ပါးတစ်ဖက်လျော်ကြေး

1.7K 58 0
                                    

ပါးတစ်ဖက်လျော်ကြေး 😌

   အပိုင်း (၂၁)

ဆေးရုံ ကို အချိန်မှီ ပို့နိုင်ခဲ့ လို့ စိုးရိမ်ရသည့်အခြေအနေမှ ကျော်လွန်နိုင်ခဲ့ပေမယ့်  ကေလး က အရမ်းငယ်သည့်အတွက် ချက်ချင်းမသက်သာသေး.  . . 
ဆေးရုံမှာ ၁ ရက်နေရပြီး snow ရဲ့ အဖိုးအဖွားတွေက လာကြည့်ပေမယ့် ဖခင်ဖြစ်သည့် မင်းထက်ကတော့. . .
မာန အတွက်  လူတွေရဲ့ ဥပေက္ခာ ပြုမူတွေ ကိစ္စမရှိပေမယ့် သမီးလေးကိုတော့ သူမနဲ့ ထပ်တူညီတာတွေမပေးချင်ဘူး. . . . . မာန ကို လူတွေကသာ ဥကေ္ခာ ပြုကြတာ မာန ရဲ့မိဘတွေကြောင့် မာန အားအင်တွေပျော်ရွင်မူတွေရခဲ့တယ်. .  
အခု သမီးလေးမှာ ဖခင်ရှိရက်နဲ့ ဖခင်မေတ္တာ မခံစားရရှာ. .   . .  
ဆေးရုံက ပြန်ဆင်းဖို့ပြင်ဆင်နေစဉ် snow က

''မာမီ . .  

''အင်း. . သမီးလေး. . . ဘာလို့လဲ. . .
ဗိုက္ဆာလို့လား. . . .

''ဒယ်ဒီရော. . . .

မာန ဘာပြန်ဖြေရမှန်းမသိ ဆွံအသွားမိသည်

''အိမ်မှာပေါ့ သမီးလေးရဲ့. .   . . .

''ဒယ္ဒီ က မီးမီး  ကို ဘာလို့လာ မလာတာလဲ. . . .

''ဒယ္ဒီ က မအားလို့ပေါ့. . .

''ဟုတ္လား မအားလို့လား အားရင် လာမှာပေါ့နော်. . . .

''လာမှာပေါ့. . . လာ. . မာမီတို့သွားရအောင်. . .

အေးအေး က အထုပ်တွေသည်ပြီး သွားနှင့်ပြီမို့မာန သမီးကို ချီပြီး နောက်က လိုက်ခဲ့သည်
အိမ်ရောက်တော့  မင်းထက်က အိမ်မှာ ရွိမေနပါ. . .
သမီးနေ မကောင်း သဖြင့်မာန အလုပ်ကိုလဲမသွားနိုင်
ဖေဖေ တစ်ယောက်ထဲ အလုပ်တွေမနိုင်မနင်းဖြစ်နေမှာ သိသည်. . .

ဆေးရုံမှာဆို  ကူဖော်လောင်ဖတ်မရှိ သဖြင့် အိမ်ကိုပြန်လာခဲ့တာဖြစ်သည်. . 
သက်သာပြီဟု ထင်ထားခဲ့ပေမယ့် ညဖတ်ရောက်သည့်အခါမှာတော့ ပြန်ဖျားတော့သည်
အပူကလဲမက်. . .

''ဒယ္ဒီ. . . ဒယ္ဒီ. . . .

ယောင်နေရင်းတစ်ချိန်လုံး ဒယ်ဒီဟုသာခေါ်နေတော့သည်

မာန  စမီးလေး သက်သာစေဖို့ပြုစုနေရင်း မျက်ဝန်းမှာ ပြည့်လျှံလျှက်ရှိသော မျက်ရည်များ. . . . .

ပါးတစ်ဖက်လျော်ကြေးWhere stories live. Discover now