ပါးတစ်ဖက်လျော်ကြေး

9.8K 152 2
                                    


ပါးတစ်ဖက်လျှော်ကြေး😌

      အပိုင်း(၁)

.မီးရောင်စုံတွေဖြင့် ခန်းနားစွာ ပြင်ဆင်ထားသည့်
မာန့်တော်ဝင် အဆင့်မြင့်ဟော်တယ်မှာကျင်းပသည့် ညစာစားပွဲတစ်ခု. . . . . . လုပ်ငန်းရှင်တွေ သူဌေးတွေ များစွာ စုစဉ်းရောက်ရှိနေပြီး မာန့်တော်ဝင် ဟော်တယ် ပိုင်ရှင်သူဌေးကြီး ဦးမင်းထိုက် ဖိတ်ခေါ်ထားသည့် သူ အတော်များများ ရောက်ရှိနေသည်။

ထိုအထဲမှာ ဆင်ဆွယ်ရောင်  ဂါဝန်
နက်မှောင့်သည့်ဆံကေသာတွေကို ဖြန့်ချထားပြီး
ဘဲဥပုံစံမျက်နှာ ကျကျ . .
အဆင့်မြင်မြင့် မိတ်ကပ် လိမ်းနည်းဖြင်လိမ်းချယ်ထားမှန်းသိသာစွာ လှပကျော့ရှင်းသည့် ခပ်ငယ်ငယ် မိန်းကလေးတစ်ယောက်လဲ ပါဝင်သည်။

''စင်္ကာပူ ကို မာကဲတ်တင်းလွတ်မယ့်သူအတွက် ဦးစိုး စီစဉ်ထားတယ် ဆို ကျွန်မ ကြည့်ချင်တယ်.  

''ဟုတ်ကဲ့ . . ဒီမှာပါ. .

ဦးစိုး ဖိုင်ကို တလေးတစားကမ်းပေးလိုက်ပြီးမှ. .

''သူ ပြန်လာတဲ့အထိ ဘာ့ကျက်ကိုလဲ ဒု ဥက္ကဌ သတ်မှတ်ထားတဲ့အတိုင်း အပိုအလိုမရှိအောင် စီစဉ်ထားပါတယ်. . .

''ကျွန်မ က ထိုင်းကိုလွတ်မယ့်. . .

စကားပြောနေတုန်း လက်ကိုင်အိပ်ထဲမှ ဖုန်းကထာမြည်လာသည်

''ခဏလေး အရေးကြီးဖုန်းမို့. . .

မာန  ဖုန်းကိုကောက်ယူပြီး ခပ်သွက်သွက် လျှောက်သွားပြီးဖုန်းဖြေလိုက်သည်
ဖုန်းဖြေပြီးစကားဝိုင်းသို့ပြန်လာခဲ့သည်

''sorry. . . ဆက်ပြောရအောင်. .
မနက်ဖြန်ဒါရိုက်တာတွေအစဉ်းအဝေးတက်ကြလိမ့်မယ်. .
ကျွန်မတို့ ကုမ္ပဏီနဲ့ အမြဲလက်တွဲထားတဲ့ ကက်စတန်မာတွေအတွက်အထူးအခွင့်အရေးတစ်ရပ်အနေနဲ့ ဒီနှစ်ကုန်မှာ 20% ဈေးလျှော့ချဖို့အတွက်  တိုင်ပင်ကြမယ် အဲ့ဒီအတွက် Ficတွေ အဆင်သင့်ပြင်ထားပေးပါ. .   ဦးစိုး. .  

''စိတ်ချပါ ဒု ဥက္ကဌ. . . .

''သူဌေးလာပြီ. . . . .

မာန နှင့် မာနရဲ့ တာဝန်ခံ ဦးစိုးစကားပြောနေစဉ်မှာပဲ
ဟော်တယ်ပိုင်ရှင် နှင့် လုပ်ငန်းရဲ့အကြီးအကဲတစ်ဦးလဲဖြစ်သည့် ဦး မင်းထိုက် ရောက်လာသဖြင့် လူကျဲပြီးအားလုံး လာသည့်လူကိုကြိုဆိုလိုက်ကြသည်။

ပါးတစ်ဖက်လျော်ကြေးWhere stories live. Discover now