Disclaimer and Intro
5K 318 10
တစ်​ယောက်​က ဘယ်​တော့မှ မသေဘဲ တည်​မြဲရှိနေမယ့်​ ကျုံးရှီ။
နောက်​တစ်​ယောက်​က ဘယ်​အချိန်​အခါ သေရမလဲ မသိနိုင်​တဲ့ မိစ္ဆာဂိုဏ်းသားတစ်​ဦး။
ရှန်​သန်​ခြင်းနဲ့ သေဆုံးခြင်းအကြောင်း ပုံပြင်​လေးတစ်​ပုဒ်​. . .။
မက်​မွန်​ပင်​နတ်​မိစ္ဆာဇာတ်​လမ်းထဲက ချန်​နိုင်​ငံ အိမ်​ရှေ့စံရဲ့ ဇာတ်​လမ်းလေး. . .။
_____________
____________
ဒီဇာတ်​လမ်းလေးနာမည်​က ရွမ်​သုန်း (ပျားရည်​စုပ်​ပန်း) တဲ့။ ကျိုးလုဖေးရှန်းရဲ့ ဝတ္ထုတိုတစ်​ပုဒ်​ပါ။ NC သတိထားမိသလောက်​ သူ့ဝတ္ထုတိုလေးတွေက အဓိကဇာတ်​ကောင်​ရဲ့ နာမည်​တစ်​ခုခုကို ပေးလေ့ရှိတယ်​။ ဇာတ်​လမ်းတစ်​ခုလုံးရဲ့ အဓိပ္ပါယ်​ကိုလည်း ထောက်​ပံ့ပေးမယ့်​ လိုက်​ဖက်​တဲ့ နာမည်​လေးတွေဖြစ်​တတ်​တယ်။
ဥပမာ - မိုးသောက်​ချိန်​လို့ အဓိပ္ပါယ်​ရတဲ့ ထျ န်းရှောင့်။ ပိုးစာတေးသံဆိုတဲ့ ဆန်းကော ဆို့လိုပေါ့။
ရွမ်​သုန်း သို့မဟုတ်​ ပျားရည်​စုပ်​ပန်းဆိုတာက မြောက်​ပိုင်းဒေသမှာပဲ ပွင့်​ပြီး အအေးဓာတ်​ကိုပဲ ကြိုက်​ပါတယ်​တဲ့။
____
*Spoiler alert*
"ဆန်​စပါးက ရေလွှမ်းလို့ပျက်​... မြက်​နွယ်​က အသက်​တို... သလဲသီးက ဆောင်းခဲလို့ သေ... ဖရဲသီးက နေပြင်းလို့ ကြေတဲ့... ဒါပေမယ့်​ ပျားရည်​စုပ်​ပန်းကတော့ ဘယ်​အရာမှ မမှုပေဘူးလို့ စာအဆိုရှိတယ်​...
ကိုယ်​ မြင်​ရသလောက်​ဆိုရင်​ မင်းဟာလည်း အသက်​ဆက်​လိုစိတ်​ အတော်​ပြင်းပြတာပဲ..."
- အိမ်​ရှေ့မင်းသား၏ ပြောစကားမှ ကောက်​နုတ်​ချက်