Part-5

3.1K 443 10
                                    

Unicode❤

နောက်ဆုံးကျန်တဲ့အသားတစ်ဖဲ့ကိုပါးစပ်ထဲထည့်ပြီးနောက်ရှေ့ကလူထံအကြည့်စူးစူးတစ်ချက်ပို့လိုက်သည်။

"ကြည့်လို့ပြီးပြီလား"

"Arnyi...ထပ်စားပါအုံးလားBaby...ထပ်စားနိုင်သေးတယ်ဆိုတာကိုယ်သိတယ်"

ခင်ဗျားကရှေ့ကနေမျက်လုံးရွဲကြည့်နဲ့စိုက်ကြည့်နေတော့ကျွန်တော်ကဘယ်မျိုကျမှာလဲလို့!

Aww...မျိုမကျလို့ဘဲတော်တော့တယ်

ထိုစကားကိုတော့Chanyeolထုတ်မပြောတော့...တော်ကြာသူ့ဘေဘီလေးဒေါခီးနေအုံးမယ်

ဟက်...သောက်ကျိုးနည်း
အောက်ကလူကပိန်လိမ်နေအောင်လုပ်ရပြီးအထက်ကဖားတွေကမြိုဆို့နေကြတာ
သူ့ဘေဘီလိုစုံထောက်အလုပ်ကိုချစ်တဲ့လူမျိုးတွေကတော့သေပြီပဲ

"ခင်ဗျားဂိုအွန်ယောင်းအမှုအတွက်ပြောစရာရှိတယ်ဆိုပြီးကျွန်တော်ထမင်းစားတာလာထိုင်ကြည့်နေတာလား"

"ဟုတ်တယ်...အစကတော့အဲ့ကိစ္စအတွက်လာတာပဲ...ဒါပေမယ့်ပိန်ချုံးပြီးမျက်တွင်းဟောက်ပက်ဖြစ်နေတဲ့ဘေဘီ့ကိုမြင်တော့မနေနိုင်တော့လို့"

စုံထောက်တွေကလစာအများကြီးမရဘူးဆိုတာကိုယ်သိပါတယ်...ဒါပေမယ့်ဒီလိုပုံစံဖြစ်လောက်တဲ့အထိတော့...ကျွတ်စ်!

"Yah yah...စကားပြောတာကြည့်ပြော...ကျွန်တော့်လခကကျွန်တော့်တစ်ကိုယ်စာလောက်ပြီးသား...ဂိုအွန်ယောင်းအမှုအတွက်စိတ်ရှုပ်နေရလို့စားချိန်အိပ်ချိန်မမှန်တာ"

"ကဲကြည့်...တွေ့လား...ကိုယ်အရင်ထဲကမင်းကိုပြောတယ်...မင်းရဲ့စားရေးသောက်ရေးနေရေးထိုင်ရေးကိုစီမံခန့်ခွဲပေးမယ့်သူလိုနေပြီလို့"

အဲ့ဒါဆိုကျွန်တော်ကမိန်းမကောက်ယူလိုက်ရမှာလားဗျ!

"နိုး...နိုး...နိုး မင်းမိန်းမယူစရာမလိုပါဘူး...မင်းမှာယူစရာမိန်းမလည်းမရှိဘူးဆိုတာကိုယ်သိပါတယ်"

ဒီလူကတော့ငါ့ကိုဖဲ့ဖို့များမွေးဖွားလာသလားပဲ

"နေပါအုံး...ဒီဆိုင်ကဘာကိစ္စလူတစ်ယောက်မှမရှိရတာလဲ"

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now