ကံတရား-EP-54

1.1K 95 6
                                    

For Unicode
အပိုင်း-၅၄(ကံတရား)



အိပ်ရာကနိုးတော့မောင့်‌ဘေးမှာမရှိတော့တဲ့မှူးကြောင့် မောင်ရင်ပူရပြီ။ ကြိမ်းသေပေါက်မနေ့ညက မှူးမောင့်ဘေးမှာရှိခဲ့တာပါ..။

ဘယ်ရောက်သွားတာလဲ..။ ထွက်ပြေးသွားတာလား...။ ဟင့်အင်း.. အဲဒီလိုလုပ်လို့မရဘူးလေ.. မောင်မစွန့်လွှတ်နိုင်သေးဘူးလေ..။

အတွေးတွေနဲ့ စိုးရိမ်တကြီး မောင်ပြေးထွက်သွားခဲ့တယ်။ ထမင်းစားခန်းထဲမှာ လှုပ်စိလှုပ်စိနဲ့မနက်စာပြင်နေတဲ့မှူးကိုတွေ့တော့မှ မောင်အသက်ရှူဝခဲ့ရတယ်။ မောင်သိပ်ကြောက်နေတာ။

“ နိုးပြီလား.. မဟုတ်ရင်တောင်ကျွန်တော်က ခဏနေရင်လာနှိုးတော့မှာ... ”

နောက်ကျောကနေပွေ့ဖက်လာတဲ့မောင့်ကို မှူးစကားလေးတွေပြောပေမဲ့ မောင်ကတော့စကားပြန်မလာ။ စက္ကန့်ပိုင်းလေးအတွင်းမှာ မှူးပခုံးပေါ်စိုစွတ်လာတဲ့ မောင့်မျက်ရည်တွေကို မှူးခံစားမိပါတယ်။

“ မောင်.. ဘာဖြစ်နေတာလဲ...”

“ ထွက်သွားပြီထင်နေတာ.. အရမ်းလန့်သွားတာ.. ”

ဝမ်းနည်းနေတဲ့မောင့်ကိုကြည့်ရင်း ကျွန်တော်ပါဝမ်းနည်းတာပေါ့။ အခုဆို အခြေအနေက.. ချစ်နေရင်တောင်ရှေ့ဆက်တိုးလို့မရတဲ့အခြေအနေပါ။ ဒါကိုမောင်ကလက်မခံသေးဘူး.. ကျွန်တော်နဲ့ရှေ့ဆက်ချင်သေးတာ..။ ကျွန်တော်ကိုယ်တိုင်လည်းမောနဲ့မခွဲနိုင်သေးဘူး‌လေ။

“ ကဲ.. ကျွန်တော်ထွက်မပြေးဘူး.. ဟုတ်ပြီလား..။ အခုတော့ရေသွားချိုး.. မျက်နှာလည်းမသစ်ရသေးဘူးမဟုတ်လား.. ပြီးရင်မနက်စာစားရမယ် ”

“ အင်းပါ.. ”

ဝတ္တရားရယ်မပျက်ကွက်ပဲမောင့်အတွက်အဝတ်အစားထုတ်ပေးတဲ့သူ..။ ထုတ်ပေးထားတဲ့ဘောင်းဘီကိုအရင်ဝတ်နေတုန်း မျက်နှာလွှဲထားမှူးဟာ အရှက်အကြောက်သိပ်ကြီးတာပါ။ ဘယ်လောက်ပဲရင်းနှီးခဲ့ပါစေ သူကအခုထိရှက်နေတုန်းပါ။ အင်္ကျီကိုတော့သူကိုယ်တိုင်ဝတ်ပေးမြဲပါ။

အစစအရာရာဂရုစိုက်တဲ့မှူးရဲ့အပြုအမူတွေမှာ မောင်ကအတော်ကိုနေသားကျနေပါပြီ။ ဒီဂရုစိုက်မှုလေးတွေမရှိရင်ရော မောင်နေတတ်ပါ့မလား။

Dear Loser [Zawgyi & Unicode] (Completed)Where stories live. Discover now