သခင့္အလိုက်

8.9K 235 0
                                    

သခင့် အလိုကျ

အပိုင်း ၁၃

"အဟင်း...အင်း...

ငြီးတွားသံ သဲ့ သဲ့...
ပက်လက် ကုလားထိုင်ပေါ်မှာ အိပ်စက်နေသည့် ဝိုင် ရဲ့ နားထဲသို့ ဝင်လာခဲ့သည်။
သတိနဲ့ အိပ်နေတာမို့ ချက်ချင်းနိုးလာပြီး
ကုတင်ဘေးရောက်သွားတော့သည်။

"အဟင်း....အဟင်း...ချမ်းတယ်....

ငြီးနေတာကြောင့် ဆောင်းလေရူး ရဲ့ နဖူး ကို စမ်းကြည့်လိုက်မိသည်။

"သူမ ဖျားနေတာပဲ....

မွေ့ယာစပ်မှာ ဝင်ထိုင် လိုက်ပြီး....

"ဆောင်း...ဆောင်း...နေလို့ မကောင်း ဘူးလား....ဆောင်း.....

လူပ်နိူး လိုက်သည့် လက်ကို ကျစ်နေအောင် ဆုပ်ကိုင်ထားပြီး ဆောင်း က...

"ချမ်းတယ်...အရမ်း ချမ်းတယ်....

"အရမ်း ချမ်းနေတာလား...
ခဏလေး...မင်း ဆေး အရင်သောက်သင့်တယ်...ဖျားနေပြီ....မင်းကလေ ကလေး လိုပဲ အစာမှ မစားတာ အဲ့ဒီ ဒဏ်တွေ ခံရပြီပေါ့....ဒီပုံစံနဲ့ ဆရာဝန် လုပ်ချင်နေတာလား....

ဝိုင်က ခပ်တိုးတိုး ပြောရင်း ဆေး သေတ္တာ ထဲမှ ဆေး အချို့ကိုရှာလိုက်သည်။
ဒီနေရာက သူ ရန်ဖြစ်ပြီးတိုင်း ခိုအောင်းနေကျ နေရာမို့ ဆေး အစုံ ရှိနေတာဖြစ်သည်။ ဒီကို လာပြီး ဒဏ်ရာ တွေကို ကိုယ့်ပါကို ကုနေကျ မဟုတ်လား။

"လာ ဒီဆေး သောက်လိုက်... သက်သာသွားအောင်...

ဝိုင်က ဆောင်း ပါးစပ်ကို ဟပြီးဆေး ထည့်ပေးလိုက်သည်။ပြီးတော့ ရေ အနည်းငယ် လဲ တိုက်လိုက် ပြန်၏။
ဆောင်းကတော့ အသိလွတ်နေသူတစ် ယောက်ပမာ တိုက်တဲ့ဆေးရော ရေရော သောက်ပြီးနောက် ဝိုင်ရဲ့ အကျီ လက်ကို ဆွဲထား ပြန်၏။

"ချမ်း လို့လား.....

ဆောင်း က ကွေးကွေးလေး ဖြစ်အောင် နေပြီး နူတ်ခမ်းတွေပင် တုန်ရီနေခဲ့သည်။ဝိုင် လက်ထဲ ကိုင်ထားသည့် ရေ ခွက်ကိုဘေးခုံပေါ် ချလိုက် ပြီး မွေ့ယာပေါ် ဝင်ထိုင် လိုက်သည်။
ဆောင်း ရဲ့ ခန္ဒာ ကိုယ် ကို မယူ လိုက်ပြီးကုတင် ခေါင်း ရင်း မှ ဝင်ထိုင် လိုက်လျှက် ရင်ခွင်ထဲ ထည့် ပြီး ပွေ့ထားလိုက်သည်။ ပြီးတော့ အပေါ် မှ စောင် တွေဖြင့် သူမရဲ့ ကိုယ် ကို ရစ်ပတ်ပေးလိုက်သည်။
ဆောင်း ကတော့  နွေးသွားတာကြောင့် ထင်သည် ငြိမ်ကျသွားပြီး အိပ်သွားတော့သည်။ ခဏတော့ ဝိုင် ညောင်း တာ မသိသာပေမယ့် ကြာလာတော့ ခါး အတော် ညောင်း လာသလို ပင် လဲ ပင်ပန်းလာသည်။ ဆောင်း ကို အောက်ချ လိုက်ရင်လဲ နိူးသွားမှာ စိုးတာကြောင့် အဲ့ဒီ ပုံစံ အတိုင်း တစ်ညလုံး အချိန် ကုန် သွားရသည်။

သခင့် အလိုကျWhere stories live. Discover now