​ေဝး 💔

2.2K 55 0
                                    

Unicode

ကောင်းကင်ပြာပြာရဲ့အောက်မွာဆွေးဖူးပါသလား?
မိုးရွာကြီးထဲရပ်ပြီးသည်းထန်စြာငိုးကြွေးဖူးပါသလား?
လက်ကောက်ဝတ်လေးကိုဓားနဲ့လှီးဖူးပါသလား?
အထက်ပါလုပ်ရပ်တွေကိုလုပ်ဖူးရင်တော့ ဂုဏ်ယူပါတယ် သင်ဟာသောက်ကျိုးနည်းချစ်မိနေပါပြီ။

ဒီနေ့ပေါ့ သူမဟာ သိပ်လွတဲ့ အဖြူရောင်ဂါဝန်ကြီးကို ဝတ်ဆင်ထားလျက် ခန့်ညားတဲ့အသွင်ဆောင်တဲ့ကောင်လေးတစ်ယောက်ရဲ့လက်ကိုတွဲပြီးလျှောက်လှမ်းလာလေတယ်။
ထိုပုံရိပ်ကလေးဟာ သိပ်လွပနေလေရဲ့....။

ခင်ဗျားတို့ပြောကြည့် ခင်ဗျားတို့ရဲ့မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရရင်ခင်ဗျားတို့ဘယ်လိုနေမလဲ?
ကျွန်မကတော့......ဝမ်းနည်းရုံပါပဲ ဒိ့ထပ်မတက်နိုင်ခဲ့ဘူး

နားကျည်းရအောင်လည်းသူမဟာ ကျွန်မချစ်ရသူလေ...

ချစ်ရသူ ငါက မင်းခြွေသမျှကြွေရမဲ့ပန်းပွင့်လေးပါ။
ခြွေသာခြွေပါမစာနာပါနဲ့။
ဝမ်းနည်းရုံသာတက်နိုင်ပြီး မနာကျည်းရက်ပါ။
မင်းပျော်မယ်ဆို ငါကငါ့ရဲ့အသက်တောင်ပေးအုံးမှာ...။

သူမပြုံးနေတယ်။ ပြုံးလိုက်တိုက်းချိုင့်ဝင်သြားတဲ့ ပါးချိုင့်လေးတွေဟာ သူသိပ်ကြိုက်တဲ့သူ့ရဲ့idolနဲ့တူလေတယ်။

မင်းမှတ်မိသေးလားချစ်ရသူ ငါကမင်းပါးချိုင့်လေးတွေ မင်းရဲ့idolနဲ့တူတယ်လို့ပြောတုန်းက မင်းငါ့ကိုအပျော်လွန်ပြီး ခဏ ခဏ နမ်းတယ်လေ။
နောင်တစ်ချိန်ငါဒီလိုပြောရင်ရော်မင်းကနမ်းအုံးမှာလား?
အို ... ငါမေ့နေတာပဲ မင်းနဲ့လက်ထပ်တဲ့မင်းကောင်လေးက အဲ့လိုပြောပြီး မင်းကနမ်းမွာပေါ့။

ငါကမေ့တက်လိုက်တာ။ငါကအရံလူဆိုတာကိုပေါ့။

အရံလူဆိုတာနဲ့မင်းကိုမချစ်တာမဟုတ်ပါဘူး။
ငါကဇာတ်လိုက်ထက်တောင်မင်းကိုချစ်သေးတာ။
ကံကြမ္မာအရငါတို့မပေါင်းဖက်ပေးရမဲ့လို့ပေါ့။
မင်းသိထားပါ ချစ်ရသူ.....
ဒဿဂီရီက သီတာဒေဝီက ိုရာမထက် ပိုချစ်ခဲ့တယ်ဆိုတာကိုပေါ့....။

ငါမှတ်မိနေသေးပါတယ်။ ငါတို့စတွဲတုန်းကမင်းပြောခဲ့တာလေးကို....

GL Short  Fiction Collections🏳️‍🌈Where stories live. Discover now