Part-15

2K 331 8
                                    

Unicode❤

"အခုတော့ဂျီအွန်းရဲ့ဝိညာဥ်ကောင်းကောင်းအနားယူနိုင်လောက်ပါပြီ"

"ကျွန်တော်ကတော့မကျေနပ်နိုင်ဘူး...Dr.Kim
အဲ့ကောင်ကိုမိအောင်မဖမ်းနိုင်မချင်းကျွန်တော်မကျေနပ်နိုင်ဘူး။"

သူ့ကိုအရိုအသေပေးလာတဲ့Dr.Kimကိုသူပြန်ဦးညွှတ်လိုက်သည်။

ဒီနေ့ကဂျီအွန်းရဲ့စျာပနပွဲ

လွန်ခဲ့သောတစ်ပတ်ခန့်ကဂျီအွန်းသေဆုံးမှုနဲ့ပတ်သတ်ပြီးစီနီယာကအမှုဖွင့်ဖို့အတွက်မေးလာသည့်အခါသူကအလောင်းခွဲစိတ်ပေးဖို့တောင်းဆိုခဲ့သည်။ရလဒ်ကတော့သူတို့မှန်းထားတဲ့အတိုင်းပင်။သွေးနဲ့ဆီးထဲမှာCreatinineတွေများနေပြီးအသည်းနဲ့ကျောက်ကပ်လည်းအတော်ပျက်စီးနေသည်။ပြီးတော့HMAဖြစ်ပြီးသွေးဆဲလ်များLyseဖြစ်နေသည်။အဓိကအနေနဲ့သွေးနှင့်ဆီးထဲမှာArsenicတွေ့ခြင်းပင်။

အလောင်းခွဲစိတ်မှုရလဒ်အရဂျီအွန်းကသက်သေတာမဟုတ်ဘဲကွင်းဆက်လူသတ်သမားရဲ့အသတ်ခံရခြင်းဖြစ်နိုင်ကြောင်းကောက်ချက်ချနိုင်သည်။ဤသည်ကသူတို့ရဲ့ခန့်မှန်းခြေသက်သက်သာ...လူထုကိုချပြဖို့ရာခိုင်လုံတဲ့သက်သေအထောက်အထားတွေလိုအပ်သေးတာကြောင့်အမှုရဲ့ဖြစ်စဥ်နှင့်အသွားအလာကိုချပြခဲ့ခြင်းမရှိပေ။ထို့ကြောင့်လိုက်လံတုပ၍ပြစ်မှုကျူးလွန်ခြင်းလည်းမဖြစ်နိုင်။

ဤရာဇဝတ်သားကိုArsenic Killerဟုအမည်တပ်ကာစုံစမ်းမှုတွေဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

"စုံထောက်Byun"

သူ့ရှေ့မှာလာရပ်တဲ့လူကိုကြည့်လိုက်မိတော့

ဒေါက်တာလီဆူယော့

ဂျီအွန်းရဲ့ရည်းစားတစ်နည်းအားဖြင့်Park Chanyeolဟန်ဆောင်အားကစားဆရာသွားလုပ်တဲ့ကျောင်းကဒေါက်တာ...

ဂျီအွန်းရဲ့အမှုကိုလူသတ်မှုအဖြစ်သတ်မှတ်ပြီးနောက်ဂျီအွန်းကျင်လည်သည့်ပတ်ဝန်းကျင်၊တစ်လအတွင်းဆက်သွယ်ခဲ့သောလူများနှင့်သွားရောက်ခဲ့သောနေရာများကိုစတင်စုံစမ်းကြသည်။ထိုခေါ်ယူစစ်ဆေးမေးမြန်းခြင်းခံယူရသည့်လူများထဲတွင်ဒေါက်တာလီဆူယော့လည်းအပါအဝင်ဖြစ်သည်။သို့သော်ထိုလူကခိုင်မာသောအလီဘိုင်ပြနိုင်ခဲ့လေသည်။

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now