Final

19.6K 1.4K 21
                                    

မနက်ဖြန် သန်ဘက်ခါဆိုရင်ပဲ ထပ်ပြီးရက်ရွှေ့ထားတဲ့မင်္ဂလာပွဲရောက်တော့မယ်။
ရှောင်းကျန့်ကအခုထိရိပေါ်နဲ့မျက်နှာချင်းဆိုင်မတွေ့သေးဘူး။

မျက်နှာပူတယ်၊ရှက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပေကျင်းနဲ့ရှန်ဟိုင်း
တစ်မြို့စီမှာနေပြီး
ဖုန်းနဲ့ပဲအလွမ်းပြေဆက်သွယ်ရတာ။

ရိပေါ်ကိုယ်တိုင်လာချော့တုန်းကလဲ
ရှောင်းကျန့်အမူကောင်းတာနဲ့
မတွေ့လိုက်ရဘူး။
အဲ့ဒါပြီးတော့ ဆေးရုံကအလုပ်တွေနဲ့မအားတော့လို့သွားမတွေ့ရသေး။

ဘာပဲဖြစ်ဖြစ် ဒီနေ့တော့
မင်္ဂလာပွဲအတွက်ခွင့်တစ်ပတ်တင်ခဲ့တာမို့ ညနေလေယာဉ်နဲ့ပဲ
ရိ​ပေါ် ပေကျင်းကိုထွက်လာခဲ့တော့တယ်။ အကြောင်းကတော့
အပုန်းကောင်းနေတဲ့ယုန်ကြီးကိုအမိဖမ်းပြီး ရှန်ဟိုင်းကိုပင့်ခေါ်သွားရဖို့…။

Suprise ဖြစ်စေချင်လို့ကြိုမပြောခဲ့တဲ့အတွက် နောက်ဆက်တွဲကတော့ရိပေါ်အမောဆို့တာပါပဲ။
ရောက်ရောက်ချင်း ယုန်ကြီးကိုဖက်ပြီးအမောဖြေပါမယ်ဆို
"သူငယ်ချင်းတွေနဲ့အပြင်ထွက်သွားတယ်" ဆိုတဲ့လီလီကျဲရဲ့စကားကြောင့်
ရိပေါ် အားချင်းဆိုသလိုသူ့ကောကိုလိုက်ရှာဖို့အကြောင်းဖန်လာပါတော့တယ်။

"သေချာပေါက် ကလပ်ကိုပဲသွားတာဖြစ်မယ်"

လီလီကျဲရဲ့တွေးတွေးဆဆပြောတဲ့စကားအဆုံး မေးရိုးပြုတ်ကျပြီးအံ့သြသွားတဲ့သူကသေချာပေါက်ဝမ်ရိပေါ်ပင်။

"ကော က ကလပ်တွေဘာတွေတက်တယ်လား"

"အမလေး သူကသူ့အစီအစဉ်နဲ့သူမို့ရိုးသားချင်ယောင်ဆောင်နေတာ
တကယ်ကဒီနယ်မှာဆိုရပ်ကျော်ရွာကျော်ပဲ
နင်သိလား အဲ့ကောင်မူလတန်းတုန်းက
အထက်တန်းစီနီယာမမကိုစာလိုက်ပေးတာလေ ခွေးလိုက်ဆွဲလို့ပြန်ပြေးခဲ့ရတယ် ဟားဟား"

ပြောလဲပြော,ခွက်ထိုးခွက်လန်ရယ်နေတဲ့ လီလီကိုကြည့်ရတာ
ရှောင်းကျန့်ဘဝရဲ့အမှတ်တရအားလုံးကိုသိနေပုံရသည်။
အင်းလေ ငယ်သူငယ်ချင်းတွေပဲကိုး။
ရိပေါ်တောင် လီလီကျဲကိုမနာလိုဖြစ်သွားပြီ။

သူ့ကိုချဉ်းကပ်ချင်ရုံနဲ့ပဲ ရှောင်းကျန့်ကပင်ကိုယ်စရိုက်ကိုဖုံးကွယ်ခဲ့တာကိုလည်းအလိုမကျ​ပေ။
သူ့ရှေ့မှာတော့ဟန်ဆောင်ခြင်းမရှိတဲ့
ရှောင်းကျန့်ရဲ့ပုံစံအစစ်ကိုပဲဖော်ပြစေချင်၏။
မဖြစ်သေးပါဘူး…ယုန်ကြီးကိုအပြစ်ပေးမှကိုရမှာ။

Only You (COMPLETED)Where stories live. Discover now