Part-12

2.2K 344 6
                                    

Unicode❤

ဟန်ဂျီဝူးကိုရဲဌာနသို့ဒုတိယအကြိမ်ဆင့်ခေါ်သည့်နေ့...

သူ့ရှေ့ကစားပွဲပေါ်ကိုဖိုင်တစ်ထပ်ပစ်ချပြီးထိုင်လိုက်တဲ့စုံထောက်Byunကပင်ပန်းနေတဲ့ပုံပေါက်ပေမယ့်သူ့မျက်လုံးတွေကစိတ်အားထက်သန်မှုတွေနဲ့အရောင်တောက်နေဆဲ...

"ဘယ်လိုလဲဟန်ဂျီဝူး...ဒီအတောအတွင်းအဆင်ပြေရဲ့လား။
Social mediaပေါ်မှာတော့မင်းဘက်ကရပ်တည်ပေးကြတဲ့လူတွေအများသားနော်...သူတို့ကမင်းလိုအပြစ်ကင်းတဲ့လူကိုမတရားအမှုထဲဆွဲသွင်းတယ်ဆိုပြီးရဲတွေကိုအမြင်ကပ်နေတာ...ခုတောင်ရဲစခန်းရှေ့မှာဆန္ဒပြနေတဲ့လူတွေရှိသေးတယ်။မင်းအပေါ်ထားတဲ့ယုံကြည်မှုကတော့မနည်းဘူးနော်။တကယ်လို့သူတို့ရဲ့idolကမကောင်းတာလုပ်ခဲ့တယ်ဆိုရင်...."

"ပရိသတ်တွေကိုအသုံးချပြီးကျွန်တော့်ကိုမချိန်းခြောက်ပါနဲ့...ကျွန်တော်ကသူတို့ကိုစိတ်ပျက်အောင်လုပ်မယ့်လူစားမျိုးမဟုတ်ဘူး။"

ထိုအခါသူ့ရှေ့ကစုံထောက်၏မျက်နှာထက်မှာအဓိပ္ပာယ်ဖော်လို့မရတဲ့အပြုံးပေါ်လာသည်။

"အိုး...ဟန်ဂျီဝူး...အခုတော့မင်းဒီလိုတွေဖြစ်နေတာတောင်ကုမ္ပဏီကဘာလို့ငြိမ်နေလဲနားလည်ပြီ။မင်းကမင်းပရိတ်သတ်တွေနဲ့ပတ်သတ်လာရင်ဘယ်အရာမှဂရုမစိုက်တတ်ဘူးကိုး"

"မင်းရဲ့Fandom Nameက Jiwoo's Heartဆို...
လူတစ်ယောက်ကနှလုံးသားမရှိရင်အသက်မရှင်နိုင်သလိုသူတို့မရှိရင်လည်းမင်းဆိုတာဖြစ်မလာနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်"

"အဲ့ဒါဒီအမှုနဲ့မသက်ဆိုင်ဘူးလို့ကျွန်တော်ထင်တယ်"

"ကောင်းပြီလေ...အမှုနဲ့သက်ဆိုင်တာကိုဘဲပြောရအောင်"

"ချွဲယောင်ဟီးမဆုံးခင်မင်းနဲ့တွေ့တယ်ဆိုတာငါတို့မှာသက်သေရှိတယ်"

"CCTVတစ်ခုတည်းမဟုတ်ဘူးနော်"

....

စုံထောက်Byunရုတ်တရက်လုပ်လိုက်တဲ့အပြုအမူကိုသူမတားလိုက်နိုင်...
အခုတော့သူလက်ကစုံထောက်Byunလက်ထဲရောက်နေပြီ

"သက်သေကဒီမှာလေ..."

"မင်းလက်ခုံပေါ်ကပလာစတာအောက်ကဒဏ်ရာအကြောင်းကိုမင်းပြောမလားငါပြောရမလား။"

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now