စိတ်​မချဘူး​လေ..Ep-48

1.3K 98 0
                                    

For Unicode
အပိုင်း-၄၈(စိတ်မချဘူးလေ)




မိုးရာသီရဲ့အအေးဓာတ်နဲ့အတူနိုးထလာတဲ့မနက်ခင်းတစ်ခု..။ ပုံပျက်နေသောကျွန်တော့်အခန်းမှာ ဖန်ခွက်ကွဲစ‌တွေလည်းရှိနေတယ်။ ခုတင်ပေါ်မှာလည်း သွေးကွက်တချို့ထင်နေတယ်..။ ဘာတွေဖြစ်နေတာလဲ...။

ညကဖြစ်ပျက်ခဲ့သမျှကို မောင်အလူးအလဲပြန်စဉ်းစားနေခဲ့တယ်။ ဖြတ်ခနဲဝင်လာတဲ့အတွေးတွေအထဲ မှူးမျက်ရည်တွေဟာ ထင်ထင်ရှားရှား။ မှူးနာကျင်လို့တွန်းထုတ်နေ‌တဲ့အမူအရာလေးတွေက အတွေးထဲမှာဖြတ်ပြေးသွားတဲ့အခါ မောင့်လက်တွေတုန်ခနဲ...။ မှူးရဲ့ရက်စက်လိုက်တာဆိုတဲ့အသံအဆုံးမှာ မောင့်မျက်နှာကိုလက်နဲ့အုပ်ပြီး ငိုလိုက်မိတယ်။ မောင်ပြောလိုက်တယ်။

တောင်းပန်ပါတယ် မောင့်အသက်လေးရယ်..။

တိုးတိုးကလေးပါပဲ။ မဝံ့ရဲလို့လား.. မာနလေးကြောင့်လား.. အားနာလို့လား..။

မဟုတ်ပါ..။ တောင်းပန်ဖို့တောင် မထိုက်တန်မှန်းမောင်သိခဲ့ရလို့ပါ။

တောင်းပန်မှုလေးအပြီးမှာ မောင်ဟာမှူးငယ်ကိုလိုက်ရှာခဲ့တယ်။ အရိပ်ကလေးတောင်မတွေ့ရတဲ့အခါ မောင့်ရင်မှာမီးတောက်တာပေါ့။

ဖုန်းဆက်မယ်အလုပ်မှာ ဝင်လာတဲ့ဖုန်းက မိုးစက်ဆီက။

" မင်းသက်ပိုင်ကိုဘာတွေလုပ်လိုက်ပြန်ပြီလဲ "

" ငါ.. ငါ.. သူ့ကို အနိုင်ကျင့်မိတယ် "

" အေး.. ကောင်းရော.. မင်းကိုဘာပြောထားလဲ။ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ဆိုတာကို.. မင်းကွာ.. "

မိုးစက်ကဒေါသထွက်ခဲ့တယ်။ မောင့်လည်းကြောက်နေခဲ့တာပါပဲ။

" ငါ.. ငါဆေးမိခဲ့ရတာပါ။ အဲဒါကြောင့်ပါ.. သူ့ကိုဖျက်ဆီးချင်တဲ့ရည်ရွယ်ချက်မျိုး.. မရှိခဲ့ပါဘူး "

" ဘာလဲ.. သဲစုပဲလား။ သူမွှန်တာနဲ့ငါ့သူငယ်ချင်းတစ်ခုခုဖြစ် ငါသတ်မှာနော် "

" ငါတောင်းပန်ပါတယ်.. ငါတကယ်ဖျက်ဆီးချင်ခဲ့တာမဟုတ်ပါဘူးကွာ "

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့မောင်ဟာ ကြွေပြားတွေအပေါ်လည်း ထိုင်မိလိုက်တယ်။ အေးတာတွေချမ်းတာတွေ သူသိမနေပါ။

Dear Loser [Zawgyi & Unicode] (Completed)Where stories live. Discover now