ချိုမြိန်​​သော _Ep-16

1.2K 131 4
                                    

For Unicode
ချိုမြိန်သော





ထို့နေ့သည်နှစ်ထောင့်တစ်ဆယ့်လေးခုနှစ်၏ မဟာသင်္ကြန်အကြတ်နေ့....



ဇွဲထက်တို့အိမ်က ကားနှင့်လည်ရန်လူစုထားသည်။ ဇွဲထက်၏အိမ်သို့ ရဲသီဟနိုင်က ကြိုရောက်နေသည်။ ရဲသီဟနိုင်နှင့် သက်ပိုင်းမှူးတို့ မတွေ့ဖြစ်သည်မှာ ငြင်းဆိုလိုက်သည့် နေ့ကတည်းကပင်ဖြစ်သည်။ နှလုံးသား၏အလိုဆန္ဒကို ငြင်းပယ်ကာဆိုခဲ့ရသည်ဖြစ်၍ သက်ပိုင်တစ်ယောက် ရဲသီဟနိုင်ကို ရင်ဆိုင်ဖို့ ဝန်လေးစွာ..။



“ သက်ပိုင်လာလေ ဘာစားခဲ့လဲ အိမ်က ”



“ မစားခဲ့ဘူး ”



“ အဲဒါဆိုလာ ကြာဇံကြော်လာစား ”



“ တော်ပြီ မစားတော့ဘူး ”



“ သား သက်ပိုင်.. လာလေ အားနာရမယ့်သူတွေမဟုတ်ဘူး.. လာစား။ ကျန်တဲ့ သူငယ်ချင်းတွေကိုပါခေါ်လိုက်ဦး ”



“ သက်ပိုင် ဟိုအကောင်သီဟ ခေါ်မကြား အော်မကြားနဲ့.. မင်းသွားခေါ်လိုက်ပါလား ငါဒီမှာ မင်းတို့စားဖို့ထည့်ထားမယ် ”



ခြံထဲရှိခုံလေးတွင်ထိုင်ကာ ခြံပြင်သို့ငေးနေသောရဲသီဟနိုင် အနားသို့သွားခဲ့သည်။



“ သီဟ ဇွဲထက်မေမေက ခေါ်နေတယ် ကြာဇံကြော်စားဖို့ ”



“ ငါမစားချင်ဘူး ”



“ အိမ်ကစားလာလို့လား ”



“ မစားလာဘူး ”



“ အဲဒါဆိုလာစားလိုက်ပါလား.. ဗိုက်အောင့်နေဦးမယ် ”



“ ဟင့်အင်း ”



“ လာပါကွာ လာစားလိုက်နော် ဇွဲထက်မေမေခေါ်နေတာ အားမနာဘူးလား ”



“ ဒီနေ့လည်ရင် မင်းငါ့ဘေးနားမှာတစ်နေကုန်နေမယ်လို့ ကတိပေးရင် စားမယ် ”



ကျန်းမာရေးကိုသေးသေးလေးကအစစိတ်ပူတတ်တဲ့ အကျင့်လေးကိုအခွင့်အရေးယူပြီ။



“ အင်းအင်း.. ပေးတယ်.. လာစားတော့

ကားကခဏနေရင်ထွက်တော့မှာ ..လာစား ”



ပြောတော့လည်း လက်မခံဘူး...ငြင်းတယ်ဆိုပြီး ဘာလို့ငါ့ကို အဲဒီလောက်ဂရုစိုက်ပြနေတာလဲသက်ပိုင်။ အပြောနဲ့အလုပ်တွေမညီလိုက်ပုံများ။



လူစုံ‌စားသောက်ပြီးနောက် သင်္ကြန်လည်ခြင်း အစီစဉ်ကို စတင်ခဲ့သည်။



ကတိတည်ရှာပါသည်။ ကားပေါ်တက်သောအခါတွင်လည်း ကျွန်တော်တတ်ပြီး သူ့ကိုဆွဲခေါ်မှသာ ကျွန်တော့်အနားသို့လာနေသည်။



“ ဘာကျန်ခဲ့သေးလဲ ”



“ မကျန်ဘူးလေ ”



“ တဘက်ရော ”



“ ဪ.. အေး.. မပါဘူး.. မေ့သွားတယ် အနွေးထည်ပါတယ်လေ ရတယ် ”



“ ဦးထုပ်လည်းမပါဘူး.. တဘက်လည်းမပါဘူး.. အနွေးထည်တစ်ခုတည်းနဲ့.. မင်းကလေ.. ကဲကဲ ထားတော့ ငါ့မှာတဘက်ပါတယ် အတူတူခြုံမယ် ”



သင်္ကြန်လည်ခြင်းတွင် မဖြစ်မနေကြုံရသည်က မီးသတ်ပိုက်နှင့် အပတ်ခံရခြင်းဖြစ်သည်။ မီးသတ်ပိုက်နှင့်အပတ်ခံရတိုင်း သီဟကကျွန်တော်ကို ကာပေးသည်။ ထိုသို့သောအခါတိုင်းတွင် ကျွန်တော်၏သေးငယ်သည့်ခန္ဓာကိုယ်သည် သူ၏ရင်ခွင်ထဲသို့ရောက်သွားတတ်သည်။ သူ၏လက်နှစ်ဖက်သည် ကျွန်တော့်၏ ပခုံးကိုကိုင်ထားပေးသည်။ ကျွန်တော်၏ရင်ခွင်မှီအရပ်ကြီးကြောင့် ကျွန်တော့်နားနှင့် သူနှုတ်ခမ်းတို့က ထိလုနီးပါရှိနေသည်။ ရင်ခုန်နှုန်းများပင်မြန်လာရသည်။ ထိုသို့သောအခြေအနေမျိုးတွင် နားအနားသို့ကပ်ကာ သူစကားစပြောခဲ့သည်။



“ အဆင်ပြေလား သက်ပိုင် ”



“ ငါ..ငါက အဆင်ပြေပါတယ် မင်းရော ”



“ အင်း ပြေပါတယ် ”



“ ကားခေါင်းက တန်းကိုကိုင်ထားနော် ပြုတ်ကျမှာစိုးလို့ ”



“ အင်းပါ.. မင်းလည်းသတိထားဦး ”



Cocacolaမဏ္ဍပ်သို့အသွား ကန်ဘောင်အကျော် လှည်းတန်းမရောက်ခင်အကြားတွင် မဏ္ဍပ်ဟူ၍များများစားစားမရှိသောကြောင့် ရေထပ်မစို။ ကားကလည်း မဏ္ဍပ်ရောက်ရေး အမြန်မောင်းသည်။ ထို့ကြောင့် သက်ပိုင်တစ်ယောက် ချမ်းနေခဲ့ရသည်။



“ ချမ်းနေတာလား ”



“ အင်း ”



“ ခဏထိုင်လိုက်ပါလား ”



ထိုင်လိုက်သည့်အခါ သီဟကပါကျွန်တော့်အနောက်တွင် ထိုင်ခဲ့သည်။ သီဟက ဒူးနှစ်ဖက်ထောင်ကာ ထိုဒူးနှစ်ဖက်ကြားတွင် ကျွန်တော်ကရောက်နေသည်။ သူ့ရင်ဘက်နှင့် ကျွန်တော့်ရဲ့ ကျောကုန်းတို့ ထိမိနေကြသည်။ တဘက်တစ်ထည်တည်ကိုပင် နှစ်ယောက်ခြုံထားကြသေးသည်။ ဤအတိုင်းအတာအထိနီးကပ်နေမှုကြောင့် မြန်နေသော ရင်ခုန်နှုန်းကို သူကြားမည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် သူ့ရင်ခွင်ထဲတွင် ငြိမ်သက်လျက် မည်သည့်အသံတစ်စုံတစ်ရာကိုမျှကိုမပြုမိ။



“ ဒီနေ့တော့ မငြင်းပါနဲ့နော် ငါ့ကိုဝမ်းနည်းအောင်မလုပ်ပါနဲ့.. ဒီနေ့လေးတော့ ငါပျော်ပါရစေလား ”



တောင်းပန်တာလား ခွင့်တောင်းနေတာလား မဝေခွဲတတ်ပါ။ သေချာတာက သူ့နှုတ်ဖျားလှလှ ထွက်ကျလာသမျှစကားတိုင်းဟာ အမိန့်လှလှများသား။



“ အင်းပါ ”



သူပြုံးနေသည်။ ယနေ့အား သူ့နှင့်အတူတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရန် ရည်ရွယ်ထားပုံရသည်။



“ ဟေ့ ဟိုရှေ့ကနှစ်ယောက် ရော့ ဒီမှာ ဘီယာ ”



“ ဇွဲထက်တို့တော့ ကဲတော့မယ်ပေါ့ ”



“ ဒီနေ့က ငါ့နေ့ပဲ ”



အပြတ်ကဲတော့မယ့် ကိုလူချောကပုလင်းကမ်းပေးလာတဲ့အခါ ပြင်ဦးလွင်သားလေးမငြင်းပါ။



“ သက်ပိုင် သောက်ဖူးလား ”



“ မသောက်ဖူးဘူး။ ဒါပေမဲ့ သူများတွေသောက်နေတော့ ငါလည်းသောက်မယ်။ မင်းရော သောက်ဖူးလား ”



“ ပြင်ဦးလွင်သားကွ.. မွေးကတည်းက ဝိုင်ပုလင်းပိုက်ပြီးမွေးလာတာ ”



“ ဟုတ်ပါပြီ ပြင်ဦးလွင်သားကြီးရယ် ”



“ သက်ပိုင် ငါ့ကိုကြည့် ”



“ ဘာတုံး ”



“ မင်းနည်းနည်းပဲသောက်နော် ကြားလား။ ပထမဆုံးသောက်တာဆိုတော့ ပလပ်ကျွတ်နေမယ်နော် ”



အင်းမလုပ် အဲမလုပ်... လက်ထဲကပုလင်းကိုယူကာ နှာခေါင်းလေးတရှုံ့ရှုံ့ နှင့် အနံ့ရှူနေသည်။ ထို့နောက်တစ်ငုံသောက်ကြည့်ပြီး ခါးသောအရသာကြောင့် မျက်နှာလေးမဲ့သွားပုံက အလွန်ချစ်စရာကောင်းနေသည်။



တစ်ပုလင်းကုန်သွားသောအခါ အရှိန်တတ်နေသည်ဖြစ်၍ တစ်လမ်းလုံးငြိမ်လာသည့် သိက္ခာရှင်ကြီးသည် cocacola မဏ္ဍပ်ရှေ့တွင် အသေအကြေကနေ။ အရှိန်ရကာ ကျန်ပုလင်းများကိုထပ်သောက်ရန် တာစူနေခဲ့သည်။ တားမရဆီးမရနှင့် သက်ပိုင် ဗိုလ်ကျသမျှကို သီဟတစ်ယောက် ခံနေရသည်။

တစ်ခါတလေ ရင်ခွင်ထဲသို့တိုးဝင်ကာအတင်းဖတ်ထားသည်။ တစ်ခါတလေ 'ငါ့ကိုမထိနဲ့ သွား'ဟုပြောသည်။ အဆိုတော် Lil'z ရဲ့သီချင်းကို သံယောင်လိုက်ကာ ရဲဿီဟနိုင်၏မျက်နှာကိုကြည့်ကာ ဤသို့ဆိုနေပြန်သေးသည်။



“ ဘတတစ်ခုရဲ့နောက်ကွယ်ကနေကြိုးကိုင်သူလေးရယ် ကြိုးဆွဲရာကတဲ့လူတစ်ယောက်ရယ်.. မင်းနှုတ်ခမ်းကစကားတွေငါ့အတွက် အမိန့်တစ်ခုလိုပဲ ပယ်ချဖို့ငါ့မှာ ခွန်အားတွေမရှိ.. မလွန်ဆန်နိုင်လို့... လူတစ်ယောက်ကိုသတ်ရမလား ငါကြိုးစင်တက်ရမလား နင်လိုချင်တာအကုန်ဖြည့်ဆည်းပေးဖို့ အဆင်သင့်ပဲနော်.. ဟိုးအမြင့်ဆွဲခေါ်ကာ ရိုက်ချလိုက်ပါဦး ချိုမြိန်တဲ့ဝေဒနာတွေ ငါခံစားချင်လို့ ”



သက်ပိုင်မှူးမှဟုတ်ရဲ့လား



“ ထပ်သောက်မယ် ”



“ တော်ပြီ မသောက်ရဘူး အခုတောင်မူးနေပြီကို ဘာကိုထပ်သောက်မှာလဲ မရဘူး ”



“ ဟာ... မောင်ကလည်း နည်းနည်းပဲလေနော်... နော် ”



ခေါ်ပုံက အဆန်းတကြယ်။ အရူးကသိပ်မရင့်ရှာဘူးဆိုတော့ ကစားပါဦးသက်ပိုင်ရယ်။



“ မောင်ပြီးလုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေတာလား။ စိတ်မကောင်းစရာပဲ အသက်ကလေးရာ။ မောင်က မရဘူးဆို မရဘူးပဲ.. ဂျီမကျနဲ့ စကားနားထောင်ကွာ။ စိတ်ပူလို့ပြောနေတာ ”



“ ဟုတ်ကဲ့ပါဗျာ စိတ်ပူတယ်ဆိုတော့လည်း နားထောင်ပါမယ်လေ  ”



မူးသာမူးတာပါ လိမ္မာသားပဲ.ချစ်ဖို့ကောင်းလိုက်တာကွာ..



မနက်ပိုင်းလည်ပြီး နေပူလာသောကြောင့် ပြည်သူ့ရင်ပြင်

တွင်နားနေခဲ့သည်။ သက်ပိုင်တစ်ယောက် ထမင်းစားပြီး အိပ်ချင်သည်ဆိုသောကြောင့် နေမပူစေရန် ကားခေါင်းခန်းထဲတွင် အိပ်စေခဲ့သည်။ အိပ်မောကျနေသော မျက်နှာဖူးဖူးလေးကိုကြည့်နေခဲ့မိသည်။ ခပ်လှလှမျက်နှာလေးကြောင့် ကြည့်ရုံနှင့် မတင်းတိမ်နိုင်ခဲ့ပါ။ 



နှုတ်ခမ်းလေးကို ခိုးနမ်မိသည့်အခါ သူနိုးလာသည်။ မည်သည့်စကားကိုမျှမဆို စိုက်ကြည့်နေသည်။ သူမကြိုက်ဘူးထင်ကာ အနောက်ဆုတ်မည်အပြု သူ့လက်နှစ်ဖက်က ကျွန်တော့်မျက်နှာကို ကိုင်ကာ သူမှတစ်ဖန် ပြန်၍အနမ်းပေးခဲ့သည်။ ထိုသို့ ချိုမြိန်လှသော အနမ်းလေးသည် နှစ်ဦးလုံးအဖို့ တစ်သက်မမေ့ဖွယ်သောအရာပင်



ဒီနေ့ ငါလည်းငါ့နှလုံးသားရဲ့ လမ်းညွှန်မှုကိုသာနာခံမယ်လို့ ဆုံးဖြတ်ထားတယ်ရဲသီဟနိုင်။

Dear Loser [Zawgyi & Unicode] (Completed)Where stories live. Discover now