မ​ဖြောင့်​ဖြူး​သောအချစ်​စစ်​ -Ep-58

1.4K 102 12
                                    

For Unicode
အပိုင်း-၅၈(မဖြောင့်ဖြူးသောအချစ်စစ်)

ရဲသီဟနိုင်တို့၏ စေ့စပ်ကြောင်းလမ်းမှုသည်လည်း ပျက်စီးသွားသည်။ လင်းမြတ်တို့တစ်စုသည်လည်း ထွက်ပြေးခဲ့သည်။ သို့သော် လွတ်မြောက်ခြင်းမရှိ။ ထိုက်တန်သည့် အပြစ်ကို ထိုသူတို့ပေးဆပ်ရမည်။ သဲစုသည်လည်း အဒေါ်ဖြစ်သူနှင့်သာထွက်သွားသည်။ မမသည်လည်းအလွန်အမင်း စိတ်တိုကာ အိမ်အရိပ်ကိုပင်မနင်းရန်မှာထားလိုက်သည်။

မောင်သည်လည်း သွေးအိုင်ထဲတွင် လဲကျနေသာ ကိုယ်လေးကိုချီမကာ တုန်လှုပ်နေခဲ့ဖူးသည်။ ထိုသို့ဖြစ်နေချိန်တွင် မောင့်၏အတွေး၌ မည်သည်ကိုမျှမတွေးနိုင်ပင်။ ဆေးရုံသို့ ရောက်သောအခါတွင်လည်း ဆေးရုံခုတင်ထက်တွင်လှဲလှောင်နေသာ ထိုလူသားအားကြည့်လျက် မောင့်နှလုံးသားသည် မွန်းကျပ်မှုအပြည့်။

ဒဏ်ရာသည် သိပ်၍မနက်သော်လည်း အနည်းငယ်သွေးထွက်လွန်သွားသည်ဖြစ်ရာ သွေးတစ်ပုလင်းချိတ်ခဲ့ရသည်။ လိုအပ်သောသွေးကိုမူ မောင်က ပေးခဲ့သည်။ မကာကွယ်ပေးနိုင်လိုက်သည့်မှူးကို ယခုတွင် မောင်တတ်နိုင်သမျှ ပေးဆပ်ချင်မိသည်။

မောင့်အတွက် မှူးထိခိုက်ရတာများတဲ့အခါ.. တကယ်ပဲမောင်က မှူးဘေးနားမှာမရှိသင့်တော့တဲ့လူတစ်ယောက်လားလို့ မောင်အတွေးလေးတွေခေါင်ရတယ်။

မောင်ရှိနေသမျှကာလပတ်လုံး မှူးသာနာကျင်ရမယ်ဆိုလျှင် မောင်ကထွက်သွားပေးဖို့ အသင့်..။ သူအေးချမ်းပါ‌စေတော့... လို့တွေးပြီး တစ်ခါတလေ သတ်သေချင်စိတ်တောင်ပေါက်တဲ့အထိ မောင့်မှာရူးခဲ့ရတာ။ ဒါတွေကို ဘယ်သူသိမှာတဲ့လဲ။ မောင်တစ်ယောက်တည်း ဆေးရုံအခန်းထောင့်လေးမှာ အတွေးခေါင်နေတုန်း.. မောင့်အသက်ကလေးရဲ့ကိုယ်ငယ်လေးဟာ လှုပ်လာခဲ့တယ်။

Dear Loser [Zawgyi & Unicode] (Completed)Where stories live. Discover now