ငါ့ကို ကယ်​ရင်​၊ မင်းကို လက်​ထပ်​မယ်​ (၁)
2.7K 319 3
လရောင်​လွှမ်းသော ညတစ်​ည၊ လော့ရန်​မြို့စွန်​ ဆင်​ခြေဖုံး တောအစပ်​တစ်​ခုသ၌. . . .
အနက်​ရောင်​ဝတ်​စုံနှင့်​ မိန်းမတစ်​ယောက်​ သစ်​ကိုင်းထက်​မှ ပေါ့ပါးလျင်​မြန်​စွာ ခုန်​လွှားလိုက်​သည်​။ သူမ ကိုယ်​ဟန်​က လေလျင်​ကဲ့သို့၊ သူမ အသွင်​က မိစ္ဆာဝိဉာဉ်​အလား ထင်​မှတ်​မှားစေသည်​။ သူမ နောက်​မှ ရန်​သူများမှာလည်း တဖြည်းဖြည်းနှင့်​ မျက်​ခြေအဖြတ်​ခံလိုက်​ရတော့၏။ သို့သော်​လည်း အရှေ့ဘက်​ သစ်​ကိုင်းအထူထူ အထပ်​ထပ်​များကြားမှ လူရိပ်​တခ်ျို့ ရုတ်​တရက်​ဆိုသလို ထွက်​ပေါ်လာပြီး သူမအပေါ် ခုန်​အုပ်​တိုက်​ခိုက်​လာကြတော့သည်​။
ရွမ်​သုန်း လှည့်​ကြည့်​လိုက်​ရင်း မျက်​မှောင်​ကျုတ်​လိုက်​မိပြီ။ သူမ ချက်​ချင်းဆိုသလို အရှေ့အရပ်​ဆီသာ ပြေးသွားလိုက်​တော့သည်​။ သူမ ကိုယ်​ကို လှည့်​လိုက်​သည်​နှင့်​ မမျှော်​လင့်​ပါဘဲ လက်​နက်​ပုန်းတစ်​ခုက သူမထံပြေးဝင်​ တိုက်​ခိုက်​လာတော့သည်​။ သူမ ခေါင်းကို စောင်းငဲ့၍ ရှောင်​တိမ်းလိုက်​သော်​လည်း ပါးမှာတော့ခြစ်​မိသွားခဲ့သေး။ သူမ မျက်​နှာပေါ် အုပ်​ကွယ်​ထားခဲ့သည့်​ ပိတ်​အနက်​သည်​လည်း ချော်​ကျသွားလေသည်​။ လရောင်​အောက်​၌ ဖြူ နုလှပသည့်​ မျက်​နှာငယ်​ ပေါ်ထွက်​လာတော့၏။
ချက်​ချင်း ပူထုံလာသော ပါးပြင်​ကို သူမ ထိလိုက်​မိသည်​။ နှစ်​ပေါင်းများစွာသော အတွေ့အကြုံတွေကြောင့်​ လက်​နက်​ပုန်းမှာ စွန်းနေသော သွေးတို့ကို လျက်​ကြည့်​လိုက်​ရုံနှင့်​ သိလိုက်​ရသည်​။ ဤလက်​နက်​ပုန်းမှာ အဆိပ်​လူးထားသည်​ကို။ ဒီအချိန်​မှာ သူမ ဤတိုက်​ပွဲအပေါ် အရာရာ လောင်းကြေးထပ်​ရတော့မည်​။ သူမကို လိုက်​လံဖမ်းဆီးနေသူများအားလုံးကို သတ်​နိုင်​မှ ဖြစ်​မည်​။ နောက်​ပိုင်း သူမ အသက်​ကို ဆက်​ထိန်းထားနိုင်​စွမ်း ရှိ မရှိဆိုတာကတော့ သူမ၏ ကံအပေါ် မူတည်​သည်​။ သူမ ကိုယ်​တွင်းမှ အဆိပ်​ကို ချေဖျက်​နိုင်​စွမ်း ရှိ မရှိအပေါ် မူတည်​သည်​။