သခင့္ အလိုက်

9.4K 245 2
                                    


သခင့် အလိုကျ

အပိုင်း ၆

"မင်း...မင်း... စကားကို ရှင်းရှင်းလင်းလင်း မပြောတက်ဘူးလား......

"ဘာပြောမိလို့လဲ....ဆောင်း ပြောမိတာက... ဦးဝိုင်ကို သဘောကျတယ်ရယ်...တာဝန်ယူရမယ် ရယ်ပါပဲ...
ဦးဝိုင်ကြောင့် အလုပ်ပြုတ်သွားတာလေ...
တာဝန်မယူလို့မရဘူးနော်...
ဆောင်း ကကျောင်းတက်ဖို့ပိုက်ဆံစုနေရတာ... ညပိုင်း အချိန်ပိုင်းအလုပ်လေးရခါမှ ဦးဝိုင်ကြောင့်ထုပ်ခံလိုက်ရတယ်....

"ကောင်းပြီ အလုပ်ရှင်ကို ငါပြန်ပြောပေးမယ်....

"အဲ့မှာ မလုပ်ချင်တော့ဘူး ဦး ဝိုင်နားမှာပဲနေချင်တာ....

"မင်း မဟုတ်တာ တွေပဲပြောနေဦးမယ်ဆို ဆွဲထုပ်ပစ်မယ် မလုပ်ဘူး မထင်နဲ့....

"အမြဲ ခြိမ်းခြောက်နေတာပဲ...
ဦးဝိုင် တကယ်မလုပ်ရက်ပါဘူး ဟုတ်တယ်မဟုတ်လား.... ဦးဝိုင်...ဦးဝိုင်တို့ဆီမှာပဲ အလုပ်တစ်ခုလောက်ပေးပါနော်
ဆောင်း အလုပ်ရှာရတာ မလွယ်လို့ပါ
ဒီမှာဆို ဦးဝိုင်ကိုလဲ နေ့တိုင်းမြင်ရမယ်....
အလုပ်လဲရမယ် ဘယ်လောက်ကောင်းလဲ....

"ငါက မင်းပြောတဲ့အတိုင်း နေခွင့်ပေးမယ်ထင်နေလား...

"နေခွင့်ပေးပါလို့...နော်...နော်....

"မင်း...ရပ်လိုက်....

ဝိုင်ရဲ့ လက်က အကျီ စကို လာလူပ်ပြီး ပြောနေတာကြောင့် ဝိုင်က အဝေးသို့လက်ကို ကားထုပ်လိုက်ပြီး အော်လိုက်တာဖြစ်သည်။

"အပြင်က တစ်ယောက်ကို သွားခေါ်ခဲ့...

"ဟုတ်....

ဆောင်းက အပြင်က စာရေးမကို ပြေးခေါ်လိုက်၏။

"မင်း သူ့ကို ခိုင်းချင်ရာခိုင်းညဒီနေ့ကစပြီး
သူက မင်းရဲ့ လက်ထောက်....

"ဟုတ်ကဲ့ သူဌေး....

ဆောင်းက လှစ်ခနဲ ပြုံးပြီး

"ကျေးဇူးတင်ပါတယ် ဦးဝိုင်....

စာရေးမလေးဟာ ဝိုင်ပြောတာ နားထောင်ပြီးနောက် ကြောင်စီစီလေးဖြင့်ရပ်နေ၏

"မင်း ပြောတာကြားလား...

"ဟို...ဟုတ်...

"ဘာပြောစရာ ရှိသေးလဲ...

သခင့် အလိုကျTempat cerita menjadi hidup. Temukan sekarang