စီရင်ခြင်း(၂)

715 86 1
                                    

Unicode

I, the Lord of sea and sky,

I have heard My people cry.

All who dwell in dark and sin,

My hand will save.

I who made the stars of night,

I will make their darkness bright.

Who will bear My light to them?

Whom shall I send?

စန္ဒရားမှထွက်​ပေါ်လာသောတီးလုံးသံသည် တငြိမ့်ငြိမ့်စီးဆင်းနေသောစမ်းရေပမာ...
အနိမ့်အမြင့်အတက်အကျမှန်မှန်ဖြင့် စုပေါင်းသီဆိုနေသောသီချင်းသံသည် ကြားရသူအပေါင်း၏နှလုံးဘဝင်ကိုအစဥ်အေးချမ်းစေသည်။

Here I am Lord, Is it I, Lord?

I have heard You calling in the night.

I will go Lord, if You lead me.

I will hold Your people in my heart...

သူအခုတီးနေတဲ့သီချင်းရဲ့နာမည်က" I, the Lord of sea and sky" တဲ့။ မတူညီတဲ့လက်ကွက်
တစ်ခုပြုလိုက်တိုင်း မတူညီတဲ့အသံတစ်သံဖြစ်လာတယ်။ မတူညီတဲ့နုတ်စ်တွေပေါင်းစပ်လိုက်တဲ့အခါ အဓိပ္ပာယ်ရှိတဲ့သီချင်းတစ်ပုဒ်ရလာတယ်။ သူ စန္ဒရား
တီးရတာသဘောကျတယ်။ အထူးသဖြင့် ဘုရားကျောင်းတွေမှာပေါ့။ သူ့လက်ကွက်ကြောင့်
ထွက်လာတဲ့တီးလုံးရဲ့စည်းချက်အတိုင်း သီဆိုနေကြတဲ့လူတွေကိုကြည့်ရတာသဘောကျတယ်။ သူစေရာကရတဲ့ကြိုးဆွဲရုပ်တွေနဲ့တူလို့...ထိုလူတွေရဲ့မျက်လုံးထဲမှာစိတ်အားထက်သန်မှုယုံကြည်မှုတွေကိုလည်းတွေ့ရတယ်။

ဂျူလီယို

အသံလာရာကိုကြည့်လိုက်တော့ ဖာသာသောမက်စ်

"ဂျူလီယို
မင်းကိုအကူအညီတောင်းစရာတစ်ခုရှိတယ်"

"ပြောပါ"

"Sunday တိုင်း တရားဟောပွဲပြီးရင် အပြစ်လာဝန်ခံတတ်တဲ့အမျိုးသမီးငယ်တစ်ယောက်ရှိတယ်။ ငါနဲ့ကြုံနေတာသုံးခါလောက်ရှိပြီ။ သူမရဲ့စိတ်ကျန်းမာရေးအခြေအနေကိုလေ့လာသုံးသပ်ပေးစေချင်တယ်"

"ရပါတယ်။
အခုသူကဘယ်မှာလဲ"

"မဟုတ်ဘူး။ မင်းငါ့အစားအပြစ်ဝန်ခံတဲ့အခန်းထဲကိုဝင်ပေးပါ။ တစ်ဖက်အခန်းကသူ့စကားတွေကိုနားထောင်ပြီးသူ့အခြေအနေကိုအကဲခတ်ပေးပါ"

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now