Part-7

3.2K 432 21
                                    

Unicode❤

အိပ်ရာနိုးတာနဲ့ရေမိုးချိုးအဝတ်စားလဲပြီးစခန်းကိုသွားရန်ပြင်သည်။

"ဒါဘာလုပ်နေတာလဲဘေဘီ"

ဖိနပ်ပင်မစီးရသေးထွက်ပေါ်လာတဲ့အသံကြောင့်သမင်လှည်ပြန်ကြည့်လိုက်သည်။
ဟုတ်သား...သူ့အိမ်မှာလူရမ်းကားရောက်နေတာပဲ

အခုအဲ့လူဝတ်ထားတဲ့အေပရွန်အပြာနုရောင်နဲ့လက်ထဲကယောက်ချိုဇွန်းကြီးကကြွက်သားအပြည့်နဲ့သူ့bodyနဲ့မလိုက်ဖက်လိုက်တာ...

"ကိုယ်မနက်ခင်းအားကစားလုပ်ပြီးပြန်လာပြီ...မင်းမထသေးဘူး။ကိုယ်မနက်စာပြင်ပြီးတဲ့အထိလည်းမင်းမထသေးဘူး။ပင်ပန်းလို့နေမှာပါဆိုပြီးကိုယ်မနှိုးဘဲထားလိုက်တယ်။အခုလည်းမနက်စာမစားဘဲသွားဖို့ပြင်နေပြန်ပြီ။မင်းကိုယ့်ကိုစမ်းနေတာလားဘေဘီ"

"အချိန်မှန်အိပ်အချိန်မှန်စားဖို့ပြောတာဘယ်နှစ်ခါရှိပြီလဲ...ခက်လိုက်တာBabyရယ်"

လူရမ်းကားမဟုတ်ဘူး...အမေ...အမေရောက်နေတာ

သူပြောနေတဲ့glucoseကိုဘလာဘလာပြောင်းပြီးstoreလုပ်တာတွေကောenergyအဖြစ်သုံးတာတွေကောဘာမှမသိချင်...နားငြီးသက်သာဖို့ဘဲလိုတယ်

စားရင်ပြီးတာပဲမှတ်လား!!!

သူနောက်ဆုံးကျန်တဲ့ဟင်းရည်တစ်ဇွန်းကိုခပ်သောက်ပြီးတဲ့နောက်မှာထလိုက်ပြီးအလုပ်သွားဖို့ပြင်သည်။

Baby wait!!!

ဘာ....အွတ်

သွားပြန်ပြီ...သတိထားနေရဲ့သားနဲ့Park Chanyeolနမ်းတာခံနေရပြန်ပြီ။

အသက်ရှူကျပ်လာလို့တွန်းထုတ်မိတော့ကြည့်ကောင်းအောင်ပြုံးပြလာသည့်ထိုလူသား။

လိမ္မာလို့ဆုချတာဆိုပြီးသူ့ခေါင်းကိုလာပုတ်နေပြန်ပြီ

သူများတွေသူ့ခေါင်းကိုင်ရင်မကြိုက်ဘူး...ဒါပေမယ့်Park Chanyeolကိုင်ရင်ကြိုက်တယ်။

"ကျွန်...ကျွန်တော်သွားတော့မယ်...ပန်းကန်တွေခင်ဗျားဘဲဆေးလိုက်"

ထိုလူသူ့ကိုကြည့်နေမှန်းသိပေမယ့်အပြင်သာပြေးထွက်လာခဲ့သည်။

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now