ပါးတစ်ဖက်လျော်ကြေး

3K 70 0
                                    


ပါးတစ်ဖက်လျှော်ကြေး😌

     အပိုင်း (၂)

မာန့်တော်ဝင်ကုပ္မဏီ က သံထည်နှင့်  အိမ်ဆောက် ပရိဘောဂ အချို့မှာထားသဖြင့် ပို့ခိုင်းရင်း ဆောက်လုပ်ဆဲတိုက်ကိုလေ့လာချင်တာကြောင့်  မာန လိုက်လာခဲ့တာဖြစ်သည်. . .
ကားကို လုပ်ငန်းခွင်နေရာသို့ချိုးဝင်လိုက်သည်ဆိုရင်ပဲ. .

''ဟ. .  

''အို. . .

ကားကို အချိန်မှီ ဘရိတ်အုပ်လိုက်ပေမယ့်  ကားရှေ့မှ လူ ၂ယောက် ဟန်ချက် ပျက်သွားပြီး လက်ထဲမှာ ၂ယောက်အတူ ကိုင်လာ သည့် သံချောင်းတစ်ခု လွတ်ကျလုနီးပါးဖြစ်သွားသည် . . .

''သခင်လေး ရ ရဲ့လား. .

''ရတယ် ကိစ္စမရှိဘူး. . . သွားရအောင်. . .

၂ယောက်သံလုံးကိုမပြီး ပြန်ထွက်သွားတာကို မာန လိုက်ကြည့်ရင်း. .  

''တောက်. . . ဘယ္လို လူတွေလဲ လမ်းကူးတာရှေ့နောက်မကြည့်ဘူး. .
ပြီးတော့ ယဉ်ကျေးမူလဲမရှိဘူး. . .

မာန မကျေမနပ်ရေရွတ်ရင်း ကားရှေ့မှ ၂ယောက်ကိုဒေါသတွေပုံချနေမိသည်
တကယ်တော့ မွားတာက သူမေလ . . 
လုပ်ငန်းခွင်ထဲဝင်တဲ့အခါ ရှေ့နောက်ဘေးဘီကြည့်သင့်တာပေါ့. . .  ကားဟွန်းလဲ တီးပြီးအချက်ပေးသင့်တာပေါ့. .
အမြဲတိကျတက်သည့်သူမ လွဲလျှင်လဲသူများနဲ့မတူ. .  

ဒါပေမယ့် မာန ကိုယ့်ကိုယ် ကိုယ်အရမ်းယုံကြည်မူရှိတယ်
သူမပဲသိ သူမပဲတက်သလိုပင် ဆက်ဆံလေ့ရှိတယ်. . .
သူမ မွာ သူငယ်ချင်း မရွိဘူး. . . မိတ်ဆွေဆိုရှိပေမယ့်  ဟေးလားဝါးလား ပျော်ပါးဖို့တိုင်ပင်ဖို့သူငယ်ချင်းမရှိ. .
မလိုအပ္ဘူး လို့လဲ အမြဲထင်ခဲ့တာ. .
ဘာလို့လဲဆိုတော့ သူမ ကတော်တယ် ညာဏ်ကောင်းတယ် ပိုက်ဆံရှိတယ် ရုပ်ရည်ရှိတယ်
ဒါတွေအားလုံးရှိနေပြီပဲလေ. . .
အေပ်ာ္အပါး ဟေးလားဝါးလား ဘယ်တုန်းကမှမလုပ်ခဲ့. .
ကျောင်းသွား ကျောင်းပြန် အကြိုအပို့ကားပေါ်မှာ နောက်ဆုံးပေါ်ပစ္စည်းတွေသုံးပြီး ခပ် ခြေခြေ နေထိုင်ခဲ့တာ ငယ်စဉ်ထဲက . . တစ်ဦးထဲသောသမီးလဲဖြစ် မိဘေတြကလဲ ဖူးဖူးမူတ္ခ်စ္သလို သူမကိုယ်တိုင်က ရည်ရွယ်ချက်ကြီးခဲ့တာ. . အချိန်ကိုအမြဲတန်ဖိုးရှိအောင်အသုံးချခဲ့တာ. . .
ကစားကွင်းများသူများကလေးတွေလို ပေပေတေတေဆော့လေ့မရှိဘူး. . .
မိဘေတြကို ဈေးကြီးပါပေ့ဆိုတာမျိုးတွေနိုင်ငံခြားကနေအထိ အရုပ်တွေကိုမှာပြီးဆော့ကစားခဲ့တာ. . . .
သူငယ်ချင်းလာဖွဲ့သည့်သူတိုင်းကိုလဲ မခင်ချင်ဘူး ညစ်ပတ်တယ် ဆိုပြီးပြောလေ့ရှိတယ်လေ. .  .
ငယ်စဉ်က ကေလးမို့ အဆင်ပြေပေမယ့် ကြီးလာတဲ့အခါ မောက်မာ မာနကြီးသည်ဟုပဲ လူအများကထင်ခဲ့ပြီပေါ့. . .
ဒါပေမယ့် မာန က ဂရုမစိုက်ပါဘူး. . .
မာန က အခြားသူတွေထက်တော်လို့ ဝေဖန်ခံရတာပေါ့. 
မာန အတွက် နောက်ကွယ်မှာအတင်းပြောနေကြပေမယ့်ရှေ့ရောက်ရင် မာန သဘောကျဖြစ်နေကြတာပဲမဟုတ်လား. . . .

ပါးတစ်ဖက်လျော်ကြေးWhere stories live. Discover now