part 8

25.5K 2K 78
                                    

Unicode version 💜

Wang Yi Bo ဆီမှ ညည်းသံသဲ့သဲ့ ကြားလိုက်ရသည်။
နဖူးကိုစမ်းကြည့်မိတော့

"ဟာ အရမ်းပူနေတာပဲ စီနီယာ စီနီယာ "

ခေါ်တော့လဲ ဘာမှ ပြန်မပြော

* ငါဘာလုပ်ပေးရမလဲ *

ကိုယ်က လူနာပြုစုဖူးတဲ့ သူလဲ မဟုတ်တော့ဘာလုပ်လို့ဘာကိုင်ရမယ်မသိ အနားမှာရှိတဲ့ သဘက် တစ်ထည်ရေစွတ် ကာ ညစ်ပြီး နဖူးပေါ်တင်ပေးထားလိုက်သည်။

ဇာတ်ကား‌တွေထဲမှာတော့ နေမကောင်းရင် အဲ့လိုလုပ်ပေးတာပဲ‌လေ

‌တအောင့်နေတော့ ရေစိုနေတဲ့ အဝတ်ကတောင်ပူလာတယ် Yu bin ဆီဖုန်းဆက်မှ ဖြစ်မယ် ဆိုတာတွေးမိပြီး ဆက်လိုက်တော့

"ဟျောင့် စီနီယာကိုယ်တွေ ပူနေတယ်ငါဘာလုပ်ရမလဲ "

ဟိုဘက်က အသံတွေကလဲ ဆူညံနေတော့ သေချာမကြားရဘူးထင်ပါရဲ့ လေးငါးခါလောက်ပြောလိုက်ရတယ်

"အရမ်းပူရင်ရေချိုးပေးလိုက်ပေါ့ကွာ ငါ မီးပုံပွဲရောက်နေတယ်ဟ "

စိတ်မရှည်တဲ့လေသံနဲ့ပြောကာ ဖုန်းချသွားသည်။
Xiaozhan တစ်ယောက်ဘာလုပ်ရမှန်းမသိဖြစ်နေရင်း

"ချမ်းတယ် ချမ်းတယ် မားမား သားကို ဖက်ထားပါ တော်တော်ချမ်းတယ်"

Xiaozhan လဲ လက်ထဲက ဖုန်းကိုချ ပြီး ခုတင်ခေါင်းရင်းမှာ ဝင်ထိုင်က နဖူးပေါ်က အဝတ်ကို ဖယ်လိုက်ပြီး ရေထပ်စိမ်ရန် အထ
ခါးကိုလှမ်းဖတ်ထားတဲ့ လက်ပူပူတွေ တင်းကြပ်နေတာပဲ ဖြုတ်ပစ်လို့လဲမရ

နဖူးကိုစမ်းကြည့်တော့လဲ ပူကျစ်နေတာပဲ
Yi Bo တစ်ယောက်လည်းချမ်းတယ်ပဲအော်နေတယ်
ည ၁၁ နာရီလဲ ထိုးပြီ ခါးကိုဖက်ထားတဲ့ လက်တွေက လဲ မဖယ် ကိုယ်လဲ တော်တော်လေးအိပ်ငိုက်လာတော့ Yi Bo ဘေးမှာပဲ ဝင်အိပ်နေလိုက်သည်။

Yi Bo (POV)

မိုးလင်းလာတော့ ရင်ခွင်ထဲရောက်နေတဲ့ ယုန်လေးတစ်ကောင် နူတ်ခမ်းအောက်က မှဲ့လေးကလဲ ထင်းလို့ သဘာဝကိုလွန်ဆန်တဲ့ ဆိုးဆေးတွေ မဆိုးထားပါတဲ့ ပန်းနုရောင်နူတ်ခမ်းလေး

"အား ခလေးရာ ချစ်လွန်းလို့ ရူးမှာပဲ "

တိုးတိုးလေးပြောကာ နူတ်ခမ်းဖူးဖူးလေးကို နမ်းလိုက်တော့ xiaozhan ကိုယ်လေး လှုပ်ရွရွ ဖြစ်လာတာနဲ့ Yi Bo တစ်ယောက် မျက်လုံးပြန်မှိတ်ကာနေလိုက်သည်။

Crush's friend.( Completed )Where stories live. Discover now