သခင့္အလိုက်

9.1K 258 3
                                    

သခင့် အလိုကျ

အပိုင်း ၁၁

"ဟယ်လို.... ....သမီးက နှောင်း လား...

"ဟုတ်ပါတယ်ရှင့် အန်တီက ဘယ်သူပါပဲ....

"အိပ်ချိန်ကြီး နှောက်ယှက်ရတာ တောင်းပန်ပါတယ် သမီးရယ်....ဆောင်းလေရူး ရဲ့သူငယ်ချင်း ဟုတ်တယ်မို့လား...

"ဟုတ်ပါတယ် အန်တီ နှောင်း က ဆောင်းလေရူး သူငယ်ချင်းပါ...........အန်တီက...

"အန်တီက သူ့ အမေ ပါကွယ်...
ဆောင်းလေရူး အခုထိ အိမ်ပြန်မလာသေးလို့ သမီးနဲ့အတူ ရှိလား မေးချင်လို့ပါ....

"ရှင်......ဆောင်း က အိမ်ပြန်မလာသေးဘူး ဟုတ်လား.....မဖြစ်နိုင်တာ သူ ပြန်မယ်ဆို့ပီး ကျောင်းရှေ့ထိ အတူထွက်လာခဲ့ကြတာကို...

"အခု ထိ အိမ်ပြန်မရောက်သေးဘူး...
ည ၁၂နာရီတောင်ကျော်နေပြီ....

"ဒီ အချိန်ထိ သူ ဘယ်ကိုမှလဲ သွားစရာ မရှိပါဘူး....

"သူမ မှာ ရည်းစားတွေ ဘာတွေများ ရှိလား သမီးရယ်...

"ဆောင်းမှာလား....မရှိပါဘူး...
သူက စာကို အရမ်း အရေးပေးပြီး အာရုံစိုက်တာ...ရည်းစား ထားဖို့ မပြောနဲ့ လာကြိုက်တဲ့သူကိုတောင် အဖက်လုပ်တာ မဟုတ်ဘူး...

"ဒါဆိုရင် ဆောင်းလေရူး တော့ ပျောက်နေပြီ.....

"ဘယ်လို လုပ်ကြမလဲ အန်တီ....

"အေး သမီးရယ်....အန်တီ လိုက်ရှာရဦးမယ် ဒါပဲနော်....

"သမီးလဲ ကူရှာပေးဖို့ လာရမလား...

"ညနက်နေပြီ သမီးလဲ နားပါ...
အန်တီတို့ ရှာ လိုက်ပါ့မယ်....

ဆောင်းလေရူး ရဲ့ ဖခင်နှင့် မိခင်တို့ဟာ တစ်ညလုံးနီးပါ ကျောင်း အပြန်လမ်
းနေရာ အနှံလိုက်ရှာကြပေမယ့် ဆောင်းလေရူး ရဲ့အစ အနကိုပင်ရှာမတွေကြပေ။

"ဘယ်လို လုပ်ကြမလဲ ရဲကို အကြောင်းကြားရမလား....

"ပျောက်တာ ၂၄နာရီ မပြည့်သေးဘူး
လူပျောက်တိုင် လို့ မရဘူး...

"ဒါဆို ဘယ်လို လုပ်ကြမလဲ အကိုရေ
ကျွန်မ သမီးလေးကို လူ ရောင်းစားတဲ့ သူတွေ များ ဖမ်းသွားတာလား....

သခင့် အလိုကျWhere stories live. Discover now