နှစ်လပိုင်း ဆောင်းနှောင်း၏ ညသည် အေးစိမ့်လျက်ရှိနေဆဲ။ ဝန်းကျင်တစ်ခွင်သည်လည်း ဆိတ်တိတ်နေဆဲ။
ရွမ်သုန်း ကွေ့ယန် ပါးစပ်ကို အုပ်၍ ကျူ တောထဲ ဝင်ပုန်းနေလိုက်ရသည်။
သူတို့ မီးငြိမ်းသတ်ပြီး ထွက်ခွာရန် ဟန် ပြင်နေဆဲမှာပဲ ရွမ်သုန်းတစ်ယောက် ခြေသံများ၊ ခြုံတိုးသံများ ကြားလိုက်ရခြင်းဖြစ်၏။ ချက်ချင်းဆိုသလို အခြေအနေမကောင်းတော့မှန်း သူမ သိသည်။ ကွေ့ယန်ကို မြစ်စပ်ဘက် ဆွဲခေါ်ပြီး ပြေးလိုက်တော့သည်။ သို့ရာ၌ သည်တစ်ခေါက် သူမကို လိုက်လံသတ်ဖြတ်နေသူ လူစုမှာ လူအင်အား တစ်ရာကျော်မျှ ပါမည်ဟု ထင်မထားခဲ့မိ။ အချိန်ကာလခေတ္တခဏပင် မကြာ၊ တစ်ဘက် လူစုလည်း မြစ်ကမ်းပါးသို့ ရောက်လာလေသည်။ ရွမ်သုန်းမှာ ကျူ တောသာ ရှာ၍ ပုန်းရတော့သည်။
ရွမ်သုန်း ကွေ့ယန်ကို လှည့်ကြည့်လိုက်သည်။ သူမ စိတ်မှာတော့ အစဉ်မပြတ် တွေးနေမိသည်။ 'သူမမှာ မပျောက်ကင်းသေးသည့် ဒဏ်ရာကြီးနှင့်၊ ပြီးတော့ သူမမှာ တစ်ပါးသူအပေါ် ဒုက္ခပေးဖို့ပဲ သိတတ်သည့် ဝန်ထုပ်ဝန်ပိုးကြီးကလည်း ပါနေသေးသည်။ သူမ အရိုးကြေကြေ အရေခမ်းခမ်း တိုက်၍ ကိုယ်လွတ်ရုန်းရန် လမ်းရှာမည်ဆိုလျင်တောင် မဖြစ်နိုင်။ သူမ အားထားလို့ရမည့် နည်းဟူ၍ ပုန်းအောင်းရန်သာ ကျန်တော့၏။ တစ်ဘက်ရန်သူတို့ ထွက်သွားကာမှ သူမ နောက်ခြေလှမ်းကို ဆက်နိုင်မည်။'
အနက်ရောင်ဝတ်စုံနှင့် လူစု မီးတိုင်ကိုယ်စီနှင့် ဝန်းကျင်အနှံ့ လှည့်လည်နေကြသည်ကို ကြည့်ရင်း သူမ မျက်ဝန်းများ ပိုမို စူးရှလာတော့သည်။ သူမတို့နှင့် အနီးဆုံးရောက်လာသူမှာ တစ်ကိုက်ကျော်မျှပင် ကွာတော့သည်။ သူမတို့သာ အမှောင်ကမ္ဗလာထုကို အကာအကွယ်ယူမထားပါက အစောကြီးကတည်းက မိသွားလောက်ပြီ။
ယခုတော့ ထိုသူသည် ကျူ တောတွင်း ဝင်ရောက်ချဉ်းနင်းလျက် ဓားကို ဝှေ့ကာ ဝှေ့ကာနှင့် ရှာနေချေပြီ။ ကျူ ပင်များကို ခုတ်ပိုင်းသွားသောကြောင့် ရွမ်သုန်းတို့အဖို့ ပုန်းအောင်းနေဖို့ရာ ခဲယဉ်းသည်ထက် ခဲယဉ်းလာ၏။ သူမ အကျ င်္ီလက်တွင်းမှ အဆိပ်လူးမျှားကို အသင့်ပြင်ထားလိုက်ပြီး ထိုသူကို သတ်နိုင်ဖို့ အခွင့်ကောင်းကို စောင့်နေလိုက်တော့သည်။
YOU ARE READING
ဒီ တစ်ဆောင်း (ပျားရည်စုပ်ပန်း)
Short Story[Zgyi+Uni] တစ်ယောက်က ဘယ်တော့မှ မသေဘဲ တည်မြဲရှိနေမယ့် ကျုံးရှီ။ နောက်တစ်ယောက်က ဘယ်အချိန်အခါ သေရမလဲ မသိနိုင်တဲ့ မိစ္ဆာဂိုဏ်းသားတစ်ဦး။ ရှန်သန်ခြင်းနဲ့ သေဆုံးခြင်းအကြောင်း ပုံပြင်လေးတစ်ပုဒ်. . .။ တစ်ယောက်က ဘယ်တော့မှ မသေဘဲ တည်မြ...