ပါးတစ်ဖက်လျော်ကြေး

1.5K 53 0
                                    

ပါးတစ်ဖက်လျော်ကြေး 😌

   အပိုင်း (၂၀)

'ဟော မာန ပါလား. . . 

အောင်စစ်ပိုင် က အပြုံးတွေဖြင့် စတင်ခေါ်လိုက်တော့
မာနလ်ွံ က. .  

''ဟယ် ကိုကို . . မဆုံတာတောင်ကြာပြီ. .   ဒါ မာန သမီးလေ. . . 
ဦးဦးကိုနူတ်ဆက်လိုက်ဦး သမီး. . .

''ဦးဦး မင်္ဂလာပါ. . .

''ဟာ ချစ်စရာကောင်းလိုက်တာ . .
လာပါဦး. . . .

snow ကို လက်ကမ်းတော့ လက်ပြန်ကမ်းပြီး လိုက်သွားသဖြင့်မာနပင်အံသြသွားရသည်
တော်ရုံလူ snowက လိုက်တာမဟုတ်ဘူးလေ
သူ့အဖိုး၂ယောက်နဲ့အဖွား စံအိမ်ကလူတွေလောက်သာ. . .
ယခု ကိုကို ကိုယ်ကျတော့ချက်ချင်းလိုက်သွားသည်

''သမီးက ကျောင်းတက်ပြီလား. .  

''မီးမီး က မူကြိုတက်နေတာ. . .

''ဟုတ္လား. . မာန အရမ်းကံ ကောင်းတာပဲ သမီးလေးက ဒီလောက်ချစ်ဖို့ကောင်းတာ. . .

''ကိုကို ထင်လို့နော် သူက လူဆိုးမ ဒါဆိုဒါ. . .

''မာန ကိုတူတာဖြစ်မှာပေါ့. .  

''မဟုတ္ဘူး သူ့အေဖကိုတူတာ . .
ခေါင်းမာတယ်. . လိုချင်တာကို ခြေပွက်ပြီးတောင်းတာ. . .

''ဟုတ္လား သမီး . . .သမီးမာမီ က ဆိုးတယ်လို့ပြောနေပါလား. . .

''တစ်ခါ တစ်ခါတော့ဆိုးတယ် ဒါပေမယ့် မီးမီးက လိမ်္မာပါတယ်. . .

ကိုကိုရော မာနရောရယ်လိုက်မိသည်
သမီးပြောတာကိုကြည့်ဦး လူကြီးလေးကျနေတာပင်. . .

''ဟုတ္သားပဲ သမီးက တစ်ခါ တစ်လေပဲဆိုးတာကိုမေမေကအပြစ်ပဲတင်နေတာနော့. . .
လာလေ မာန တစ်ခုခုသွားစားရအောင် သမီးကိုကိုယ်ချီခဲ့မယ်. . .

''သွားလေ ကိုကို မာန လဲ သွားစားတော့မလို့ပဲ. . .

''ဒါဆိုလာ. . .

ထိုအရာတွေကို ဒေါင့်ကပ်ပြီး ကြည့်နေသည့်လူတစ်ယာက်. . . .
မင်းထက်ထိုက်တန်. . . .

''သြော် . . ငါက  ဒီလူပျောက်နေပါတယ်ထင်နေတာ . . .
ပြန်ပေါ်လာသေးတာပဲ. . . .

ပါးတစ်ဖက်လျော်ကြေးWhere stories live. Discover now