သခင့်အလိုကျ

21.8K 402 2
                                    


သခင့် အလိုကျ

အပိုင်း (၂)

"ကျေး...ကျေးဇူး တင်ပါတယ် သူဌေးလေး.....

"မင်း ငါ့ကိုသိလား...

"မသိပါဘူး....

ရမက်ဝိုင် က မိန်းကလေးကို ပြန်ကြည့်လိုက်သည်။ ပြီးတော့ လက်ထဲကသောက်နေသည့် ဘီယာကို ထိုးပေးလိုက်ရင်း မေးလိုက်သည်။

"သောက်မလား......

"မ...မသောက်တက်လို့ပါ တောင်းပန်ပါတယ်......

"နေပါဦး....မင်း ဘာလို့ အမြဲတောင်းပန်နေတာလဲ.....

"ဟို.....

"တော်တော့.....မင်း မသောက်ဘူး မဟုတ်လား....
ထွက်ပေါက်က ဟ်ိုမှာ.....

ဝိုင် က တံခါးပေါက်ကို လက်ညိုးထိုးပြရင်းပြောလိုက်သည်။
ကောင်မလေးဟာ ပြောလိုက်သည်နှင့် ချက်ချင်း  ထရပ်လိုက်ပြီး တံခါးပေါက်သို့ ဦးတည်ပြီး လှမ်းသွားသည်။

"သေချာ နားထောင်သွား....
ငါက မင်းနောက်က လိုက်နေတဲ့ လူတွေ ထက် ၂ဆ ဆိုးသွမ်းသူပဲ...ဒီတစ်ခါတော့ မင်းကို ခွင့်လွတ်လိုက်မယ်...
နောက်တစ်ခါ တွေ့ရင် ငါ့အဆိုးမဆိုနဲ့...
ငါနဲ့မတွေ့အောင် ရှောင်ထား....ကြားလား ပြောတာ....

စကားသံက အေးစက် ပြတ်သားမူ အပြည့်။ ကြောက်အောင်ခြောက်နေတာထက် တကယ် ပင်ဆိုးသည့်ပုံ။

"ဟုတ်...ဟုတ်ကဲ့....

ကြောက်လန့်နေဟန်ဖြင့် ကောင်မလေးဟာ အပြေးတစ်ပိုင်း လျောက်သွားသည်။

"ငါ့ ရဲ့ ကုဒ်....

ကောင်မလေးဟာ ခြုံထားသည့် ကုဒ် အကျီ ၤကိုနောက်မှ သတိထားမိဟန်ဖြင့် ပြန်လှည့်လာပြီး ဆိုဖာပေါ် တင်လိုက်သည်။ကောင်မလေး နူတ်ခမ်းလူပ်လိုက်သည်နှင့်...

"တောင်း.....

"မင်းအသံ ထပ်ထွက်လာပြီး ငါ့ကိုနှောက်ယှက်ဦးမယ်ဆိုရင် မင်း မလွယ်ဘူး....

ကောင်မလေး ဟာ ဘာမှမပြောပဲ ပါးစပ်ပိတ်သွားပြီး ခေါင်းငုံ အရို အသေပေးလျှက် အခန်းထဲမှ ထွက်သွားသည်။

ဝိုင် ရဲ့ အတွေးထဲမှာလဲ ဒီချာတိတ်က ဒီလို KTV မှာ အလုပ် လုပ်လို့ရတာပဲလား။
သူမပုံစံက အသက်ရှိလှမှ ၁၅ ဒါမှမဟုတ် ၁၆။ သေးသေးသွယ်သွယ်လေးနှင့် ချစ်စရာ မျက်နှာလေး။အသားကပ်ဂါဝန် ပေါင်ဝက်လောက်လေးနှင့် ဆံပင် ရှည်ရှည်လေးကို ထိပ်မှာစုထုံးထားသေးသည်။
နူတ်ခမ်းရဲရဲလေးနှင့် အသားလဲ ဖြူသည်။
ဘယ်လိုကြည့်ကြည့် ကလေးရုပ် မပျောက်သေးတာ သိသာလှသည်။

သခင့် အလိုကျWhere stories live. Discover now