ပြန်လည်ေ​​​တွ့ဆုံခြင်း-​Ep-38

1.1K 101 4
                                    

For Unicode
အပိုင်း-၃၈(ပြန်လည်တွေ့ဆုံခြင်း)





အတွေးတို့၌ အတိတ်၏နေ့ရက်အချို့ကို ဦးထွန်းသာပြန်သွားမိခဲ့သည်။ ကော်ဖီဆိုင်လေး၏ လူရှင်းသည့်ထောင့်လေးတစ်ခုမှာ ဝါအရအခေါ်အဝေါ်များမရှိ။ အသက်အပိုင်းအခြားလိုက်သာ ခေါ်ဝေါနေသည့် လူကြီးနှစ်ဦးသည် စကားပြောနေသည်။



“ အစ်ကိုတို့များ ရန်ကုန်ပြောင်းလာတာတောင်မှ

ကျွန်တော့်ကို ချက်ချင်းဖုန်းမဆက်ဘူး.. ”



“ ဒီလိုပါကွာ ခင်လေးဆုံးသွားပြီး ငါလည်းအဲဒီအိမ်ကြီးမှာ မနေချင်တော့တာနဲ့ ပြောင်းလာခဲ့တာ..။ ဒီရောက်မှမင်းတို့ကိုဆက်သွယ်မလို့.. မင်းကအရင် ငါ့ကိုတွေ့သွားတော့ အခုလိုဖြစ်သွားတာပါကွာ.. ”



“ ကဲဗျာ ထားပါတော့..အစ်ကို့ကို ကျွန်တော်အကူအညီတစ်ခု တောင်းစရာရှိတယ် ”



“ အင်းပြောလေ.. ”



“ အခု ကျွန်တော့်မှာ ကျွန်တော်သဘောကျတဲ့

ကောင်လေးရှိတယ်.. ”



“ ဘာ.. မင်းဘာပြောတယ်.. ”



“ ခဏခဏ ကျွန်တော်ပြောတာကိုဆုံးအောင်နားထောင်ပေး ”



“ အေး ”



“ အစ်ကိုသိပါတယ်.. ကျွန်တော့်ဘဝကြီးဘယ်လောက်ခါးခဲ့လဲဆိုတာ.. ဘယ်လောက်သည်းခံခဲ့ရလဲဆိုတာ..။ ခဏလောက်ဖြစ်ဖြစ် ကျွန်တော့်နေရာကိုဝင်ကြည့်ပါလား.. ချစ်တဲ့သူနဲ့ခွဲရတယ်.. မချစ်တဲ့သူနဲ့ပေါင်းရတယ်.. ပေါင်းရတဲ့အပြင်ကို.. ဟင်း.. ထားပါတော့... ”



ဦးထွန်းသာသိပါတယ်.. သူတို့မိသားစုရဲ့ အကွက်လှလှကို



“ ကျွန်တော်ရဲ့နာကျင်ကို နားလည်ပေးနိုင်တဲ့ကောင်လေးနဲ့တွေ့ခဲ့တယ်..။ ဘယ်သူမှနားမလည်ပေးတဲ့ကျွန်တော့်ဘဝကို နားလည်ပေးတဲ့ အဲဒီကောင်လေးကို ကျွန်တော် သဘောကျမိတယ်.. အရယူမိတယ်.. အရာအားလုံးကိုမျက်ကွယ်ပြုပြီးတော့ပေါ့..။ သူ့အဖေကို လောင်းကစားသမားဖြစ်အောင်လုပ်ခဲ့တယ်.. သူ့အဖေရဲ့ အကြွေးတွေ ခိုးမှုတွေနဲ့ ခြိမ်းခြောက်ခဲ့တယ်.. နောက်ပြီး... သူက ရဲသီဟနိုင်နဲ့တွဲနေတာ.. သူကရဲသီဟနိုင်ကိုတကယ်ချစ်တော့ ရဲသီဟနိုင်နာကျင်မှာကိုသူကြောက်တာ ကျွန်တော်သိတယ်..။ အဲဒါကြောင့် အဲဒီကောင်လေးကို

သူသာကျွန်တော့်သဘောကိုလက်မခံခဲ့ရင်.. ရဲသီဟနိုင်ရဲ့မိသားစုဘဝကိုဖျက်ဆီးမယ်လို့ပြောလိုက်တယ် ”



“ ဟမ်.. ဘာလဲအဲဒါဆို မင်းက မင်းရဲ့သားစီကနေအဲဒီကောင်လေးကိုလုယူတယ်ပေါ့ ”



“ အင်း ကျွန်တော့်သွေးသားမဟုတ်တဲ့ ကျွန်တော့်သားဆီက အဲဒီကောင်လေးကိုလုယူခဲ့တယ်.. ဒါပေမဲ့ ဒီကိစ္စအားလုံးကို ရဲသီဟနိုင်မသိဘူး..။ ကျွန်တော်နဲ့ ကောင်လေးပဲသိခဲ့တယ်.. ”



“ မင်းမိုက်မဲတယ်သီဟ.. မင်းကြောင့်နဲ့ ဘာမှမသိတဲ့ကလေးနှစ်ယောက်ကခံစားနေရတယ်.. ကွေကွင်းနေရတယ် ”



“ ဟုတ်တယ်.. ကျွန်တော်မိုက်မဲတယ်.. အဲဒီမိုက်မဲမှုကို ရဲသီဟနိုင်ကတော့ နှလုံးသားလေးနဲ့ပဲခံစားနေရတယ်.. ဒါပေမဲ့ကောင်လေးအတွက်တော့.. သူ့ဘဝ.. သူ့အနာဂတ်

သူ့နာမည်.. သူ့မိသားစု.. အာလုံးပျက်ဆီးခဲ့တယ်..။ အဲဒါကြောင့် သူ့အတွက် ပေးဆပ်ချင်တယ်..။ သူ့အတွက်ကျွန်တော့်ကုမ္ပဏီက တခြားရှယ်ယာရှင်စီကရှယ်ယာအချို့ကိုဝယ်ချင်တယ်..။ ဝယ်တဲ့သူနာမည်ကကျွန်တော့်နာမည်နဲ့မဟုတ်ဘူး.. အစ်ကို့နာမည်နဲ့ဝယ်ချင်တယ်.. နောက်မှအစ်ကိုက သူ့ကိုလွှဲပေးပါ..။ သူ့အသက်နှစ်ဆယ့်ငါးနှစ်ပြည့်မှ.. ရှယ်ယာအကြောင်းကို အသိပေးမယ်..။ ကောင်လေးအတွက် အခုလက်တစ်လောရနေတဲ့ ရှယ်ယာက အကျိုးအမြတ်ကို အစ်ကိုက သိမ်းထားပေးပါ..။ သူ့အတွက်စီစဉ်ပေးပါ.. အခုလက်ရှိကျွန်တော့်မှာရှိတဲ့ရှယ်ယာတွေက.. စန္ဒာပိုက်ဆံတွေနဲ့ရင်းနှီးထားတာမို့.. ကျွန်တော့်ရှယ်ယာတွေကို ရဲသီဟနိုင်ကိုပဲပေးမယ်.. ”



“ အင်း.. ကောင်းပြီ.. ငါသဘောပေါက်ပြီ.. ”



အပြစ်တင်ချင်တယ် သီဟကို အပြစ်တင်ချင်တယ်.. ဘာလို့ အဲဒီလိုလုပ်ရတာလဲ..။ ဒါပေမဲ့ သူ့ဘက်ကကြည့်တော့လည်း ကိုယ့်မိဘတွေရဲ့ ဇာတ်လမ်းဆင်မှုကြီးက သူ့ဘဝတစ်ခုလုံးကို နစ်နာစေခဲ့တယ်မဟုတ်လား..။



ဒါကြောင့်ပဲ သူ့ကိုလည်းအပြစ်မတင်သလို သူ့သဘောကိုလည်း လိုက်လျောခဲ့တယ်။ သူတို့နဲ့တော်စပ်ပုံကိုလည်း သက်ပိုင်မှူးကို ဖွင့်မပြောရက်။ သူ.. အသက်ရှူချောင်ချောင်လေးနေပါစေ။



အဖြစ်မှန်တွေကိုသိတဲ့လူတိုင်းဟာ သက်ပိုင်းမှူးကိုသနားပေမဲ့.. တစ်စုံတစ်ယောက်သောသူကတော့..။



ဩစ‌တေးလျာနိုင်ငံမှ ကောင်လေးတစ်‌ယောက်၏ အတွေးတို့တွင် စိုးမိုးနေသူက

မြန်မာနိုင်ငံမှကောင်လေးတစ်ယောက်ဖြစ်သည်။ ထိုသူအား မေ့ချင်သော်လည်း မေ့၍မရသည်ကြောင့် ခက်ခဲ‌နေရသည်။



ပင်ပန်းတယ်မှူး.. မင်းကိုမေ့ဖျောက်ဖို့ကြိုးစားရတာ တကယ်ပင်ပန်းတယ်..။ အခုထိလည်းမေ့လို့မရသေးဘူး..။ အဲဒီလိုမေ့မရတာ မုန်းလို့လား.. ချစ်လို့လား။ ငါကိုယ်တိုင်မသဲကွဲသေးဘူး..။ မင်းရှိတဲ့မြေကိုပြန်မလာချင်ဘူး..။ မင်းကိုတွေ့ရင်.. ဝေခွဲမရတဲ့ငါစိတ်တွေ.. ပြတ်ပြတ်သားသားဖြစ်မယ်ဆိုတာသိပေမဲ့.. ငါဆိုတဲ့ကောင်က မင်းကိုသိပ်ချစ်ခဲ့ရတော့.. အချစ်ဓာတ်ခံရှိနေသေးတော့... မင်းကိုပြန်ချစ်မိမှာကြောက်တယ်။ ငါ့မိသားစု...ငါ့နှလုံးသားကို ဖျက်ဆီးခဲ့မင်းကို.. မေ့ချင်တယ်မှူး။





မြန်မာနိုင်ရှိကောင်လေးတစ်ဦး၏ အတွေးတို့တွင်စိုးမိုးနေသူက ဩစတေးလျာနိုင်ငံရှိ ကောင်လေးတစ်ဦးဖြစ်သည်။ ထိုကောင်လေးအား ပေးဆပ်ရန် စောင့်မျှော်နေခဲ့သည်။



ရှိုင်းပြောတဲ့အတိုင်း.. မောင့်ကိုကျွန်တော့်ရဲ့အပြစ်တွေအတွက် ပြန်ပေးဆပ်ဖို့စောင့်နေတယ်..။ မောင့်ကိုပြောဖူးတယ်..။ ကျွန်တော်ကမောင့်နားမှာမရှိဘဲ အသက်မရှင်ချင်ဘူးဆိုတာ..။ ဟုတ်တယ်.. အဲဒီတိုင်းပဲ မောင်ကျွန်တော့်အနားမှာမရှိတော့ ကျွန်တော်လေအသက်မရှင်ချင်အောင်ကိုပင်ပန်းခဲ့တယ်..။ လောကကြီးကထွက်သွားဖို့ကိုလည်း စီစဉ်ဖူးတယ်။ ဒါပေမဲ့ မောင့်ကို ပေးဆပ်ဖို့ကျန်သေးတယ်လေ..။ အဲဒါကြောင့် ဒီကမ္ဘာပေါ်မှာ မောင်ရှိတယ်ဆိုတဲ့စိတ်နဲ့.. အသက်ဆက်ရှင်နေသေးတယ်..။ အခုတစ်လော ကျွန်တော်လေအရမ်းမျက်နှာပြောင်တိုက်တတ်လာတယ်..။ မောင့်ကိုမတွေ့သင့်တော့မှန်းသိတယ်..။ ဒါပေမဲ့.. မျက်နှာပြောင်တိုက်တတ်တဲ့ ကျွန်တော့်ရဲ့အကျင့်လေးကြောင့်.. မောင့်ကိုတွေ့အောင် ကြိုးစားမိဦးမယ်..။



၅နှစ်ကြာပြီးနောက်......



ဦးထွန်းသာဆီးချိုရောဂါဖြင့် ကွယ်လွန်ခဲ့သည်..။ ကုမ္ပဏီတွင် အုပ်ချုပ်မည့်သူမရှိသောကြောင့်.. ရဲသီဟနိုင်ပြန်လည် အုပ်ချုပ်ရမည်..။



ဦးထွန်းသာ တာဝန်ယူခဲ့သော ရှယ်ယာကိစ္စကို ရှိုင်းမာန်ထက်က ဆက်လက်တာဝန်ယူကသည်။ သက်ပိုင်မှူးပိုင်ဆိုင်သောရှယ်ယာအကြောင်းကို သက်ပိုင်မှူးကိုယ်တိုင်မသိသေး။ TH Group၏ အချို့သောရှယ်ယာကို သက်ပိုင်မှူးပိုင်ဆိုင်ကြောင်းကိုလည်း ရဲသီဟနိုင်မသိသေး..။



“ ပိုင်လေး... ”



“ အင်း.. ပြောလေ... ”



“ ငါမရှိဘဲ မင်းတစ်ယောက်တည်း အဆင်ပြေမလား ”



ကော်ဖီဆိုင်ပိုင်ရှင်လေး သက်ပိုင်မှူးကို အနောက်မှဖက်ကာ အဆုံးမရှိအစမရှိစကားကိုဆိုလိုက်သောရှေ့နေလေး ရှိုင်းမာန်ထက်...။



“ ဟမ်... ဘာပြောတယ်.. ”



“ ငါမရှိဘဲ.. တစ်ယောက်တည်းနေခဲ့ရရင်အဆင်ပြေမလားလို့ ”



“ ဘာလဲ.. မိန်းမယူတော့မို့လား.. ”



“ မဟုတ်ပါဘူး ”



“ ဟုတ်ရင်ဘာလို့မေးလဲ ”



“ မသိဘူး.. အခုငါမေးတာကိုဖြေ ”



“ လူပဲဟာ.. မွေးတော့လည်းတစ်ယောက်တည်း

သေတော့လည်းတစ်ယောက်တည်းလေ..။ ဘာလို့တစ်ယောက်တည်းမနေနိုင်ရမှာလဲ..။ ဒါပေမဲ့ မင်းအနားမှာရှိနေသေးတဲ့အခိုက်လေးတော့ ဒီလိုလေးတွေ ချွဲချင်သေးတာ ”



ကော်ဖီဖျော်နေသည်ကိုရပ်ကာ လှလှပပလေးပြုံးလျက် သူသည်ကျွန်တော့်ဘက်ကိုမျက်နှာမူလာသည်။ နီးနီးကပ်ကပ်မြင်ရသည့် မျက်နှာဖွေးဖွေးနှင့်လည်တိုင်ရှင်းရှင်းလေးသည် အလှတရားတို့၏စုဝရာ။ ပြောင်းလဲသွားသောမာန်ခချီနေသည့်အမူအကျင့်များနှင့် ခပ်မှေးမှေးမျက်ဝန်တစ်စုံသည် လူတိုင်း၏နှလုံးသားကို ခြွေချပစ်နိုင်သည်။



“ မင်းမေးတာကို ငါဖြေပြီးပြီနော်.. အခုငါမေးတာကိုဖြေ ”



“ အင်း မေးလေ.. ”



“ ငါ့ကိုဒီကော်ဖီဆိုင်ဖွင့်ဖို့အရင်းအနှီးတွေအတွက် ဦးလေးကဘာလို့ပေးတာလဲ.. ”



ခပ်ချေချေလေးနဲ့ ဒီလိုလေးတွေမေးလာတဲ့အခါ ရှေ့နေလေးမှာ အသွင်ပြောင်းတရားခံလေးလို..။



“ အဲဒါက.. အဲဒါက မင်းမကြာခင်သိမှာပေါ့.. ”



“ မရပါဘူးနော်.. မင်းတို့သားအဖကငါ့ကိုသိပ်လျှိုလွန်းတယ် အခုဖြေ.. ”



“ No.. ဖေဖေကမပြောဖို့မှာထားတယ် အချိန်တန်ရင်သိရမှာပေါ့။ ကလေးလေးကသိပ်လော.. ”



“ သွား.. မဖတ်နဲ့.. ဖယ်တော့.. ”



“ အချစ်ကလည်း.. အဲဒီလိုမစိမ်းကားလိုက်ပါနဲ့.. အလုပ်ပြီးပြီးချင်းဝင်လာတာကိုကွာ.. ပင်ပန်းနေရကြားထဲ.. ”



“ ပင်ပန်းတာနဲ့ငါ့ကိုဖက်တာကနဲ့ဘာဆိုင်လဲ.. ဖယ်ကွာ ”



“ ဆိုင်တယ်.. ငါကလေ ဟောဒီဖက်လုံးလေးကိုဖက်လိုက်ရင်လေ ပင်ပန်းတာတွေပျောက်ကုန်ရော.. ”



“ မင်းအဲဒီလိုတွေလုပ်နေလို့ ဆိုင်ကလူတွေကမေးတာသိလား..။ ငါ့ကိုလေမင်းနဲ့ ကြိုက်ရင်လည်းကြိုက်တယ်ပေါ့.. ဘာလို့ရှက်နေတာလဲ.. ပြောပြာပါ တွဲနေတာလား.. တစ်နေ့တစ်နေ့ဒါပဲလာလာမေးနေတယ် ”



“ ဟုတ်တယ်လို့ဖြေလိုက်ပေါ့ ”



“ ဖြေစရာလား ”



“ ဘာလဲ အဲဒါဆို မင်းရင်ထဲမှာ ငါမရှိဘူးလား.. ”



“ ဟက်.. အားတော့နာပါရဲ့.. ငါ့ရင်ထဲမှာ အခုထိ

သူတစ်ယောက်တည်းကိုနေရာပေးထားဆဲပဲ ”



ကျွန်တော်စလိုက်တာကြောင့် သူ.. ရဲသီဟနိုင်ကို သတိရသွားပုံပဲ.. အသံလေးလည်းတိုးသွားတယ်..



“ သတိရသွားပြန်ပြီလား... ”



“ သတိမရတဲ့အချိန်ဆိုတာမှ မရှိခဲ့တာ ”



သက်ပိုင်မှူးအတော်ကိုပြောင်းလဲခဲ့ပါတယ်။ ငွေမျှင်ရောင်ဆံပင်လေးတွေ.. ခပ်လဲ့လဲ့နားကပ်တစ်ဖက်ကို ဒီဇိုင်းမျိုးမျိုးဝတ်ပြီး  eye smile လှလှလေး‌တွေဖန်တီးတတ်တဲ့ မျက်ဝန်းတစ်စုံမှာ လှပတဲ့အပြာရောင်မျက်ကပ်မှန်တွေနဲ့

နီဆွေဆွေနှုတ်ခမ်းတစ်စုံရယ်.. လိုက်တိုင်ပေါ်ပေါ်လာတဲ့ သွားစွယ်လေးတွေကြောင့် လှချင်တိုင်ကိုလှနေတော့ပါပဲ။ မျက်နှာပြောင်တိုက်တတ်တဲ့အကျင့်လေးကြောင့် စကားပြောခါနီးတိုင်လိုလို.. ဟက်.. ဆိုပြီးရွဲ့ပြုံးလေးတစ်ခုဆင်မြန်းပြီး ပြောတတ်တာကြောင့် လူအတော်များများ သူ့ကိုသဘောကျတယ်။ သူဒီလောက်အထိပြောင်းလဲလာတယ်။ မပြောင်းလဲနိုင်တာတစ်ခုပဲ။ နှလုံးသားလေးလေ..။



“ ဆိုင်မသိမ်းသေးဘူးလား.. ”



“ သိမ်းပါမယ်.. ဘာဖြစ်နေတာလဲ.. အားနေဆိုင်းပဲသိမ်းခိုင်နေလို့.. ဟိုကောင်ထက်ဝေယံက မင်းကိုလုံးဝကြည့်မရတာ ”



“ မကျေနပ်ရင်သူ့ကိုဆိုင်လာထိုင်ခိုင်းလိုက်လေ.. သူကျတော့မလာဘဲနဲ့.. ”



“ ငါမထိုင်ခိုင်းတာပါကွာ.. သူ့ဘာသာသူသင်တန်းတက်ပါစေဆိုပြီ.. ”



“ ဆိုင်ကနှစ်ယောက်ဆက်ဖွင့်ထားတယ်သာဆိုတယ် တစ်ဆိုင်လုံး မင်းပဲဦးဆောင်နေတာ ”



“ အေးပါ... တော်ပါပြီ.. ပြန်မယ် သိမ်းမယ်.. နော် ”



စကားတွေတအားနားထောင်တဲ့သူငယ်ချင်းလေးဟာ အဖိုးဖြတ်လို့ကိုမရတာပါ။ အလုပ်သွားတိုင်း ဆိုင်ကိုဝင်ပို့.. အလုပ်ပြန်တိုင်းဝင်ကြိုရလည်း ပင်ပန်းတယ်ရယ်လို့ကိုမရှိတာပါ။



တစ်နေ့တာကိုဒီလိုလေးဖြတ်သန်းပြီး နောက်နေ့ဖြတ်သန်းရမယ့်တစ်နေ့တာဟာ ရင်လေးရာ..။



ဒီနေ့..လူတစ်ယောက်ကိုလေဆိပ်မှာသွားကြိုစရာရှိတယ်..။ ပြီးရင်အဲဒီလူနဲ့ တိုင်ပင်စရာတွေ လုပ်စရာတွေရှိတယ်..။ ဖေဖေချန်ထားခဲ့တဲ့တာဝန်တွေပေါ့..။ မဖြစ်မနေ အဲဒီလူကို ပိုင်လေးရဲ့ကော်ဖီဆိုင်သို့ခေါ်သွားရမယ်။ ဒါဟာလေး ရှယ်ယာကိစ္စတချို့ကြောင့်ပါ။



စိတ်ပင်နေတဲ့စိတ်တွေနဲ့ လေဆိပ်မှာစောင့်နေချိန် မြင်ကွင်းထဲမှာမြင်လိုက်ရတာက.. ရောက်လာပါပြီ... ပိုင်လေးရဲ့ အရေးကြီးဆုံးလူသား ရဲသီဟနိုင်.. ပိုင်လေးတွေ့ရင် အရမ်းပဲပျော်သွားမလား..။ အရမ်းပဲဝမ်နည်းသွားမလား..။



သူလည်းပြောင်းလဲသွားသည်။ hoodie ပွပွကြီးများအစား.. ခန္ဓာကိုယ်အချိုးအစားနှင့်ကိုက်ညီလှသည့်Shirt အဖြူကို လက်ခေါက်တင်ထားသည်..။ Style pan အမဲရောင်နှင့်ခန့်ညားနေသည်။



တွေ့ရတာဝမ်းသာပါကြောင်း သာကြောင်းမာကြောင်းintroတွေမဝင်..။ သွားရအောင်ဆိုတဲ့ စကားတစ်ခွန်းနဲ့စတင်မိတ်ဆက်လိုက်လည်း သာသာယာယာပါပဲ။



Dream ကော်ဖီဆိုင်လေး၏ နေရာတစ်ခုတွင် သူ့ကိုထိုင်ခိုင်းလိုက်ပြီး ပိုင်လေးကိုခေါ်ရန် ကြည့်သောလည်းမတွေ့..။ ဆိုင်ဝန်ထမ်းကိုမေးတော့ သန့်စင်ခန်းသုံးနေသည်ဟုသိရသည်။



ဟော.. ထွက်လာပါပြီ.. ကျွန်တော့်ရဲ့ soulmate လေး..။ တွေ့တွေ့ချင်း ဖက်တတ်တဲ့အကျင့်လေးက

ကျွန်တော့်တို့နှစ်ယောက်လုံးအဖို့ ရိုးရာလေးလို..။ ဒီရိုးရာလေးကို နှစ်ယောက်တည်းအတွက်သာ သီးသီးသန့်သန့်သုံးတယ်။ ပိုင်လေးကို တခြားလူတွေထိတွေ့တာ နည်းနည်းလေးမှမကြိုက်တာပါ..။



ဒီရိုးရာလေးကို ရဲသီဟနိုင်ရော ကျေနပ်ပါ့မလား။



ကျွန်တော့်ရဲ့တစ်ဝမ်းကွဲအသက်တူညီအစ်ကိုတော်စပ်သူက ကော်ဖီဆိုင်ရောက်ရောက်ချင်း လူတစ်ယောက်ကိုရှာဖို့ ထသွားတဲ့အခါ သူ့ကိုလိုက်ကြည့်မိတယ်။ အမွေကိစ္စအတွက် ဖေဖေနဲ့ဦးလေးတို့

ဘာSuprise များတိုက်ခဲ့လဲပေါ့..။ ခဏနေတော့ သူရှာနေတဲ့သူတွေ့သွားတာလားဘာလဲမသိဘူး အဲဒီလူကို သူဖက်လိုက်တာတွေ့တယ်..။ ခေါ်လိုက်တာတော့ပိုင်လေးတဲ့... ယောက်ျားလေးချင်းတွဲနေတဲ့ couple ဖြစ်မှာပဲလို့တွေးလိုက်မိတယ်။ တွေးတွေးချင်း လူတစ်ယောက်ကိုသတိရမိပြန်တယ်..။



အဲဒီလူကိုကျွန်တော့်ရှေ့ခေါ်လာတော့..။ ဟုတ်ပါတယ်.. Suprise တိုက်လိုက်ပါတယ်.. တိုက်လိုက်တဲ့ Suprise ကြီးကခါးပါတယ်..။ ဘယ်သူထင်မှာတဲ့လဲ.. ကျွန်တော့်ရှေ့ရောက်နေတဲ့သူက.. ကျွန်တော်အကြိမ်ကြိမ်အခါခါမေ့ဖို့ကြိုးစားနေတဲ့ သက်ပိုင်မှူးပါတဲ့လေ။



ပြန်တွေ့ရတာ ဘယ်လိုနေလဲမေးရင်.. လောကကြီးကိုအတော်စိတ်ကုန်သွားတယ်ပဲဖြေမယ်။ ဘယ်လိုဝဋ်ကြွေးမျိုးလဲ။



လှလှပပဒီဝဋ်ကြွေးလေးကို မောင်ကတော့မုန်းနေရောပေါ့။ ဒါဆို.. မှူးကရော..



ဟင်.. မောင်မဟုတ်လား.. မောင်ပြန်ရောက်လာတာလား..။ ကွဲကွာနေတဲ့မောင့်ပြန်မြင်ခွင့်ရတာ.. ပျော်လိုက်တာ..။ အဲဒီအပျော်လေးကို အဝေးကပဲကြည့်နေမယ်အလုပ်.. ရှိုင်းက.. သူ့ဆီခေါ်သွားခဲ့တယ်။



တုန်နေတဲ့ခြေလှမ်းတွေဟာ ဘာကြောင့်လဲ.. ပျော်တယကြောင့်လား ကြောက်တာကြောင့်လား..။ ပြောင်းလဲသွားတဲ့စရှိုက်အရ လက်ရဲဇက်ရဲနိုင်ပါတယ်ဆိုတဲ့မှူးဟာ မောင်နဲ့ပြန်တွေ့တော့မှ မဝံ့မရဲလေးဖြစ်ရရော..။



သူ့ရှေ့ရောက်တော့.. မော့ကြည့်လာတဲ့သူ..။ ခဏလေးအတွင်းမှာ.. စိတ်တိုဟန်နဲ့ ပျက်ယွင်းသွားတဲ့မောင့်မျက်နှာက.. ကျွန်တော့်ကိုမုန်းနေကြောင်း သက်သေတွေလား..။ သူပြောလာတဲ့စကားက..



“ မင်းဘယ်လိုမျက်နှာနဲ့ ငါ့ရှေ့ရောက်လာရဲတာလဲ.. ”



“ ဟက်.. လောလောဆယ်တော့ မောင်ကကျွန်တော့်နေရာကိုရောက်နေတာပါနော်.. ”



ဒီလိုလေးချေပလိုက်တဲ့အခါ ကျယ်ဝန်းလာတဲ့မောင့်မျက်ဝန်းလေးက ချစ်စရာကောင်းလိုက်တာ။



“ ဟုတ်ပါတယ်... ဒါက သူ့ဆိုင်ပါ..။ ပိုင်လေး. .ထိုင်လိုက်နော်.. စကားပြောစရာရှိတယ်.. ”



“ ok ”



တစ်ချိန်လုံးပြုံးပြီးကြည့်ကြည့်နေတဲ့ မှူးကြောင့်မောင်စိတ်တိုရသေးတယ်။ မှူးကရိုးရိုးလေးပဲကြည့်တာပါ..။



ကြည့်ခွင့်တော့ရှိတယ်မဟုတ်လား..။ လွမ်းနေခဲ့တာလေ.. အရမ်းကိုလွမ်းခဲ့ရတဲ့ ဒီမျက်နှာလေးရဲ့အစိတ်အပိုင်းတိုင်းကို ကျွန်တော်သေသေချာချာလေးမှတ်ထားပါရစေ..။



အချိန်တွေဘယ်လောက်ကြာကြာ မပြောင်းလဲတဲ့နှလုံးသားကြောင့် သူ့ကိုမောင်လို့ပဲခေါ်မယ်။ ဒါဟာ မောင့်ကိုဒေါသထွက်စေခဲ့ ကျွန်တော်ကပဲတောင်းပန်ပါတယ်။ နှုတ်ကျိုးနေတဲ့ မောင်ဆိုအခေါ်အဝေါ်လေးမှာ ပိုင်ဆိုင်လိုစိတ်တွေဘာမှမပါဘဲ.. အချစ်သက်သက်ကိုဖော်ကျူးနေတာပါ။



“ စိတ်တိုနေတာလားမောင်.. မျက်မှောင်ကြီးကြုတ်ထားလိုက်ပုံက ချစ်စရာ ”



လူကိုတွေ့တွေ့ချင်း အနာဟောင်းကိုဆွသလို ခေါ်လိုက်တဲ့အသုံးနှုန်းက မောင်တဲ့လား..။ မခေါ်ပါနဲ့လား.. ငါ့စိတ်တွေ

တည်ငြိမ်အောင် မနည်းကြိုးစားထားရမို့လို့ပါ..။



နောက်ပြီးရှေ့နေဆိုလိုက်တဲ့စကားက TH Groupမှာ သူ့ရှယ်ယာတွေရှိတယ်ဆိုပဲ..။ လွှဲပေးခဲ့တဲ့လူကိုကြည့်တော့.. ဦးထွန်းသာ.. နောက်ပြီးဆက်ပြောတဲ့စကားက..



“ ဖေဖေကTH Group ကိုဦးဆောင်တုန်းကရခဲ့တဲ့အကျိုးအမြတ်ငွေတွေနဲ့.. ရဲသီဟနိုင်ရောသက်ပိုင်မှူးပါ အတူနေထိုင်ဖို့ အိမ်ဝယ်ခဲ့ပါတယ်.. ”



“ ဘာ.. ”



ဒါကမောင့်အသံ.. သူ.. သိပ်သိပ်စိတ်ဆိုးသွားတာပါဆိုနေ..။ ကျေနပ်နေသူကတော့ နှစ်ယောက်မရှိတဲ့မှူးပေါ့။



“ ငါတော့ ဦးလေးကို တော်တော်ချစ်သွားပြီ ”



“ ငါမင်းနဲ့အတူတူမနေနိုင်ဘူး.. ”



“ ကျွန်တော်ကတော့နေချင်တယ်... ”



မောင်နဲ့မှူး ဒီလိုလေးတွေအားပြိုင်လာတဲ့အခါ ရှိုင်းမနေတတ်တော့ပါ..။



“ အဲဒါကို ခင်ဗျားတို့နှစ်ယောက်ဆွေးနွေးကြပါ..။ ရဲသီဟနိုင်ဘာသောက်မလဲ ကျွန်တော်သွားမှာမလို့ ”



“ ကျွန်တော့်ကို black coffee ပဲပေးပါ ”



ခုံဝိုင်းကထွက်ဖို့ဟန်ပြင်လိုက်တဲ့ရှိုင်းရဲ့ခြေလှမ်းတွေဟာ မှူးရဲ့မာယာလေးတွေကြောင့် တုံ့ခနဲ..။



“ မတရားလိုက်တာ ငါ့ကိုကျတော့မမေးပါလား ”



“ မင်းသောက်နေကျကို ငါသိတယ်လေ.. ဘာလို့မေးနေမှာလဲ.. ”



“ ကိုယ်တိုင်လေးဖျော်ပေးနော် ”



“ Ok ”



ရှိုင်းထွက်သွား‌သောအခါမှသာ မောင့်မကျေနပ်ချက်တို့သည် မှူးထံသို့ လွင့်ကျလာသည်။



“ မင်းက သူ့အဖေကိုချူစားရတာ အားမရလို့.. သားကိုပါ အပိုင်ကပ်ထားတာလား..။ အကွက်တွေမိုက်တယ် သက်ပိုင် ”



“ အရင်လို မှူးလို့မခေါ်တော့ဘူးလား.. ”



ရင်နာစရာစကားတွေကို မကြားနိုင်တာမို့လို့ ဒီလိုလေးစကားလမ်းကြောင်းလွှဲတဲ့အခါ မောင့်မှာမကျေမနပ်..။



“ မျက်နှာပြောင်တိုက်တာ တော်ရုံပဲကောင်းတယ် ”



“ မောင်ကဘာလို့ ကျွန်တော်နဲ့အတူမနေချင်တာလဲ.. ”



“ ရွံလို့... ”



လှလှပပနဲ့စကားနှစ်လုံးတည်းပါပဲ..။ အဲဒီစကားနှစ်လုံးတည်းနဲ့ ဒီရင်တွေကိုခွဲချသွားတာလည်း ရက်ရက်စက်စက်ပါပဲ။ ဘယ်လောက်ပဲမျက်နှာပြောင်တိုက်တိုက်.. မောင်ရဲ့စကားတိုင်းက ဓားသွားလေးလို့..။  ဒီနှလုံးသားကိုဓားနဲ့မွှန်‌နေတုန်းပါပဲ..။



သို့သော်.. ထိုနာကျင်မှုကို ဟန်ဆောင်အပြုံးတို့ဖြင့် ဖုံးကွယ်ထားလိုက်သည်။ ဤသည်ကာ ကျွန်တော်၏အပိုင်နိုင်ဆုံးသရုပ်ဆောင်မှု..။ မောင့်ကို မိမိ၏နာကျင်မှုအား မပြချင်..။ သူရွံနေသည့် သူ၏မျက်ရည်ကိုလည်း သူလိုလားမည်မဟုတ်။



“ အဲဒီအိမ်ကိုဝယ်တုန်းက မောင့်ပိုက်ဆံတွေပါတယ်လေ.. ”



“ အဲဒီတော့.. ”



“ နှစိယောက်စလုံးရဲ့ပိုက်ဆံနဲ့ဝယ်ထားတဲ့အိမ်မှာ.. မောင်က မနေဘူးဆိုတော့.. မောင် ကျွန်တော့်စီမှာရှုံးတာပေါ့..။ ဘာလဲ.. သိပ်ချစ်လွန်းလို့ မနေရဲတာလား.. ချစ်လွန်းတော့ဖျက်ဆီးမိမှာစိုးလို့လေ ”



ဘယ်သူတဲ့လဲ.. မှူးပါလေ.. မောင့်အားနည်း‌ချက်လေးတွေကို နည်းနည်းလေးတူးဖော်လိုက်ရုံနဲ့ မောင့်ဒေါသလေးက တဟုန်းဟုန်း..။



“ ငါဆိုတဲ့ကောင်က မင်းဆီမှာ အရှုံးမပေးတော့ဘူးသက်ပိုင်။ မင်းမှတ်ထား... ငါတစ်ခါပဲမင်းစီမှာအရှုံးခံမယ်.. အဲဒီအရှုံးအတွက် အခု ငါမင်းကိုအခုအနိုင်ယူပြမယ်.. မင်းစောင့်ကြည့်နေ.. အဲဒီအိမ်ကနေ..

မင်ထွက်ရလောက်တဲ့အထိ မင်းကို အနိုင်ယူပြမယ် ”



“ အို.. ကြိုက်လိုက်တာ.. အနိုင်ယူကြည့်စမ်းပါ.. ကျွန်တော်ကလည်း အရူံးပေးချင်လွန်းလို့.. ”



“ တောက်... ”



အခြေအနေတွေကတင်းမာနေပြီမို့ ရှိုင်းတစ်ယောက် အမြန်ရောက်လာရတယ်။



“ ကျွန်တော့်ကို အဲဒီအိမ်လိပ်စာပေးပါ.. ”



“ ကျွန်တော်လိုက်ပို့ပေးမယ်လေ... အခုမှပြန်ရောက်တာဆိုတော့ သွားရတာအဆင်ပြေပါ့မလား ”



“ နေပါစေ ရပါတယ်.. လိပ်စာသာပေးပါ..။ ဇွဲထက်ကိုခေါ်ထားတယ်..သူလိုက်ပို့ပေးမှာမို့လို့.. အဆင်ပြေပါတယ်... ”



“ အဲဒါဆို.. ဒီမှာသော့.. ”



သော့ကိုခပ်မြန်မြန်ယူပြီးထွက်သွားတဲ့မောင်ဟာ မှူးကိုရင်ဆိုင်ဖို့မရဲလို့လား.. မရင်ဆိုင်ချင်တာလား။ ထွက်သွားတဲ့မောင့်ကိုကြည့်ရင်း မှူးကပြုံးနေတုန်း..။ ထွက်သွားတဲ့လူကတော့ တစ်ချက်ကလေးတောင် လှည့်မကြည့်ဘူး..။



မောင့်လေစိမ်းတွေက အေးစက်လိုက်တာ..



“ ဟန်ဆောင်ပြုံးရတာ မပင်ပန်းဘူးလားပိုင်လေး.. ”



ရှိုင်းသတိပေးတဲ့အခါ ပြောင်းလဲသွားတဲ့မှူးမျက်နှာလေးက သိပ်ကိုဝမ်းနည်းနေသလို..။



“ မင်းတို့အခြေအနေက.. ”



“ ငါသူ့ကိုအရမ်းချစ်ပေမဲ့ သူကငါတော့ငါ့ကို အရမ်းမုန်းနေတာပါပဲ ”



“ အဲဒီအမုန်းတွေကို ခံနိုင်ရည်ရှိပါ့မလား.. ”



“ ရှိမှာပါ ငါ့အပြစ်တွေအတွက်သူ့ကိုပေးဆပ်ချင်သေးတယ်..။ မောင်သိပ်ပင်ပန်းခဲ့မှာ.. ”



မင်းပင်ပန်းခဲ့တာရောလို့မေးလိုက်ရင် စိတ်ဓာတ်‌ကလေးပိုကျသွားမလား။ မဖြစ်ပါ.. ဆွေးဆွေးမြေ့မြေ့သူ့ပုံစံတွေက စိတ်ကျရောဂါခံစားနေရသလိုမို့..။



“ မင်းမှားတာမှမဟုတ်တာပိုင်လေးရယ်.. ”



“ ငါရှိနေခဲ့လို.. ငါဆိုတဲ့လူ ဖြစ်တည်ခဲ့လို့.. သူအခုလိုဖြစ်ခဲ့တာလေ။ ဒါနဲ့လေ ရှယ်ယာကိစ္စကိုပြောပြပါဦး ”



ရှိုင်းက အကြောင်းစုံကိုပြောပြလိုက်တဲ့အခါ မှူးမအံ့ဩပါ..။ ဦးရဲ့ပေးဆပ်မှုက ငွေကကြေးပဲလေ.. ဒါကရိုးနေပြီဖြစ်တဲ့ ဓာတ်ပြားဟောင်းလေးပါ။ အချစ်တွေတော့ပေးဆပ်ပါရဲ့.. ဒီရင်ထဲမတိုးခဲ့တော့ အခက်သား..။



“ အဲဒါဆို ဘာပဲပြောပြော အခုငါ့ရဲ့ရှယ်ယာတွေက.. ဦးဝယ်တာခဲ့ပေါ့.. ဒါဆို ပိုင်ရှင်အစစ်က.. မောင်ပဲဖြစ်သင့်တာ ”

Dear Loser [Zawgyi & Unicode] (Completed)Where stories live. Discover now