ပါးတစ်ဖက်လျော်ကြေး

1.4K 55 0
                                    

ပါးတစ်ဖက်လျှော်ကြေး😌
      အပိုင်း(၅)

''သမီး ဒီနေ့ ကုပ္မဏီ ကို ဦးမင်းထိုက် ရဲ့ သားနဲ့အဖြဲ့ အလုပ်နဲ့ပတ်သတ်ပြီး လေ့လာစရာရှိတာတွေအတွက်လာလိမ့်မယ်. . .
ဖေဖေမအားဘူးသမီး ပဲကြည့်စီစဉ်လိုက်နော်.    .

''အင်း ဖေဖေ ရတယ်. . . . .

''သူက အခု ကုမ္ပဏီရဲ့ GM ရာထူးကို လွဲပြောင်းယူလိုက်ပြီလေ. . . .
အလုပ်ထဲ သေချာဝင်ပြီဆိုတော့ ဖေဖေ တို့ ကုမ္ပဏီ နဲ့ သေချာလက်တွဲထားဖို့လိုတယ်. . . 

''အင်းပါ ဖေဖေ စိတ္ခ်ပါ. . .

ဒီနေ့ မင်းထက်ထိုက်တန်က ကုမ္ပဏီကိုလာမည်ဆိုပြီး ဒယ္ဒီက ဝန်ထမ်းအားလုံးကိုကြိုဖို့ခိုင်း ထားသည်
မာန က  အလုပ်ကိစ္စတွေဆွေးနွေးဖို့အတွက်တာဝန်ခံပေါ့.  . . . . .   ကားဝင်လာသံတွေကြားတာနှင့် မာန ကုမ္ပဏီ ရှေ့မှာ သွားကြိုဖို့ထွက်လာခဲ့သည်

အရင်ဆုံး ဒရိုင်ဘာကဆင်းလာပြီး ကားတံခါးကိုဖွင့်ပေးဖို့အလုပ်မှာ တံခါးက ပွင့်လာပြီး အကောင်းစား လည်သာ ရူးတစ်စုံကျလာသည်
ပြီးနောက်  နက်ပြာရောင်အနောက်တိုင်းဝတ်စုံဖြင့် ဆင်းလာသည့်လူတစ်ယောက်. . .

''ဟင် ဒီလူ. .  . .

မာန ထိုလူရဲ့မျက်နှာကိုမြင်လိုက်ရသည့်အချိန်မတော့ခြေလှမ်းတွေတုန့်ဆိုင်းသွားသည်
ထိုလူ က  ဘယ်ကိုမှမကြည့်ပဲ နောက်ပါ ၂ယောက်နဲ့အတူ ခပ်မက်မက် လှမ်းဝင်လာသည်. . .
ဝန်ထမ်းတွေအားလုံးက ခေါင်းငုံအရိုအသေပေးပြီး ကြိုဆိုကြသည်.  
ထိုလူက သူမဆီကို တည့်တည့်လျှောက်လာပြီး.. . .'

''မင်္ဂလာပါ. . ဒီက ဒု ဥက္ကဌ  မာနလ်ွံ နဲ့တူတယ်. . .
ကျွန်တော်က ဦးမင်းထိုက်ရဲ့သား မင်းထက်ထိုက်တန် ပါ တွေ့ရတာဝမ်းသာပါတယ်. .'.' '

အားလုံးရဲ့ရှေ့မှာ အပြုံးဖြင့်တစ်ခါမှမတွေ့ဖူးသူပမာ နူတ်ဆက်လာသော ထိုလူကို မာန အံအားသင့်ကြောင်ငေးနေမိသည်. . . . .
ဒါကဘာလဲ. . ထိုလူမျက်နှာပေါ်မှာမြင်နေရတယ့်လှောင်ပြုံးရိတ်များ. .

ဒါပေမယ့် မာန ဟန်ဆောင်ပြုံးလိုက်ပြီး. .

''ဟုတ်ကဲ့ ကြိုဆိုပါတယ်ရှင့် က်ြန္မက မာနလ်ွံပါ. . .
ခုလိုတကူးတကလာတဲ့အတွက်လဲကျေးဇူးပါ. .  
ဒီဘက်ကိုကြွပါရှင့်. . .

ပါးတစ်ဖက်လျော်ကြေးWhere stories live. Discover now