part 21🚨🔞

52.6K 1.8K 126
                                    


Unicode version 💜

Wedding day....

အဖြူရောင်ခန်းမကြီးထဲဝယ် လူတွေ လှုပ်လှုပ်ရှားရှား နဲ့ အလုပ်ရှုပ်နေကြသည်။

Wang သူဌေးနဲ့ သူဌေး ကတော်တို့ကလဲ လာတဲ့ ဧည့်သည်တွေကို နူတ်ဆက်နေကြသည်။

လျောက်လမ်းတစ်လျောက်မှာလဲ အဖြူရောင် နှင်းဆီပွင့်ဖတ်တွေ အပြည့်ခင်းထားသည်

အဝတ်စား လဲခန်းဆီကို Yi Bo ရောက်သွားတော့
Xiaozhan တစ်ယောက်မျက်ရည်တွေနဲ့ မျက်နှာကလဲ ရဲနေသည်

"Zhan Zhan ခလေး ဘာလို့လဲ "

Xiaozhan ကိုယ်လေးကိုရင်ခွင်ထဲသွင်းလိုက်သည်။ တော်တော်နဲဖြေမလာပဲ ခေါင်းငုံ့ကာ ငိုနေ‌သေးတာကြောင့် မေးဖျားလေးက်ုကိုင်ကာ မော့စေပြီး နဖူးလေးကို ဖွဖွလေး နမ်းလိုက်သည်။

"ခလေးငယ် ကို့ကိုပြောပြပါ ဘာတွေဖြစ်လို့လဲ "

"မားမားကိုလွမ်းလို့ မားမားသာရှိရင် အရမ်းပျော်နေမှာ "

"Zhan Zhan ရယ် မားမားလဲ ကောင်းကင်ပေါ်က ကြည့်ပြီးတော့ ပျော်နေမှာပါ  မငိုနဲ့တော့ ပွဲစတော့မယ်"

ကလေးလေးကိုရင်ခွင်ထဲထည့်ကာချော့နေလိုက်သည်။
ဒေါက် ဒေါက် ဒေါက်

"အကိုလေး မားမားကြီးတို့လာတယ် "

ဝန်ထမ်းကောင်မလေးကပြောအပြီးနောက်‌ကနေ မားမားနဲ့ပါးပါး ဝင်လာသည်။
မားမားက xiaozhan ငိုထားတာကိုမြင်တော့

"ဟင် သားငယ်လေး ဘာလို့ငိုတာလဲ "

"မားမားကိုသတိရသွားလို့ပါ မားမား"

"ဘာမှအားမငယ်နဲ့နော် သားငယ်လေးက မားမားသားငယ်လေးပဲ "

"ဟုတ်မားမား"

ဆိုကာ Yi Bo ရင်ခွင်ထဲကထွက်ပြီး မားမားနဲ့ ပါးပါးက်ု ပြေးဖက်လေသည်။

"Yi Bo ရေ ဓာတ်ပုံရိုက်ရအောင်လေ "

ZhouCheng တို့ အတွဲနဲ့ မမမေလျန်ပါ ရောက်လာကြသည်။
ပျော်ပျော်ပါးပါး ဓာတ်ပုံရိုက်နေစဉ် အခန်းတွင်းသို့ chu Chu ဝင်လာသည်။ အကြောင်းသိတဲ့ သူအကုန်လုံးက မျက်နှာ ပျက်ယွင်းသွားကြတာကို သတိထားမိတဲ့ chu Chu က

Crush's friend.( Completed )Where stories live. Discover now