Part-18

1.5K 257 2
                                    

Unicode❤

"စုံထောက်Byun
နှုတ်ဆက်လိုက်ပါအုံး...သူကကျွန်တော်ပြောတဲ့ကျွန်တော့်သူငယ်ချင်းလေ...မှုခင်းစိတ်ပညာရှင်ပေါ့...သူကကျွန်တော်တို့အခုကိုင်ထားတဲ့အမှုအတွက်ကူညီပေးမှာ"

"တွေ့ရတာဝမ်းသာပါတယ်...ယန်ဆူချောပါ"

"ထပ်တူပါဘဲ"

"ကျွန်တော်လွန်ခဲ့တဲ့သုံးရက်လောက်ကအမှုစစ်Kimပေးပို့ထားတဲ့အမှုရဲ့အချက်အလက်တွေကိုလေ့လာကြည့်ပြီးပါပြီ။အမှုရဲ့အသွားအလာကိုကြည့်ပြီးကျွန်တော်ကောက်ချက်တစ်ခုဆွဲခဲ့တယ်"

"အဲ့တော့အဖြေကဘာတဲ့လဲ"

"လူသတ်သမားအကြောင်းမပြောခင်အရင်ဆုံကွင်းဆက်လူသတ်သမားတစ်ချို့ရဲ့စိတ်အခြေအနေကိုလေ့လာကြည့်ရအောင်လား"

"ကွင်းဆက်သမားတစ်ယောက်မှာလူသတ်ဖို့ခိုင်လုံတဲ့အကြောင်းပြချက်ရှိချင်လည်းရှိမယ်....မရှိတာလည်းဖြစ်နိုင်တယ်။သူ့ရဲ့မွေးရာပါဗီဇကြောင့်လည်းဖြစ်နိုင်သလိုတစ်ချို့တစ်လေကြတော့ပတ်ဝန်းကျင်ကြောင့်လည်းလူသတ်သမားဖြစ်လာနိုင်တယ်။"

"တစ်ချို့လူသတ်သမားတွေကသူတို့ကိုယ်သူတို့ဘုရားသခင်ရဲ့တမန်တော်တွေလို့ခံယူကြသတဲ့...ဒီကမ္ဘာပေါ်ကမကောင်းတဲ့လူမှန်သမျှကိုဘုရားသခင်အစားသူတို့လက်နဲ့ရှင်းပစ်ရမယ်ဆိုတဲ့ခံယူချက်မျိုးပေါ့...မကောင်းတဲ့လူဆိုတာလည်းတကယ်မကောင်းတဲ့လူလည်းဖြစ်ချင်လည်းဖြစ်မယ်...ကောင်းတဲ့လူလည်းဖြစ်ချင်ဖြစ်မယ်...ဒါကသူတို့သတ်မှတ်ချက်နှင့်ဆိုင်သွားပြီ။"

"ကျွန်တော်တို့ကလူတစ်ယောက်ရဲ့အပြင်ပန်းရုပ်ရည်နှင့်အမူအရာကိုကြည့်ပြီးလူကောင်းလူဆိုးခွဲခြားလို့မရနိုင်ဘူး။ကွင်းဆက်လူသတ်သမားအများစုကသိပ်ကိုသိုဝှက်တတ်တယ်။သူတို့ရဲ့စိတ်ရင်းအမှန်ကိုဘယ်သောအခါမှချမပြတတ်ဘူး။သူတို့ကလူတွေကြားထဲမှာဘဲသာမန်လူလိုဘဲနေထိုင်ကြတယ်။သူတို့ကကျွန်တော်တို့ပတ်ဝန်းကျင်ကဘယ်သူမဆိုဖြစ်နိုင်တယ်။ဥပမာ...သူကအလုပ်ကအရည်အချင်းရှိတဲ့သူဌေးလည်းဖြစ်နိုင်တယ်။ဆွဲဆောင်မှုရှိတဲ့အိမ်နီးချင်းကောင်လေးလည်းဖြစ်နိုင်တယ်။နောက်ဆုံးမိမိရဲ့မိသားစုဝင်ထဲကတစ်ယောက်လည်းဖြစ်နေနိုင်သေးတယ်"

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now