ပါးတစ်ဖက်လျော်ကြေး

1.3K 47 0
                                    

ပါးတစ်ဖက်လျော်ကြေး😌

အပိုင်း (၁၄)

ငါငိုတက်တဲ့သူမဟုတ်ဘူး😌
ဒါပေမယ့်နင်ရက်စက်တဲ့အခါ မျက်ရည်ဝဲတက်တယ်😢

ငါ အမိန်တွေနာခံလေ့မရှိဘူး ဒါပေမယ့် နင်ပေးတဲ့အမိန့်ကို နာခံချင်မိတယ်. . . . .

မာနလ်ွံ

*************************

ငါ မစပ်စုတက်ပါဘူးး ဒါပေမယ့် နင့်အကြောင်းတွေဆို ငါသိချင်မိတယ်. . . .

ငါ မနာလိုဖြစ်တက်တဲ့သူမျိုးမဟုတ်ပါဘူး🙂
ဒါပေမယ့်နင်နဲ့ပတ်သတ်လာရင်တော့ သဝန်တိုမိတယ်😔

မင်းထက်ထိုက်တန်

********************

"အင့်. . .

''ဟာ. . sorry. . . .

မာန ထိုင်း မှာအလုပ်ကိစ္စတစ်ခုကြောင့် ၁ပတ်လောက်နေခဲ့ရပြီး အပြန် လေဆိပ်မှာလူတစ်ယောက်ဖြင့် ဝင်တိုက်မိသည်
လူပုံစံက အသားဖြူဖြူ အရပ်ရှည်ရှည် အလွန်ကြည့်ကောင်းပြီးခန့်ညားသည့်ရုပ်ရည်ရှိသည်. . . .

ထိုလူက ဝင်တိုက်ပြီး ပြန်ဆွဲပြီးထိမ်းထာူလိုက်သဖြင့်မာနပုံပျက်ပန်းပျက်တော့လဲကျမသွားပါ. . .

''sorry . . ညီမေလး နာသြားလား. . . . .

''နာတာပေါ့ လူကိုမမြင်ဘူးလား. . .

''မြင်သားပဲတမင်တိုက်လိုက်တာ. . .

''ဘာ. . . . .

''ဟုတ်တယ်. . . .

ပေါ်တင်ကြီး ဝင်တိုက်တာဟု ပြောချလိုက်တော့မာန ပင်စကားလုံးချေပဖို့ဘာပြောလို့ပြောရမှန်းမသိတော့. . .

''ဘလိုင်းကြီးပါလား. ,. . . .

''ဘလိုင်းကြီးပဲဗျာ ဟုတ်ပါ့. .

ရွတ်နောက်နောက်ပုံစံ ပြီးတော့ ဒီမျက်ဝန်းတွေ မာန ရင်းနှီးနေသလို ခံစားရသည်. . . .

''Long time no see မာနလ်ွံ. . .

အသံခပ်သြသြ ဖြင့် ရင်းနှီးမူအပြည့်. . .

''ဟင် . .

သူကမာနကိုသိနေတာပါလား. .
မထူးဆန်းတော့မထူးဆန်းပါဘူးလေ မာန က စီးပွားရေးလောကမှာ ဘုရင်မတစ်ပါးပဲဟာ. . .
ဒါပေမယ့် မာန စိတ်ထဲ ညာလို့ထူးဆန်းနေရတာလဲ
''မ မှတ်မိဘူးလား. . . . .

ပါးတစ်ဖက်လျော်ကြေးWhere stories live. Discover now