Part-1(Z+U)

9.4K 562 4
                                    

Zawgyi❤

လျှောက်​​နေ​သော်​လည်း​ရှေ့ကမြင်​ကွင်းကိုမူ​ကောင်း​ကောင်းမမြင်​ရ....
အရာအားလုံး​ဝေဝါး​နေသည်​မှာ​နောက်​ကျိ​နေ​သော​ခေါင်း​ကြောင့်​ပေလားမျက်​ဝန်းတစ်​စုံလုံးပြည့်လျှံ​​နေ​သောမျက်​ရည်​များ​ကြောင့်​ပေလားမသိနိုင်​ခဲ့ပြီ
လျှောက်​​နေတဲ့​ခြေလှမ်းများကဦးတည်​ချက်​မဲ့​နေသလိုသူ့စိတ်​အလုံးစုံကလည်းဦးတည်​ချက်​မဲ့​နေ​ပေပြီ
နာကျင်​​နေ​သောနှလုံးသားတစ်​စုံ​နှင့်အတူဆို့နင့်မှုတို့ကိုရင်​ဝယ်​ပိုက်​ရင်းသူဆက်​​လျှောက်​​နေခဲ့သည်​။
ရှေ့မှာအလင်း​ရောင်​​လေးတစ်​ခု...
ထို​သေးငယ်​တဲ့အလင်း​ရောင်​​လေးဆီကိုသူဦးတည်​ရင်းလက်​လှမ်းလိုက်​သည်​။
နောက်​ဆုံးအကြိမ်​ခံစားလိုက်​ရတာက လွင့်ခနဲဖြစ်​သွားတဲ့ခံစားချက်​နဲ့အတူလွတ်​​မြောက်​ခြင်း

သေဆုံးသူ-ဂိုအွန်​​ယောင်း
အသက်​-17
သေဆုံးချိန်​-၈လပိုင်း၁၂ရက်​​​ည၈နာရီ၄၅မိနစ်

🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧

"ပိုက်​ဆံ​အရင်​ပြ"

Chanyeol မျက်​စပစ်​ပြလိုက်​တာနဲ့​နောက်​​ကကောင်​​လေးနှစ်​​ယောက်​ကပိုက်ဆံအပြည့်ပါတဲ့
luggageကိုဖွင့်ပြလိုက်​သည်​။

"မင်းတို့ပစ္စည်း​ကော"

ထိုအခါဂတုံးနဲ့လူကအဖြူ​ရောင်​​ဆေးမှုန့်​တွေကိုထုတ်​ပြလာသည်​။

မ​ကောင်း​တော့ဘူး!

"ဘာဖြစ်​လို့လဲ"

ရဲ​တွေ​ရောက်​လာပြီ!!!

ပစ္စည်းများလဲမယ်​ပြင်​ခိုက်သတင်း​ပေါက်​ကြားပြီး​ရောက်​လာတဲ့ရဲ​တွေ​ကြောင့်လူစုကွဲကုန်​သည်​။
အချိန်​ထပ်​ညှိလိုက်​မယ်​...ဟု​ပြောကာလှည့်ထွက်​သွားတဲ့ထိုဂတုံးနဲ့လူ

"Hyungnimငါတို့လည်းသွားမယ်​​လေ"

"​သွားနှင့်ကြ...ကြုံတုန်း​လေးကစားလိုက်​အုံးမယ်​"

မလှုပ်​နဲ့!!!

ရဲ​တွေ​ရောက်​လာ​တော့အကုန်​လုံးကထွက်​သွားကုန်​ပြီ။ခပ်​ပြုံးပြုံးနဲ့ရပ်​​နေတဲ့Chanyeolတစ်​​ယောက်​သာကျန်​ခဲ့သည်​။

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now