part 13

23.1K 1.5K 74
                                    

Unicode version 💜

( ( ++ တွေမို့ အဆင်မပြေရင်ကျော်သွားပါနော် ဒီအပိုင်းကို အခုမှရေးတာမို့ အမှ‌ားတွေလဲ ပါကောင်းပါပ့လိမ့်မယ် ))

___________________________________________

Yi Bo အိပ်နေတုန်း သူစားဖို့ တခုခု စီစဉ်ဖို့လုပ်ရသည်။

မီးဖိုချောင်သွားပြီးရေခဲ သေတ္တာဖွင့်ကြည့်တော့ ဘာမှ မရှိတာနဲ့ အနားက market တခုခု ကိုသွားဖို့ပြင်လိုက်သည်။

အဖျားကျရဲ့လား နောက်တကြိမ်သွားကြည့်တော့
ညည်းသံထွက်နေလေရဲ့ အဲ့တာနဲ့ အနားသွားပြီး ကိုယ်ပူစမ်းကြည့်တော့ တော်တော်လေး ပူနေတာ
မားမားဆီကို ဖုန်းဆက်ပြောသင့်တယ် ထင်တယ်။

"Yi Bo.. Yi Bo ..ငါမားမားဆီဖုန်းဆက်လိုက်ရမလား"

"မဆက်နဲ့ ငါနဲ့တူတူ စောင်ခြုံပါလား လူငွေ့က ပိုနွေးတယ် တဲ့ "

အရမ်းကြီး အဖျားတက်နေတာမဟုတ်ပေမဲ့ အသားတွေ ပူနေယုံမို့ စကားလဲ ပြောနိုင်သေးသည်။

ဘာမှန်းနားမလည်တဲ့ ခလေးကိုလဲ အခွင့်ကောင်းယူဖို့ ချောင်းနေလေရဲ့

"အင်း ငါလဲ ကြားဖူးတယ် "

ဟု ဆိုကာ စောင်ပုံ ထဲ ဝင်လာကာ Yi Bo  ဘေးဝင်လှဲလိုက်သည်။

Xiaozhan POV

ကိုယ်တွေပူ‌ပြီးတော်တော်ချမ်းနေတယ် ထင်ပါရဲ့
ကျွန်တော့်ခါးကို တင်းနေအောင်သူ ဖက်ထားသည်။

ကျွန်တော်လဲ သူအိပ်မရမှာစိုးလို့ ငြိမ်ငြိမ်လေးနေပေးလိုက်သည်။

သူရဲ့ ဝင်လေထွက်လေတွေက ကျွန်တော့် ဂုတ် ကိုထိခက်နေသည်။

‌သူ့ကို ကျောခိုင်းထားတဲ့ ကျွန်တော့ကို ဖြည်းဖြည်းချင်း လှည့်‌စေကာ သူနဲ့ မျက်နှာချင်းဆိုင် အနေအထားအတိုင်းဖတ်ထားတော့ သူ့ ရဲ့ အသက်ရူချက်တိုင်းက ကျွန်တော့်  နှာခေါင်းကို ထိခက်နေပြန်သည်။

Yi Bo မြန်မြန်အိပ်ပျော်ပါစေ ဆုတောင်းရင်း မျက်စိမှိတ်ကာ ငြိမ်နေလိုက်သည်။

သူအသက်ရူ သံတွေနှေးသွားတော့မှ ‌ကျွန်တော်မျက်လုံးဖွင့်ကြည့်ရဲတော့သည် ။

Crush's friend.( Completed )Where stories live. Discover now