သခင့္အလိုက်

9.8K 239 1
                                    


သခင့် အလိုကျ

အပိုင်း ၅

"သူ က ဘာလို့ ဒီလောက်ထိ လူမှန်းမသိအောင်  သောက်ထားရတာလဲ....
သူ့ ပုံစံက စိတ်ညစ်စရာ ရှိနေတာလား...
ပြီးတော့ ဘာလို့ သူတစ်ယောက်ထဲလဲ...
သူ့လို သခင်လေး ဘေးမှာ အခြွေ အရံတွေ အများကြီး ရှိနေသင့်တာပါ...
အဲ့တော့ ဘာဖြစ်လဲ ငါနဲ့မဆိုင်ဘူး...
ငါ လိုချင်တာက သူ ငါ့ကို သတိပြုမိလာဖို့.....

ဆောင်း က ရာရာကို ဖုန်းဆက်လိုက်သည်။

"ရာရာ ငါ ဒီ ည လုပ်စရာရှိလို့ဘအပြင်မှာ အိပ်ရမယ်....ငါ့ ကိုနင့် အိမ်မှာလို့ပြောပြီး ညာပေးလို့ရမလား.....

"ဘာလဲ နင်က ညဘက်ကြီး ဘာလုပ်မလို့လဲ.....

"နင် ကို နောက်မှ ပြောပြမယ် ငါ အများကြီး ပြောလို့မရဘူး...... ငါ့ အမေကို ပြောလိုက်မယ်....နင်ကပါ ထပ်ဆက်ပြီး ဆောင်းက အိမ်မှာ အိပ်မှာပြောလိုက်....

"ဒါပေမယ့်... .

"အရင်ကလဲ နင့်အိမ်မှာ ငါအိပ်နေကျပဲဟာ...

"အဲ့တာက စာစုကျက်လို့လေ...
အခုက ငါတို့ စာကျက်စရာမှမရှိတာ ဘယ်လိုအကြောင်းပြမလဲ....

"အဆင်ပြေသလို ပြောလိုက်...

"ဟဲ့...ဆောင်းလေရူး....

လေရူး က စကား မဆုံး ခင် ဖုန်းချလိုက်သည် ။

"ငါသိချင်တယ် မိန်းကလေးတစ်ယောက်နဲ့ တစ်ည လုံး ရှိနေတာ သိသွားရင် နင် ဘယ်လို ငါ့ကို ဆက်ဆံမလဲ ဆိုတာ........

ဆောင်းလေရူး မိခင်ဖြစ်သူကို ညာပြီး ဟော်တယ်မှာပဲနေလိုက်သည်။
ဆိုဖာပေါ်မှာ လှဲအိပ်နေပေမယ့်ဘသတိကတော့ တစ်ချက် မှ လွတ်မသွားခဲ့။
ရမက်ဝိုင် ကတော့ အများကြီးသောက်ထားတာကြောင့် မိုးလင်းသည်အထိ တုပ်တုပ်မျှ မလူပ်ပဲ အသေလို အိပ်နေတော့သည်။နောက်တစ်နေ့ နံနက်မှာတော့။

"ကျွတ်...ကျွတ်...ခေါင်း ကိုက်လိုက်တာ....

ဦးခေါင်းကိုဖိပြီး ဝိုင် ထ ထိုင်လိုက်သည်။
မျက်လုံး မပွင့်တပွင့်ဖြင့် ကြည့်လိုက်တော့ သူ့အခန်း မဟုတ်ခဲ့ ။ဒါက ဘယ်နေရာလဲ။ မျက်လုံး က ဆိုဖာပေါ်က မိန်းကလေးတသ်ယောက်ဆီကို ရောက်သွသည်။

သခင့် အလိုကျWhere stories live. Discover now