေတဲ့ Puma ဖိနပ် အနက်ရောင်လေး

Crush's friend.( Completed )Where stories live. Discover now