အိမ်အပြန်လမ်းမှာတော့ ရွမ်သုန်းတစ်ယောက် ကွေ့ယန်ကို လက်စတုန်းနိုင်မည့် အခါကောင်း၊ အခွင့်ကောင်းကို အမြဲရှာနေချင်မိနေတော့သည်။ ဤသို့သော စည်းစနစ်နည်းနာ ထုံးတမ်းမူတို့ စောင့်ထိန်းတတ်သည့် လူမျိုး ယခုချိန်ထိ တစ်ကိုယ်တည်း မည်သို့ မည်ပုံ အသက်ရှင်အောင် နေထိုင်ခဲ့သည်လဲ သူမ နားမလည်နိုင်တော့။ တစ်နာရီလောက် ခြေကျင်လျှောက်ပြီးသည်နှင့် သူ့မှာ အနားယူဖို့ လိုလာပြန်သည်။ ရေကန်ရေအိုင် တွေ့ပြန်လျင်လည်း ရေကို ကျိုချက် အအေးခံပြီးမှသာ သောက်တတ်သေး။ လစ်လျင် လစ်သလို ချောင်ကြို ချောင်ကြားသွား၍ ဆေးမြစ်သစ်ဥ သွားတူးတတ်သေးသည်။ တောင်ကုန်းပေါ်မှ လိမ့်ကျသည်ဖြစ်စေ၊ မုဆိုးများ ထောင်ထားခဲ့သည့် ကျော့ကွင်းမိသဖြင့် ထိခိုက်ထားသည်ဖြစ်စေ၊ သူကတော့ မမှု။ ထိုသို့ အခက်အဲကြုံတွေ့ရလျင်တော့ သူမကို သနားစဖွယ် အော်ခေါ်လိမ့်မည်ပေါ့။
သူ့ကြောင့် ရွမ်သုန်းတစ်ယောက် မလိုလားအပ်ပါပဲ ကွေ့ကွေ့ကောက်ကောက် လမ်းအပိုတွေ ပတ်လျှောက်ရသည်။ သို့သော် ထိုကဲ့သို့ လမ်းကြောင်းကို ကွေ့ဝိုက်သွားနေသောကြောင့်လည်း သူမနောက် လိုက်လံသတ်ဖြတ်နေသူတို့ သူမကို ရှာမတွေ့တော့ဘဲ အနှောင့်အယှက်နည်းပါးသွားခြင်း ဖြစ်နိုင်သည်။
ညအချိန်ရောက်လာသည်။ ကွေ့ယန် တုန့်နှေး တုန့်နှေး လုပ်နေသောကြောင့် သူတို့နှစ်ဦး တည်းခိုစရာ ရပ်ရွာသို့ မရောက်နိုင်တော့၊ ကျေးရွာစပ်ချုပ် အပြင်ဘက်တစ်နေရာမှာသာ အိပ်ရန် ပြုရတော့သည်။
ရွမ်သုန်း မကျေမနပ်နှင့် မီးဖိုရသည်။ မီးဟုန်းဟုန်းတောက်လာအောင် သူမ ထင်း၊ မီးစာ နိုင်နိုင်ထည့်ထားပြီးသည်နှင့် ဘာမှ ပြောမနေတော့ဘဲ အမဲလိုက်ရန် ထွက်လာလိုက်တော့သည်။ ကွေ့ယန်ကတော့ လက်နှစ်ဖက်ကို ဆုပ်ထားလျက် မီးပုံရှေ့မှာ တုန်ယင်ချမ်းပြနေတော့၏။ သူ သက်ပြင်းအကြိမ်ကြိမ်ချလျက် ညည်းညူ ပြလိုက်သေး။ "ကိုယ် အရမ်းချမ်းနေပြီ၊ အရမ်းလည်း ဗိုက်ဆာနေပြီ... ပန်းပွင့်ကလေးရေ... မြန်မြန် ပြန်လာခဲ့နော်၊ မဟုတ်ရင် မင်းရဲ့ နတ်ဆေးဆရာကြီး သေရပါလိမ့်မယ်... သေရပါလိမ့်မယ်လို့..."
YOU ARE READING
ဒီ တစ်ဆောင်း (ပျားရည်စုပ်ပန်း)
Short Story[Zgyi+Uni] တစ်ယောက်က ဘယ်တော့မှ မသေဘဲ တည်မြဲရှိနေမယ့် ကျုံးရှီ။ နောက်တစ်ယောက်က ဘယ်အချိန်အခါ သေရမလဲ မသိနိုင်တဲ့ မိစ္ဆာဂိုဏ်းသားတစ်ဦး။ ရှန်သန်ခြင်းနဲ့ သေဆုံးခြင်းအကြောင်း ပုံပြင်လေးတစ်ပုဒ်. . .။ တစ်ယောက်က ဘယ်တော့မှ မသေဘဲ တည်မြ...