'ေနြဦးတစ္လ ကုန္စျပဳေတာ့၊ ပန္းဖူးရနံ႔တို႔ ေလမွာ သင့္သည္'
ေကြ့ယန္ ခံုေတြ ထုတ္ၿပီး ၿခံဝန္းထဲ ထြက္ထိုင္ကာ ေနပူစာလႈံသည္။ သူ႔ေဘးမွာကား ခံုတစ္လံုး အလြတ္ရိွေန၏။ သိပ္မၾကာလိုက္၊ ရြမ္သုန္း တျဖည္းျဖည္းႏွင့္ ေလ်ွာက္လာသည္။ ဝတ္ရံုတစ္ခုကို ၿခံဳလ်က္။
သူတို႔ႏွစ္ဦးသား ခံုေနာက္မွီကို မွီရင္း တူယွဉ္တြဲ ထိုင္ေနလိုက္ၾကသည္။ မ်က္လံုးအစံုကို မိွတ္ထားရင္း ေတာက္ပေနြးေထြးေသာ ေနျခည္လွလွကို ခံစားရင္း ေန၏။
"သာယာလိုက္တာ၊ သာယာလိုက္တာ..."
"ဟုတ္တယ္ေနာ္..." ရြမ္သုန္းအသံက လြန္စြာ ႏူးညံ့ေနသည္။ "ငါ နင့္ကို ပထမဆံုးအႀကိမ္ေတြ့ရတုန္းကလိုမ်ိဳး... အလွပဆံုး ေနေရာင္ျခည္နဲ႔ နင္. . ."
သူမ ၿပံဳးလိုက္ကာ ေကြ့ယန္ လက္ကို ကိုင္ဖို႔ သူမ လက္ကို လွမ္းလိုက္သည္။ ေကြ့ယန္ သူမ ဆႏၵအတိုင္း ကမ္းလင့္လာေသာ သူမ လက္ကို ဖမ္းယူကာ တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားလိုက္ေတာ့သည္။ တျဖည္းျဖည္းႏွင့္၊ ေကြ့ယန္ တစ္ေယာက္တည္း တစ္ဖက္သတ္တည္း လက္ကိုင္ထားသူ ျဖစ္လာသည္။
သူ ဆုပ္ကိုင္ထားသၫ့္ လက္ကေလးက တျဖည္းျဖည္း ေအးစက္လာသည္။ ေကြ့ယန္ ေနာက္ လက္တစ္ဖက္ႏွင့္ ေနေရာင္စူးစူးကို ကာထားလိုက္၏။ ေနေရာင္ျပင္းျပႏွင့္အတူ၊ သူ႔မ်က္ဝန္းေထာင့္မွာ မ်က္ရည္စက္တို႔ စီးလိွမ့္က်လာသည္။
"အာ. . . ပန္းပန္းပြင့္ပြင့္ဇနီးေလး... ေနေရာင္ကလည္း စူးလိုက္တာ... ေၾသာ္ စူးလြန္းလို႔ပါ..."
သို႔ေသာ္လည္း သည္တစ္ခါမွာေတာ့ ရြမ္သုန္းက တံု႔ျပန္စကား မဆိုေတာ့ေခ်။
_
_
_
[Unicode]
'နွေဦးတစ်လ ကုန်စပြုတော့၊ ပန်းဖူးရနံ့တို့ လေမှာ သင့်သည်'
ကွေ့ယန် ခုံတွေ ထုတ်ပြီး ခြံဝန်းထဲ ထွက်ထိုင်ကာ နေပူစာလှုံသည်။ သူ့ဘေးမှာကား ခုံတစ်လုံး အလွတ်ရှိနေ၏။ သိပ်မကြာလိုက်၊ ရွမ်သုန်း တဖြည်းဖြည်းနှင့် လျှောက်လာသည်။ ဝတ်ရုံတစ်ခုကို ခြုံလျက်။
သူတို့နှစ်ဦးသား ခုံနောက်မှီကို မှီရင်း တူယှဉ်တွဲ ထိုင်နေလိုက်ကြသည်။ မျက်လုံးအစုံကို မှိတ်ထားရင်း တောက်ပနွေးထွေးသော နေခြည်လှလှကို ခံစားရင်း နေ၏။
"သာယာလိုက်တာ၊ သာယာလိုက်တာ..."
"ဟုတ်တယ်နော်..." ရွမ်သုန်းအသံက လွန်စွာ နူးညံ့နေသည်။ "ငါ နင့်ကို ပထမဆုံးအကြိမ်တွေ့ရတုန်းကလိုမျိုး... အလှပဆုံး နေရောင်ခြည်နဲ့ နင်. . ."
သူမ ပြုံးလိုက်ကာ ကွေ့ယန် လက်ကို ကိုင်ဖို့ သူမ လက်ကို လှမ်းလိုက်သည်။ ကွေ့ယန် သူမ ဆန္ဒအတိုင်း ကမ်းလင့်လာသော သူမ လက်ကို ဖမ်းယူကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်တော့သည်။ တဖြည်းဖြည်းနှင့်၊ ကွေ့ယန် တစ်ယောက်တည်း တစ်ဖက်သတ်တည်း လက်ကိုင်ထားသူ ဖြစ်လာသည်။
သူ ဆုပ်ကိုင်ထားသည့် လက်ကလေးက တဖြည်းဖြည်း အေးစက်လာသည်။ ကွေ့ယန် နောက် လက်တစ်ဖက်နှင့် နေရောင်စူးစူးကို ကာထားလိုက်၏။ နေရောင်ပြင်းပြနှင့်အတူ၊ သူ့မျက်ဝန်းထောင့်မှာ မျက်ရည်စက်တို့ စီးလှိမ့်ကျလာသည်။
"အာ. . . ပန်းပန်းပွင့်ပွင့်ဇနီးလေး... နေရောင်ကလည်း စူးလိုက်တာ... သြော် စူးလွန်းလို့ပါ..."
သို့သော်လည်း သည်တစ်ခါမှာတော့ ရွမ်သုန်းက တုံ့ပြန်စကား မဆိုတော့ချေ။
YOU ARE READING
ဒီ တစ်ဆောင်း (ပ်ားရည္စုပ္ပန္း)
Short Story[Zgyi+Uni] တစ္ေယာက္က ဘယ္ေတာ့မွ မေသဘဲ တည္ၿမဲရွိေနမယ့္ က် ံဳးရွီ။ ေနာက္တစ္ေယာက္က ဘယ္အခ် ိန္အခါ ေသရမလဲ မသိနိုင္တဲ့ မိစၧာဂိုဏ္းသားတစ္ဦး။ ရွန္သန္ျခင္းနဲ႔ ေသဆံုးျခင္းအေၾကာင္း ပံုျပင္ေလးတစ္ပုဒ္. . .။ တစ်ယောက်က ဘယ်တော့မှ မသေဘဲ တည်မြ...