Chapter 2

21.5K 2K 16
                                    

"ရိပေါ် အဲ့ဒါ မင်းရဲ့ယုန်ကလေးမဟုတ်လား"

လင်းပိုရဲ့စကားနဲ့အတူ
ရှေ့တန်းက မော့ရှမ်းကပါလှည့်ကြည့်လာသည်။

"ရှူးးး တိုးတိုးကွ!
မနေ့ညကမင်းတို့လည်းကြံရာပါဆိုတာကိုသူကသိတာမဟုတ်ဘူး
ရိသဲ့သဲ့လုပ်ခဲ့တာငါဆိုတော့ ငါ့ကိုပညာတွေဘာတွေပြမလားမသိဘူး"

"အဲ့တော့ မင်းကချက်ချင်းကြီးအပိုးကျိုးသွားတာပေါ့"

"ဟိုး အဲ့လိုထင်ရင်မှားမှာပေါ့!
သူကသွားထိလို့မရတဲ့ကျားပေါက်လေးနဲ့တူပေမယ့်
ငါ့အတွက်တော့နည်းနည်းစွာတဲ့ယုန်ကလေးပါပဲကွာ
မုန်လာဥကျွေးရင်တစ်ခါတည်းကောက်ကောက်ပါအောင်လိုက်လာမှာ"

ခပ်အုပ်အုပ်ထွက်လာတဲ့အသံကြောင့်
ရှောင်းကျန့် အတန်းထဲကိုမျက်လုံးကစားကြည့်တော့
ကျောင်းသားတစ်ယောက်ကဖတ်စာအုပ်ကြီးနဲ့မျက်နှာကိုကွယ်ပြီး စကားပြောနေပုံရသည်။
လှုပ်တုပ်တုပ်ခေါင်းနဲ့ စကားပြောနေမှန်းသိသာစေတဲ့နှုတ်ခမ်းက စာအုပ်ကွယ်ထားတဲ့ကြားကထော်ထွက်နေသေးသည်။

"ဒီနေ့ကပထမနေ့ဆိုတော့
ကျောင်းသားတွေနဲ့ရင်းနှီးမှုယူပြီးသက်တောင့်သက်သာနေခဲ့ ငါ့ညီ
အကိုကတော့အတန်းပိုင်အလုပ်တွေလုပ်ရဦးမှာဆိုတော့ရုံးခန်းကိုပြန်သွားရဦးမယ် ဖြစ်ရဲ့လား"

"ဖြစ်ပါတယ် အကို…
အေးဆေးလုပ်ပါ ကျွန်တော်လည်းသူတို့နဲ့ရင်းနှီးဖို့လိုတယ်မဟုတ်လား
အဆင်ပြေပါတယ်"

လောင်ကျူးက ရှောင်းကျန့်ပုခုံးကိုပုတ်ကာ အခန်းထဲကထွက်သွားပြီးနောက်
ရှောင်းကျန့် ကလေးတွေနဲ့ခင်မင်ရေးအစီအစဉ်စတင်တော့သည်။

ကျောင်းပြီးခါစဖြစ်သောကြောင့်အထက်တန်းကလေးတွေနဲ့
အသက်အများကြီးမကွာသော်ငြား
စာမေးမြန်းတဲ့အခါမရှိန်ရအောင်
ကျောင်းသားတွေနဲ့ရင်းနှီးဖို့လိုတာကြောင့်။

"ကျွန်တော်ကအသက်၂၄နှစ်
ဥပဒေအထူးပြုနဲ့ကျောင်းပြီးထားပါတယ်
မင်းတို့နဲ့အသက်သိပ်မကွာတော့
စာတွေမလိုက်နိုင်လို့ပဲဖြစ်ဖြစ်
ကျောင်းတက်နေတဲ့အချိန်အတွင်းဘာအခက်အခဲပဲရှိရှိ
ဘယ်အကြောင်းအရာကိုမဆိုကျွန်တော့်ကိုပွင့်ပွင့်လင်းလင်းပြောပြီးဆွေးနွေးပါ၊မေးမြန်းပါ
တစ်နှစ်ပတ်လုံးအတူတူဖြတ်သန်းရမယ့်ဆရာတပည့်တွေဆိုတော့
ရင်းရင်းနှီးနှီးနေကြတာပေါ့
ကဲ အရင်ဆုံး မင်းတို့တစ်ယောက်ချင်းစီကိုယ့်နာမည်ကိုယ်မိတ်ဆက်ပေးကြပါ"

Only You (COMPLETED)Where stories live. Discover now