ပါးတစ်ဖက်လျော်ကြေး

1.4K 52 0
                                    


ပါးတစ်ဖက်လျော်ကြေး 😌

   အပိုင်း (၁၇)

''အင်း. . ဟင်း. .

မာန မျက်လုံးဖွင့်လိုက်တော့  မျက်လုံးထဲကျိမ်းစပ်ပြီးခေါင်းထဲမှာ ရီဝေနေဆဲ.     

''မြေးလေး သတိရလာပြီလား. . .

''ဟင် အဖြား. . 

''မြေးလေးသတိလစ်သွားတာလေ အဖွားကလန့်သွားတာပဲ. . .  

''မာန သတိလစ္သြားတာလား. . .

''အင်းလေ. . .

''မာန နည်းနည်းမူးသွားလို့ပါ. . .

''အဖြားက မင်းထက်ရိုက်လိုက်တယ်ဆိုပြီး ဆူနေတာ. . .

''မရိုက်ပါဘူးအဖွားရဲ့ မာန ပါသာ မူးသြားတာပါ. .   

''အဖြားက အစက သိမွမသိတာ . .
အခုသိသွားပြီ. . .
အဖြား မြေးလေးက ကိုယ်ဝန်ရှိနေတာ ဘာလို့အလုပ်တွေ အရမ်းလုပ်ပြီးအပင်ပန်းခံနေရတာလဲ. . .

''ရှင်. . . . . မာနက. . .

''ကိုယ်ဝန်ရှိနေတယ်လေ သတိမထားမိဘူးလား. . .

''ဟင့်အင်း မာနမသိဘူး. . .

''ဟယ် ခတ်တော့တာပဲ ဒီကလေးတွေ . . .
မိဘတွေသိရင်အဖွားကပြစ်ထားတယ်ထင်ကြဦးမယ်. .
ကျန်မာရေး လဲ ဂရုစိုက်ကြပါဦး. . အလုပ်တွေနင်းကန်လုပ်နေလိုက်ကြတာ . .
အဖြား မင်းတို့ကို သုံးလို့မကုန်အောင်ပေးထားရဲ့သာူနဲ့ ဘာလိုထပ်ပြီးအပင်ပန်းခံနေကြတာလဲ. . . ,

အဖွားပြောသည့်စကားတွေနားထဲမဝင်. . .
ဒါကြောင့်အခန်းထဲမှာ မင်းထက်မရှိတာပေါ့. . .
အခုလောက်ဆို ဘယ်လောက်ဒေါသဖြစ်နေမလဲ. . . .
မာန သူ့ကို ချီနှောင်ဖို့လုပ်တယ် ထင်နေလောက်ပြီပေါ့. . .
မာနလဲ ခလေးမလိုချင်ပါဘူး. . ဘာမှမဖြစ်လောက်ဘူးထင်ပြီးပေါ့လျှော့နေခဲ့တာ.  . .
ယခု သူမမှာကိုယ်ဝန်ရှိနေပြီတဲ့လေ. . .
မင်းထက် ကလိုချင်မှာမဟုတ်ဘူး. . . .

အဖြားကေတာ့ ဘာမွမသိရွာ. . ပြောချင်ရာပြောနေသည် ပြီးနောက်
အကူကောင်မလေးတစ်ယောက်နှင့်မာနကိုနေခဲ့စေပြီး သူ ဘက်အခြမ်းသို့ပြန်သွားသည်. . .
မင်းထက်က ည ၁၀နာရီလောက်မှ ဘယ်ကပြန်လာသည်မသိ. . .

ပါးတစ်ဖက်လျော်ကြေးWhere stories live. Discover now