သခင့်အလိုက်

11.6K 301 4
                                    


သခင့် အလိုကျ

အပိုင်း ၄

အတင်းဆွဲခေါ်တာကြောင့် ကားပေါ် ပါလာခဲ့ရပေမယ့် မသိမသာ အကို ဝမ်းကွဲ ဖြစ်သူကိုပြန်ကြည့်မိသည်။ကားလမ်းပေါ်ရောက်မှ အကို ဝင်းကွဲရဲ့ကားကို နောက်မှာ မြင်လိုက်ရသဖြင့် သက်ပြင်းချမိသည်။စိတ်ထဲမှလဲ တော်သေးတယ် ငါ့
အကို လိုက်လာလို့။ ငါ ပြေးပေါက်ရှာရမယ်။

"မင်း အိမ် ဘယ်မှာလဲ....

ငါက KTV မှာ အလုပ်လုပ်တာလို့ ပြောခဲ့ဖူးတာ အခု ငါ့အိမ်ကိုသာ ပြလိုက်ရင် သေချာပေါက် လိမ်တာတွေ ပေါ်တော့မှာ။ မဖြစ်ဘူး အကြံထုပ်စမ်း။

"ဟေး ဘာငိုင်နေတာလဲ...မင်း အိမ်ဘယ်မှာလဲလို့မေးနေတယ်လေ...

"ဦး ကလဲ....ဆောင်း က အဲ့နေရာမှာနေတာပါဆို... ဦး ပဲ အတင်းခေါ်လာတာလေ....

"မင်း ငါ့ကို ဘယ်ထိ လိမ်နေဦးမှာလဲ...
လူကြည့်တော့ နို့နံ မစင်သေးဘူး
ည အချိန်ကြီး အပြင်မှာလျောက်သွားနေတာ မင်းအိမ်က မဆူဘူးလား...

ဒါက သူမ ကို စိုးရိမ်နေတာလား။
မဖြစ်နိုင်တာ ။သူ့လို လူမျိုးက ဘယ်တုန်းက တစ်ဖက်သားအတွက် တွေးခဲ့ဖူးလို့လဲ။

"မင်း အိမ် ဘယ်မှာလဲမေးနေတာကို မဟုတ်ရင် မင်းကို တကယ် အရူးထောင် ပို့ပစ်မယ်.....

"ဟာ ဘာလဲ မရူး ပါဘူးဆို.....

"ဆေးရုံကိုမောင်း.....

ကားမောင်းသူဟာ Y ရဲ့စကားသံကြောင့် လှည့်ကြည့်လာသည်။

"သခင်လေးဝိုင် လူနာသွားကြည့်စရာရှိလို့လား.....

"မဟုတ်ဘူး....လူနာ သွားပို့မလို့....

ဆောင်းလေရူး က သူမကို ရည်ရွယ်နေမှန်းသိတာကြောင့် ဘာလုပ်ရမှန်း ပင်မသိဖြစ်သွားသည်။
ဆေးရုံရောက်တော့လဲ သွားတဲ့ဆေးရုံက ဆောင်းလေရူး ရဲ့အဖေ တာဝန်ကျနေတဲ့ဆေးရုံ။

"သေစမ်း ဒယ်ဒီသာ မြင်ရင်ငါတော့ အသတ်ခံရမှာ.......

အတွေးမဆုံးခင် မှာပဲ ကားတံခါးဖွင့်ပြီး ဆင်းလာခဲ့ဆိုသည့် သဘော ရမက်ဝိုင် က လက်ယက်ခေါ်နေသည်။ ဆောင်းလေရူး က မလာဘူး ဆိုသည့် သဘော ခေါင်းခါပြလိုက်သည်။

သခင့် အလိုကျWhere stories live. Discover now