ငါ့ကို ကယ်​ရင်​၊ မင်းကို လက်​ထပ်​မယ်​ (၂)
1.7K 252 20
ကျန်းဟူမှ ကောလဟလသတင်းများအရဆိုလျင်​ လို့ရန်​မြို့၌ နတ်​ဆေးဆရာတစ်​ပါးရှိလေသည်​။ အနာမျိုး ၉၆ ပါးလုံး သူ ကုသနိုင်​သည်​။ သေကောင်​ပေါင်းလဲ လူနာကိုပင်​ ပြန်​ထစေနိုင်​ပြီး အသက်​ရှည်​စေနိုင်​သည်​ဟု ဆိုကြသည်​။
ရွမ်​သုန်း နိုးလာတော့ သူမက သပ်​သပ်​ရပ်​ရပ်​ အိမ်​ကလေးတစ်​လုံးထဲမှာ။ သူစိမ်းသူရံပတ်​ဝန်းကျင်​ဖြစ်​နေတော့ သူမ သတိသံသယကြီးစွာနှင့်​ ချက်​ချင်း ကုန်းထမိတော့သည်​။ သူမ ကိုယ်​ပေါ်က ဒဏ်​ရာများကို မတော်​တဆ ထိခိုက်​သွားစေမိသည့်​အခါမှသာ သူမ ဤနေရာကို အဘယ်​ကြောင့်​ရောက်​နေသည်​မှန်း ရိပ်​စားမိသလိုလို ရှိတော့၏။
သူမက... စာပေသမားတစ်​ဦးကို လက်​ထပ်​ရန်​ ကမ်းလှမ်းခဲ့သည်​တဲ့လေ။
မြင်​ရ တွေ့ရသလောက်​ကတော့ ထိုစာပေသမား သူမကို ကယ်​လာခဲ့ပုံရသည်​။ ရွမ်​သုန်း သူမ ကိုယ်​ပေါ်မှာ တင်းတင်းကြပ်​ကြပ်​စည်းနှောင်​ထားသည့်​ ပတ္တီးများကို ထိကိုင်​ကြည့်​လိုက်​သည်​။ သူမ စိတ်​ထဲမှာ တွေးဖြစ်​ခဲ့သည်​ကတော့၊ 'ငါ အဲ့ဒီ့ စာပေသမားကို တွေ့တဲ့ အခါ ကျေးဇူးတင်​စကားပြောပြီးတာနဲ့ သတ်​လိုက်​တော့မယ်​...' ဟူ၍။ သူမ လက်​ရှိရောက်​နေသည့်​ တည်​နေရာကို သိသူ များလေလေ အန္တရာယ်​ကြီးလေလေဖြစ်​နေသည်​။ ယခုလို အချိန်​မျိုးမှာ သူမ သက်​စွန့်​ဆံဖျားတွေ လုပ်​ရမှာကို မလိုလားဆုံး။
အပြင်​ဘက်​ဝန်းဆီမှ ခြေသံများ တရစပ်​ ကြားနေရသည်​။ တစ်​စုံတစ်​ယောက်​ ဝန်းခြံထဲ ခေါက်​တုန့်​ခေါက်​ပြန်​လျှောက်​သွားနေပုံရ၏။ ရွမ်​သုန်း အတန်​ကြာမျှ နားထောင်​ကြည့်​မိတော့ ခြေသံများက လေးလံပြီး နှေးကန်​နေသည်​ကို သတိထားမိသည်​။ သိုင်းပညာတတ်​ကျွမ်းသူတို့၏ ခြေသံမျိုး မဟုတ်​။ သူမ စိတ်​ပေါ့ပါးသွားရပြီး လက်​နက်​မပါ လက်​ဗလာဖြင့်​ တံခါး အပြင်​ထွက်​လာလိုက်​တော့သည်​။
ခြံဝန်းအတွင်း နေရောင်​ခြည်​ ဖြဖြ လင်းချင်းစွာ ကျဆင်းနေသည်​။ တောက်​ပလွန်း၍ သူမ မျက်​မှောင်​ပင်​ ကျုတ်​လိုက်​မိသည်​။ ခဏလောက်​နေတော့ သူမလည်း အသားကျသွားကာ အမြင်​အာရုံ ပြတ်​သားရှင်းလင်းလာတော့၏။